"အာ့.....ကျစ်...”
ဂယူလ့်ခေါင်းတစ်ခုလုံးအုံခဲနေကာ သူ့တစ်ကိုယ်လုံးကိုင်ရိုက်ထားသလိုနာကျင်နေလေသည်...သူ့နံဘေးခပ်လှမ်းလှမ်းမှာတော့ အရှင့်သားရဲ့မြင်းရယ် သူ့မြင်းရယ်ရှိနေလေသည်....
ဟိုဝတ်ရုံရှည်နဲ့ကောင်လေး သူ့ကိုမှော်ပညာနဲ့တိုက်ခိုက်သွားတာ...ဒါဆို အမ်းမလော့ကို မှော်ပညာရှင်တွေဝင်လာပြီပေါ့....အမ်းမလော့မှာ မှော်ပညာရှင်မပြောနဲ့ စကားထဲတောင်ထည့်ပြောခွင့်မရှိတာ...အခုဘာလို့ ဒီကောင်လေးက အမ်းမလော့ကိုရောက်လာရတာလဲ....တစ်ယောက်တည်းတော့မဖြစ်နိုင်ဘူး....
သူအဲ့ကောင်လေးကိုသတ်ရမည်...ဒါပေမယ့် သူဘယ်မှာရှာရမှာလဲ...ဒီတောကြီးထဲမှာလား....
ဂယူလ်အများကြီးတွေးမိပြီး ခေါင်းကပိုကိုက်လာသည်...သူဘေးဘီဝဲယာကိုကြည့်နေမိပေမယ့် အမှောင်ထုသာကြီးစိုးနေလေသည်...သူ့ခေါင်းထဲဖျတ်ခနဲဝင်လာတာက.....
"ထယ်ယောင်း....ထယ်ယောင်း....”
မြင်းလည်းရှိသည်...ထယ်ယောင်းကိုတော့ အရိပ်ယောင်ပင်မတွေ့ရ....မဖြစ်ဘူး အရှင့်သားကိုပြောပြရမည်....
ဂယူလ်ထရပ်ကာ မြင်းနှစ်ကောင်ကိုဆွဲလိုက်ရင်း တရွေ့ရွေ့ထွက်ခွာလာခဲ့သည်...ဒီလိုလမ်းလျှောက်သာသွားနေရင် ဘယ်တော့မှ အရှင့်သားဆီရောက်မှာလဲ....
ဂယူလ့်ဆီကို အလင်းတန်းတစ်ခုက တစ်ရွေ့ရွေ့ကပ်လာသည်...သူလက်စွဲတော်ဓားကိုထုတ်ကာ သတိကြီးကြီးထားလိုက်ပြီး စောင့်ကြည့်နေလိုက်သည်...
ထိုအလင်းတန်းက အရှင့်သားရဲ့မြင်းဦးခေါင်းနားမှာ ဝဲလည်ကာ အရှေ့ကနေအရင်ရွေ့သွားလေသည်...အရှင့်သားရဲ့မြင်းမှာ ထိုအလင်းတန်းနောက်လိုက်နေတာကြောင့် ဂယူလ်သူ့မြင်းပေါ်တက်စီးလိုက်ပြီး အရှင့်သားရဲ့မြင်းနောက်လိုက်လာခဲ့တော့သည်....
ထယ်ယောင်း ဂယူလ့်ဆီ လမ်းညွှန်ပေးပြီးနောက် ဂျောင်ကုရှိရာဆီပြန်လာခဲ့သည်....အခုသူတို့ ဆူအင်းမြို့ကထွက်ခွာလာခဲ့ပြီဖြစ်သည်...လမ်းမှာ အိမ်အိုကြီးတစ်လုံးတွေ့တာကြောင့် ဝင်နားကာ ဂယူလ့်ကိုစောင့်နေကြသည်ပင်....
YOU ARE READING
💜Destiny of Royal Prince and the blue eyes magician💜
Fiction Historiquejjk & kth 16.9.2023