⟢ : Part (7) !?★.ᐟ

1K 31 2
                                    

အတ္တကျော်တစ်ယောက် မိုးမြင့်သာ နှင့် မျက်နှာချင်းမဆိုင်မိသည်မှာ တစ်ပတ်ကျော်ပြီဖြစ်သည်။ ကိုယ်တိုင်ကလည်း အလုပ်နောက်ကျမှပြန်ရောက်တာက တစ်ကြောင်း မိုးမြင့်သာလည်း Semester တစ်ဖြတ် Exam ရှိတာကြောင့် အခန်းထဲအောင်းပြီး စာလုပ်နေသည်ကများသည်။ အတ္တကျော် မိုးမြင့်သာကို လွမ်းသလိုလိုရှိလာသည်။ ပုံမှန်အားဖြင့် ညကိုးနာရီလောက်ဆိုလျှင် ဒေါ်မြကြည်သာအား အ‌ဖော်ပြုရင်း နှစ်ယောက်သား မုန့်လုစားကာ Tv ဇာတ်လမ်းတွဲကြည့်ကြပီး မိုးမြင့်သာနှင့် ခလေးကုလားဆန်စွာ စကားများရန်ဖြစ်နေတတ်သည်။ အခုတော့တစ်‌ယောက်တည်း ဒေါ်မြကြည်သာနံဘေးထိုင်ရင်း Tv ကို ငေးနေမိသော်လည်း တစ်အိမ်တည်း‌ေန‌ေသာမိုးမြင့်သာကို သွားတွေ့ကာ နှောင့်ယှက်ချင်မိသည်။

ဒေါ်မြကြည်သာက 'ခလေးစာမေးပွဲရှိနေတာ သွားမနှောင့်ယှက်နဲ့ ' ဟု တစ်ချက်လွှတ်အမိန့်ထုတ်ထားသောကြောင့် ငြိမ်နေရသည်။ မိုးမြင့်သာကလည်း နေနိုင်လွန်း။ တစ်ချက်လေးမှကို မျက်နှာချင်းလာမတွေ့။ အခန်းသာအောင်းနေသည်။ မိမိအလုပ်သွားချိန်ကျမှသာ အောက်ထပ်သို့ဆင်းလာသည်။ ဒီနေ့တော့ အလုပ်ပြန်ရောက်တာ စောသဖြင့် မိုးမြင့်သာကို သွားနှောင့်ယှက်မည်ဟု ယတိဆုံးဖြတ်ထားသည်။ နာရီကိုကြည့်မိတော့ ည ၁၁ နာရီလောက်ရှိပီဖြစ်သည်။ ဒေါ်‌မြကြည်သာလည်း ခနအကြာကပင် သူ့ကိုနှုတ်ဆက်ကာ အိပ်ယာဝင်သွားသည်။ တံခါးများကို လုံခြုံအောင်စစ်ဆေးပီးနောက် မီးပိတ်လိုက်ပြီး လက်ကို ဘောင်းဘီအိတ်ထဲထိုးထည့်ရင်း အပေါ်ထပ်သို့တက်လာသည်။ တိုက်ဆိုင်စွာပင် အပေါ်ထပ်သို့ခြေလှမ်းနင်းမိသည်နှင့် မိုးမြင့်သာက အခန်းထဲမှထွက်လာသည်။ ရေဗူးကိုချိုင်းကြားထဲညပ်ကာ အခန်းတံခါးပိတ်နေလေရာ အောက်ထပ်တွင်‌ရေ‌သွားယူဖို့ဖြစ်မည်။ ဘာမှမဟုတ်သော အဖြစ်အပျက်လေးဆိုသော်ညားလည်း မိုးမြင့်သာကိုတွေ့လိုက်ရသောကြောင့် အတ္တကျော် ရင်ထဲပျော်သွားသလိုပင်။

"ကိုအတ္တကျော်..မအိပ်သေးပူးလား.."

"မအိပ်သေးလို့..အခု..မင်းရှေ့မှာရပ်နေတာမဟုတ်လား..."

Unexpected SparksWhere stories live. Discover now