အခန်း (၁၅)

116 17 1
                                    

သို့ဖြင့် ညနေစောင်းသို့ရောက်သောအခါ ဝတီတစ်ယောက် မြင်းတင်းကုပ်ရှိရာသို့သွားလေ၏။ ပြီး မြင်းစာကျွေးနေသော ခင်မင်ရင်းနှီးတဲ့မြင်းထိန်းတစ်ယောက်ကိုတွေ့ဆုံပြီးစကားဆိုလိုက်လေသည်။

"ဒီမှာ အသင် အကျွန်ုပ်ရဲ့မြင်းကြီးငွေတောင်ပံ ရော​ကျန်းကျန်းမာမာရှိပါရဲ့လား"

ဝတီကထိုသို့ဆိုလိုက်တော့ ထိုမြင်းထိန်းက ဝတီ့ကိုစကားဆိုလိုက်လေ၏။

" ငွေတောင်ပံက ​ကျန်းကျန်းမာမာရှိပါရဲ့ မိန်းက​လေးရဲ့။ မိန်းက​လေးရော စားဖိုဆောင်မှာအလုပ်လုပ်ရတာအဆင်ပြေပါရဲ့လား"

"အကျွန်ုပ်အဆင်ပြေပါတယ်။ ဒီအတောအတွင်းငွေတောင်ပံကိုစောင့်ရှောက်ပေးလို့အသင့်ကိုကျေးဇူးတင်ပါတယ်။ အကျွန်ုပ်ထပ်ပြီးအသင့်ကိုအကူအညီတစ်ခုတောင်းချင်ပါသေးတယ်"

ဝတီကထိုကဲ့သို့ဆိုလိုက်တော့ ထိုမြင်းထိန်းလည်း လုပ်လက်စအလုပ်ကိုရပ်လိုက်ပြီး ဝတီ့ကိုစကားဆိုလိုက်လေသည်။

"မိန်းက​လေးအလိုရှိရာကိုသာပြောပါလေ။ အကျွန်ုပ်အတတ်နိုင်ဆုံးကူညီပေးပါ့မယ်"

"ဒီလိုပါ အကျွန်ုပ်ရဲ့မြင်းကြီးငွေတောင်ပံကို ဒီနေ့ည အနောက်ဘက်မုဒ်တံခါးဝကနေအပြင်ဘက်ကိုခေတ္တခဏလွှတ်ပေးထားချင်လို့ပါ။ သူ့ကိုအပြင်မှာ နှစ်ရက်လောက်လွတ်လွတ်လပ်လပ်ထားချင်လို့ပါ။ အဲဒါ အသင်ငွေတောင်ပံကိုအပြင်ကိုခေါ်ထုတ်ပေးနိုင်တယ်မလား"

ဝတီကထိုသို့ဆိုလိုက်တော့ ထိုမြင်းထိန်းလည်းဝတီ့ကိုဇဝေဇဝါကြည့်ကာစကားဆိုလိုက်လေသည်။

"အပြင်ကိုလွှတ်ပေးထါးလို့တော့ရပါတယ် မိန်းကလေး။ ဒါပေမဲ့ ငွေတောင်ပံကိုအပြင်မှာလွတ်ထားရင် တစ်ယောက်ယောက်ကဖမ်းခေါ်သွားမှာစိုးရိမ်ရပါတယ်"

"အဲဒီ့ကိစ္စအတွက်အသင်မစိုးရိမ်ပါနှင့်။ အကျွန်ုပ်ရဲ့မြင်းကြီးက သူ့သခင်ဖြစ်တဲ့ အကျွန်ုပ်ကလွှဲရင်ဘယ်သူ့ကိုမှအကပ်မခံတာအသင်လည်းသိပါတယ်။ အကျွန်ုပ်ရဲ့မြင်းကြီးကို အပြင်မှာနှစ်ရက်လောက်လွတ်လွတ်လပ်လပ်နေပေးချင်လို့ပါ။ ဒီမှာ ဒါကအသင့်အတွက်လက်ဆောင်ပါ"

ဒေဝီသခင်မWhere stories live. Discover now