"ရတယ်လေ။ ဘယ်မှာလည်းမင်းတို့ဆိုင်ပိုင်ရှင်"
"ဟုတ်ကဲ့ ညီမနောက်လိုက်ခဲ့ပါနော်"
တော်တော်ကြီးကျယ်သည့်ဆိုင်ပင်ဖြစ်သည်။ ဝန်ထမ်းတွေတောင်ဒီလောက်ဆိုလျှင် ဆိုင်ပိုင်ရှင်က
ဘယ်လောက်တောင် ဖင်ခေါင်းကျယ်နေလိမ့်မည်နည်း။"ဒီထဲဝင်သွားရမှာရှင့်.....လိုက်ခဲ့ပါနော်"
"အွန်း"
တော်တော်ရှည်လျှားသည့်လမ်းပင်
ဆိုင်ပိုင်ရှင်က ဘယ်လောက်ဖင်ခေါင်းကျယ်လည်းဆို လူမမြင်သူမမြင်
ချောင်ကိုမှ သူ့ရုံးခန်းအဖြစ်ထားသည်။"ရောက်ပြီရှင့်...ခဏနော် ညီမအရင်
ဘောစ့်ကိုသွားပြောလိုက်ပါ့မယ်။""အွန်း"
ဝန်ထမ်းမ ကသူ့ကို ထားခဲ့ကာ အခန်းတစ်ခုတည်းသို့ဝင်သွားလေသည်။
ခဏအကြာတွင် ပြန်ထွက်လာပြီး
"ဝင်သွားလိုက်ပါရှင်"
"အွန်း"
သူမ၏အပြောပြီးတာနှင့် နိုင်းအံ့မြတ်မော်တစ်ယောက် ချက်ချင်းအခန်းထဲသို့ဝင်သွာလိုက်သည်။
စဝင်တာနှင့် ရေမွှေးနံ့သင်းသင်းကိုရလေသည်။
"ဘာလို့ အဲဒီစင်ကိုအရမ်းလိုချင်ရတာလဲ"
ကျောခိုင်းကာ ဘောင်းဘီအိတ်ထဲလက်ထည့်ထားသည့် လူက လှည့်မကြည့်ဘဲ
အမေးကိုဆိုလာလေသည်။"ရောင်းဖို့တင်ထားတာလေ တွေ့တော့လိုချင်တာပေါ့ကွ"
"ကျွန်တော်ကအဲဒီစင်ကိုရောင်းဖို့လုပ်ခဲ့တာမဟုတ်ဘူး။"
"ဒီတော့ ဆိုင်က စင်တွေအကုန်မင်းလုပ်ထားတာပေါ့"
"မဟုတ်ဘူး။ ခင်ဗျားလိုချင်နေတဲ့ စင်တစ်ခုထဲကိုကျွန်တော်လုပ်ထားတာ"
"ဒါဆို သိမ်းထားလေ။ ဘာကိစ္စ ဟိုနားထားဒီနားထားလုပ်လဲ"
"အဲစင် ဘယ်လိုဖြစ်ပြီးအရောင်းတန်းကိုရောက်သွားလည်းမသိပေမယ့်
တစ်ကယ် မရောင်းနိုင်ပါဘူး။""ကျယ်တယ်နော်"
"ဘာလဲ"
"ဖင်ခေါင်း"