ကျနော် နတ်ဆိုး နဲ့ တွေ့ခဲ့တယ်....
ပြီးတော့......
*
*
*
*
*
*"ကောင်းပြီလေ မင်းက ဘာလိုချင်တာလဲ..မင်းဖြစ်ချင်တာတွေဖြစ်ခွင့်ပေးမယ်..ဒါပေမဲ့ အပေးယူတော့ရှိတယ်နော်.."
"ဘာအပေးယူလဲ"
"ဟက်...မင်းတို့လူသားတွေက လိုအင်ဆန္ဒတွေတအားများလွန်းတယ်...ငါကအဲ့ဒီလိုအင်ဆန္ဒတွေကိုဖြည့်ဆည်းပေးနိုင်တယ်ဒါပေမဲ့ လောကမှာဘယ်အရာမှ အလကားမရဘူးလေ ဟုတ်တယ်မလား..."
"ခင်ဗျားဘာလိုလိုအကုန်ပေးမယ်..ခင်ဗျားသာကျနော်ဆန္ဒတွေဖြစ်အောင်လုပ်ပေးမယ်ဆိုရင် ဘာတောင်းတောင်းပေးမယ်ဗျာ…."
"ကောင်းပြီလေ...မင်းကဘာလိုချင်တာလဲ.."
"ကျ..နော်....ကျနော်.."
"ဟုတ်ပြီ ငါနားထောင်နေတယ်.."
"ကျနော်..."
"အင်း..."
"ကျနော် မောင့်အတွက် ကလေးလေးတစ်ယောက်မွေးပေးချင်တယ်!!!......"
*
*
*
*
*
*
*
*
*ပြီးတော့...
(ကျနော်နတ်ဆိုးနဲ့အပေးယူလုပ်ခဲ့တယ်)
••••••••••••••••••••••••••••••••••••••••••••••
☕☕☕☕☕☕
သီချင်းသံရေးရေးလေးလွင့်ပျံနေတဲ့ ကော်ဖီဆိုင်လေးတစ်ခုတွင်ဖြစ်သည်။အပြင်မှာမိုးစက်ကလေးတွေကျနေသည်။ဆိုင်ထဲတွင်တော့ ကော်ဖီဝိုင်းလေးတစ်ခုထဲ မျက်နှာချင်းဆိုင်ထိုင်ပြီးတစ်ယောက်နဲ့တစ်ယောက်မျက်နှာလွှဲထားကြတဲ့ လူနှစ်ယောက်လည်းရှိသည်။
၁၀ နှစ်လောက်ဝေးကွာသွားခဲ့ပြီးမှ ပထမဆုံးပြန်တွေ့ကြတဲ့အချိန်မို့လားမသိ..အခြေနေကအေးစက်စက်ဖြစ်နေသည်။
"မတွေ့တာကြာပြီနော်...ဂျောင်ကု.."
ကျနော့်ဘက်က စကားမစမချင်း..တိတ်ဆိတ်နေမဲ့ မောင် ကြောင့် ကျနော့်ဘက်ကပဲအရင်စကားစလိုက်သည်။မျက်နှာလေးမတွေ့ရတဲ့ဒီနှစ်တွေအတွင်းမောင့်ရဲ့အနေထိုင်အပြုမူတွေက အတော်ပြောင်းလဲသွားခဲ့တာပဲ...။
YOU ARE READING
Time Eroding
Fantasyအချိန်တွေ ပြောင်းလဲလာတာနဲ့အမျှ အချို့ချစ်ခြင်းတရားတွေကလည်း အရောင်တွေမှေးမှိန်လာတယ်...