Unicode
ရင်နင့်.......
အပိုင်း(၁၀)"နင်မွှေလို့ အလကားနေပိုက်ဆံကုန်ရတယ်"
"မွေးကတည်းက ကောင်းကျိုးကို မပေးဘူး ဂြိုလ်မွှေတဲ့ဟာလေး"
"ဒေါက်.."
"အ.."
ပါးစပ်ကလည်း ဒေါသတကြီးဆို၊ လက်ကလည်း ခေါင်းကို အားနှင့်ခေါက်ချလိုက်သဖြင့် အေးချမ်းမျက်နှာရှုံ့မဲ့သွားသည်။ ခုနကလည်း အရိုက်ခံထားရသေးတော့ ထပ်အလုပ်ခံရသည့်အခါ မျက်ရည်တွေက မထိန်းနိုင်ဘဲ ပေါက်ခနဲ့ လိမ့်ကျလာခဲ့သည်။
"ကျွတ်.. ကျွတ်စ် နာလိုက်တာ"
"ဝက်မ ပြိတ္တာမ..."
အမေကတော့ အေးချမ်းဘာဖြစ်သည်ကို ဂရုမစိုက်ပါ။ ဒေါ်မြဦးနှင့် ရန်ဖြစ်ရာမှရလာသည့်ဒဏ်ရာတွေကို ဆေးထည့်ရင်း ပါးစပ်ကလည်းဆဲဆိုနေသည်။ အမေနှင့် ဒေါ်မြဦးကိစ္စ ရပ်ကွက်ရုံးရောက်သွားသလို အောင်အောင့်အတွက် ဆေးဖိုးလည်း အမေလျော်ပေးပြီး ကြေအေးခဲ့ရသည်ဟုဆိုသည်။ ပိုက်ဆံကုန်တော့ အမေကအေးချမ်းကို ဒေါသတကြီးရိုက်သေးသည်။
ပူပူနွေးနွေးအရိုက်ခံထားရသည့်အခြေအနေ၌ ဒေါသထွက်နေဆဲဖြစ်သည့် အမေ့ရှေ့တွင် ထပ်မနေသင့်မှန်းသိသော်လည်း အေးချမ်း အမေ့အနားတွင်ပဲ ပေကပ်နေလိုက်၏။
ပြီးနောက် အမေ့မျက်နှာလေးကို မရဲတရဲကြည့်ကာ
"အမေ.."
"ဘာလဲ.."
ဖူးယောင်နေသည့်မျက်နှာကိုဆေးလိမ်းနေရာမှ အမေက လေသံမာမာနှင့်ထူးသည်။ ရဲစိတ်တင်းပြီး အေးချမ်း မဝံ့မရဲဆိုလိုက်မိသည့်စကားက..
"အမေ.. ကွမ်းယာဆိုင်က ဦးလေးကြီးနဲ့ မတွေ့ဘဲနေလို့မရဘူးလားဗျာ"
"ဘာပြောတယ်.."
"သူများတွေက အမေ့ကိုရော ကျွန်တော့်ကိုရော အရမ်းပြောကြလို့ပါ ကျွန်တော်ရှက်တယ်"
ထိန်းထားသည့်ကြားမှ အေးချမ်းငိုချမိ၏။ အမေ့အကြည့်က အေးချမ်းထံခပ်စူးစူးရောက်လာပြီး
"ကလေးကကလေးလိုနေစမ်း ကိုယ်နဲ့မဆိုင်တာ ဝင်မပါနဲ့"
"အမေရည်းစားထားတာ ကျွန်တော်နဲ့မဆိုင်ဘဲနေမလား သူများတွေဒီလောက်ပြောဆိုနေကြတာကို..."
YOU ARE READING
ရင်နင့်...
General Fiction"ကိုကိုလို့ မင်းခေါ်လိုက်တာနဲ့ မင်းကငါ့ညီလေးဖြစ်သွားပြီ ငါမင်းကိုတစ်သက်လုံး ကာကွယ်စောင့်ရှောက်ပေးမယ်" သုတဉာဏ် "မင်းညီအနေနဲ့ ချစ်ပေးတာမျိုးမဟုတ်ဘဲ မင်းကောင်လေးတစ်ယောက်လိုချစ်ပေးမဲ့ မေတ္တာမျို...