အရှင့်သားအီရန်မှာ ဂယူလ်ရှင်းပြတာတွေနားထောင်ပြီး မျက်နှာကပကတိတည်ငြိမ်စွာပင်....
"အရှင့်သား...ဘာတွေစဉ်းစားနေတာပါလဲ....ကျွန်တော်မျိုးပြောတာကြားရဲ့လား....”
အီရန်ခေါင်းငြိမ့်လိုက်ပြီး....
"မှော်ပညာရှင်တွေ အမ်းမလော့မှာပေါ်ထွက်လာတာ မရိုးသားဘူး...ပြီးတော့ မင်းတို့မရှိတုန်း ငါ့ကိုမီးရှို့ဖို့ကြိုးစားကြတယ်လေ...”
ဂယူလ် ရင်ထိတ်သွားရသည်....အရှင့်သားကိုယ်ပေါ်အား ဟိုစမ်းဒီစမ်းနဲ့လုပ်လိုက်ပြီး.....
"ဘယ်နားထိခိုက်သွားသေးလဲ....”
အီရန် ဂယူလ့်လက်တွေအား ပုတ်ထုတ်လိုက်ပြီး....
"တော်ရုံပဲ လုပ်.....”
"ကျွန်တော်မျိုးက စိတ်ပူလို့ကို....ဒါ တိုက်ဆိုင်တာမဖြစ်နိုင်ဘူး....…”
"မှန်တယ်...ဘာလို့မှော်ပညာရှင်တွေက ငါ့ကိုသတ်ချင်နေကြတာလဲ...စဉ်းစားမရဘူး....”
ဂယူလ်သက်ပြင်းချလိုက်ရင်း....
"အရှင်းကြီးပဲလေ ကျွန်တော်မျိုး အဖေဆီကနေ ကြားဖူးတယ်...အရှင့်သားမွေးပြီးမကြာဘူး...အရှင်မင်းကြီးက မှော်ပညာရှင်တွေကို အမြစ်ပါမကျန်သုတ်သင်ခဲ့တာ...အဲ့တာကြောင့် အမ်းမလော့ကို ပျက်စီးစေချင်တဲ့သူတွေများနေမှာပဲ...အရှင့်သားက အမ်းမလော့ရဲ့အနာဂတ်လေ...အရှင့်သားကို လုပ်ကြံကြတာ မဆန်းပါဘူး....”
အီရန်လက်ခံပါသည်...ဒါပေမယ့် ကိစ္စတွေက မရိုးရှင်းပေ...ခမည်းတော်ကိုမေးရင်ရော သူ့ကိုမဖုံးကွယ်ဘဲ အရာအားလုံးကိုပြောပြပါ့မလား....ဘာပဲဖြစ်ဖြစ် သူမေးရမည်....
"ဂယူလ်....နန်းတော်ကိုပြန်ရအောင်....”
"ထယ်ယောင်းကရော...သူနေမကောင်းဘူးမဟုတ်လား....”
သူတို့နှစ်ယောက် ထယ်ယောင်းရှိရာအခန်းဆီလျှောက်လာရင်း....
"သူ့ကို နန်းတော်ဆီ ခေါ်လို့မရဘူး...ငါ ကိစ္စတွေကိုရှင်းလင်းအောင်လုပ်ရဦးမယ်....”
"ကျွန်တော်မျိုး ပြင်ဆင်လိုက်ပါ့မယ်....”
ဂယူလ်ထွက်သွားတော့မှ အီရန်အခန်းထဲပြန်ဝင်လာခဲ့သည်...အိပ်ရာထက်မှာ လှဲလျောင်းနေတဲ့ သူ့ရဲ့ကင်မ်...သူ ကင်မ့်ရဲ့ဖြူနုနုလက်လေးအားဆုပ်ကိုင်ကာ...
YOU ARE READING
💜Destiny of Royal Prince and the blue eyes magician💜
Historical Fictionjjk & kth 16.9.2023