အိပ်နေရင်း တစ်ခုခုက အလွမ်းရဲ့ တင်သားတွေကို နှိပ်နယ်နေသလိုဘဲ ပြီးတော့ တတိတိ အခိုက်ခံနေရသလို ဖြစ်နေတဲ့ ညှပ်ရိုးတွေ ထိုအထိအတွေ့တွေကြောင့် မနေနိုင်တော့ဘဲ အလွမ်း မျက်လုံးဖွင့်ကြည့်တော့အလွမ်းရဲ့ ရင်ဘတ်မှာ ရောက်နေတဲ့ မောင့်ခေါင်း
ဟမ်
"နေ့အလင်းရောင်! "
"အလွမ်းအော်လိုက်မှ မောင်က ခေါင်းမော့လာကာ အလွမ်း တင်မှာရောက်နေတဲ့ မောင့် လက်တွေလည်း ရပ်တန့်သွားသည်။
"နိုးပြီလား "
"မနိုးဘဲ နေမလာ ဖယ် မင်းလက်တွေ "
ဘုရားရေ အရင်က အလွမ်းဘက်က စနမ်းရင်တောင် ရှက်တတ်တဲ့ နေ့အလင်းရောင် ကလေ အလွမ်းကို
ဆက်မတွေးချင်တော့။ ကိုယ့်မှာ မနက်စောစောစီးစီး ချွေးပျံနေရသည်။
"ဖယ်တော့လို့ မင်းကိုယ်ကြီး "
ပြောနေလည်းမရ။ ခေါင်းတစ်ခုလုံးက အလွမ်းရင်ဘတ်ပေါ်ရောက်နေသည်။ လက်တွေကလည်း အလွမ်းရဲ့ ခါးကို ဖက်ထားသေးသည်။
"မဖယ်ပါဘူး အစောကြီးရှိသေးတယ် ပြန်မှေးလိုက်အုံး "
အလွမ်းကိုပြောပြီး မျက်လုံးပြန်မှိတ်ထားကာ လူကို ဖက်ထားတာလည်း မလွှတ်ပေး
ဘုတ်
"အာ့ ရောင်ခြည် "
အလွမ်း အားကုန်သုံးကာ မောင့်ကို ကန်ချလိုက်သည်။ ဒီလိုလာလုပ်လို့ရမလား
မျက်နှာကြီးရှုံ့မဲ့ကာ ပြိုတော့မဲ့ မိုးလို အလွမ်းကို ကြည့်ကာ ပြောလာတဲ့မောင်က ဒေါသ တစ်စိုးတစ်စိတောင် ပါမနေ
"မောင်နာသွားပြီး "
"နည်းသေးတယ် အရင်က နေ့အလင်းရောင်က အခုလို မဟုတ်ပါဘူး "
မောင်က ကုတင်ပေါ် ဖင်ကို ပွတ်ရင်း တင်ပါးလွှဲထိုင်ကာ လက်ထောက်ပြီး အလွမ်းကို စူးစူးရှရှကြည့်သည်။
"အဲ့တော့က မောင်က အသက်မှ မပြည့်သေးတာ ပြီးတော့ ရောင်ခြည့်ကိုလည်း တာဝန်မယူနိုင်သေးဘူးလေ "