(Unicode)
"ဟယ်လို ကိုကို"
"roadပြောလေ ဘာဖြစ်လို့လဲ ဗိုက်နာလို့လား မွေးတော့မှာလား ကိုယ်လာပြီ အခုလာပြီ"
"ဟိုး ဆရာ ဟိုး ဒီဘက်က ဘာမှမပြောရသေးဘူးလေ အခုမှဗိုက်က 7လပဲရှိသေးတာကို ဘယ်နှဲ့မွေးရမှာလဲ"
"အဲ့တာဆို ဘာဖြစ်လို့လဲ road"
"ရေခဲမုန့်စားချင်လို့"
"ချောင်းဆိုးမယ်လေ"
"မရဘူး မဝယ်လာရင် ပြန်မလာခဲ့နဲ့ ဒါပဲ"
offroad သူ့ဘက်ကသာ ပြောဆိုပြီး ဖုန်းကိုချပြစ်လိုက်သည်၊ daouဘက်ကတော့ တစ်နေ့ထက်တစ်နေ့ ပိုပိုဆိုးလာသည့် offroadကြောင့် ပြုံးရုံကလွဲ ဘာမှမတုံ့ပြန်နိုင်တော့ပါ။
***"ကိုကို ပြန်ရောက်ပြီ roadလေးရေ"
"ဘယ်မှာလဲ ရေခဲမုန့်"
"ပါပါတယ်ဗျာ ဒီယောင်္ကျားအလုပ်မှာပင်ပန်းလာရဲ့လား အရင်မမေးဘူး"
"မုန့်က ပထမ ကိုကိုက ဒုတိယ"
"ဒါဆိုနောက် မုန့်ဝယ်လာမပေးတော့ဘူး ဒီကိုကိုက ဝယ်လည်းပေးရသေးတယ် ဒုတိယနေရာလည်း ရောက်သေးတယ် မတရားဘူး"
"ဒါဆို ကိုကိုကပထမ၊ ဟင့်အင်း မဟုတ်သေးဘူး မုန့်ဝယ်ပေးတဲ့ကိုကိုက ပထမ"
"မုန့်ဝယ်မပေးရင် ပထမ မပေးဘူးဆိုတဲ့သဘောလား ဗိုက်ဗိုက်road"
"အဲ့လိုသဘောပေါ့ ဟီးဟီး"
"ဗိုက်ဗိုက်လေးကနော်"
daou... offroadရဲ့ ဗိုက်လုံးလုံးလေးကို ကိုင်ကာ ပြောလိုက်သည်၊
"ကလေးလေးတွေက ကန်နေတယ်"
"ဟုတ်တယ် ကိုကို့ကလေးတွေက အဆိုးလေးတွေ အရမ်းကန်တာပဲ"
"ကိုယ်နဲ့တူတာတော့မဟုတ်လောက်ဘူး"
"ကျွန်တော်နဲ့တူလို့ ဆိုးတယ်ပြောချင်တာလား"
offroadနှုတ်ခမ်းလေးဆူကာ စိတ်စကောက်ပြပါပြီ၊
"roadဗိုက်ဗိုက်လေးက တအားစိတ်ကောက်တတ်တာပဲကွာ"
"ဒါဆိုချော့ရမယ်လေ"
YOU ARE READING
ကိုယ့်အပိုင် (ongoing)
RomanceDaouOffroad × Myanmar Bl DaouOffroad နှစ်ဦး၏နာမည်မှလွဲ၍ အခြားဇာတ်ကောင်နာမည်များသည် စိတ်ကူးယဉ်ထားခြင်းသာဖြစ်သည် ဤဝတ္ထုတွင် တစ်စုံတစ်ရာ အမှားအယွင်းပါရှိခဲ့လျှင် စာရေးသူ၏အမှားသာဖြစ်သည်