Part 2

116 11 0
                                    

အပိုင်း (၂) ပထမဦးဆုံးအကြိမ် တွေ့ဆုံမှု

ရှောင်းကျင်း အလွန်ခံစားရ ခက်နေသည်။ တခြားသူများထံမှ အာရုံစိုက်မှုရခြင်းက သူမ၏တည်ရှိမှုကို ထိုလူများ စတင်သိရှိနေပြီဟု စိတ်ထဲတွင် သံသယရှိနေသည်။

ငါ ဘာလုပ်သင့်လဲ။

ရှောင်းကျင်း၏ တိတ်ဆိတ်နေမှုသည် အမှန်တကယ်တွင် သူမ၏ အပြစ်ရှိသကဲ့သို့ ခံစားချက်ကြောင့် ဖြစ်သည်။

ကပ္ပတိန် လျန်ချင်က ရှောင်းကျင်းသည် ကြွက်သားများ မရှိသည်ကို သူသိသော်ငြား သူ့အနေဖြင့် ကျုံးစစ်လူထံမှ ယူဆောင်လာခဲ့သည့် စိတ်ပိုင်းဆိုင်ရာ ဖိအားများကိုတော့ ခံနိုင်ခြင်း မရှိပေ။ ရှောင်းကျင်း၏ အဝတ်အစားများကို ချွတ်ရန်အတွက် သူ့အား ဖိအားပေးရမည်လော။

သူ့ခေါင်းထက်မှ နေသည် အလွန်ပူလောင်လွန်းသည်ဖြစ်ရာ ချွေးများသည်လည်း သူ့နဖူးထက်မှ မထိန်းနိုင်ဘဲ ကျဆင်းလာသည်။ ထို့ကြောင့် သူသည် ရှောင်းကျင်းဆီသို့ ခြေတစ်လှမ်းတိုးကာ တိုးတိုးလေး ပြောလိုက်၏။

"ရှောင်းကျင်း ဒီအစ်ကိုကြီးကို မျက်နှာသာပေးစမ်းပါ။ မင်းရဲ့အဝတ်တွေကို ချွတ်လိုက်။ ပြီးတော့ ဒီကိစ္စကို အလေးအနက် လုပ်ကြရအောင်"

ရှောင်းကျင်း၏ မျက်နှာသွင်ပြင်က မပြောင်းလဲဘဲ ပုံမှန်အတိုင်း ဒုက္ခရောက်နေသည့်ပုံစံ ပေါက်နေသည်။ ထိုမျက်လုံးများသည် မရှင်းလင်းသော်ငြား လျန်ချင်၏ ခန္ဓာကိုယ်ကို ကြည့်ရန်တော့ အလွန်ခက်ခဲပေသည်။ သူမသည် ခန္ဓာကိုယ်ကို မတ်မတ် နေလိုက်ပြီးနောက် စစ်ရေးပုံစံမျိုးဖြင့် အလေးပြုကာ သူက အသံအက်အက်ဖြင့် ပြောလိုက်၏။

"တကယ်လို့ ငါက အဝတ်မချွတ်ရင်တောင်မှ ငါသူ့ကို သတ်နိုင်တယ်"

သူမအသံ ဆုံးသွားသည်နှင့် လေတစ်ချက်က လျန်ချင်၏မျက်နှာကို တိုးဝှေ့သွားသည်။ သူ၏မျက်လုံးများက အလိုလိုပိတ်သွားပြီး သူ တစ်ဖန်ပြန်ဖွင့်လိုက်ချိန်တွင် သူ၏သူငယ်အိမ်များက အတူတကွ စုစည်းသွားသည်။ ထိုသေးငယ်သည့် ခန္ဓာကိုယ်လေးသည် လေ့ကျင့်ရေး အတားအဆီးများပေါ်တွင် ကျော်ဖြတ်သွားကာ သူမသည် မြေပြင်ညီပေါ်တွင် လျှောက်နေသည့်ပုံတောင် မပေါ်ဘဲ အလွန်ပင် ပျော့ပြောင်းသွယ်လျမှု ရှိနေသည်။

ကျွင်းရယ်က သူ့ဇနီးလေးကို မစနောက်ဘဲ မနေနိုင်ဘူးWhere stories live. Discover now