တိမ်တေဟာ လေလမ်းကြောင်းဦးတည်ရာသာ သွားရသလို ကိုဟာလည်း ဂျန်လို့ခေါ်တဲ့ လမ်းကြောင်းလေးကိုသာဦးတည်နေမိသည်.....
"သတိရတယ်ဂျန်"
________________________________
သူမတို့ခု Paris ခရီးစဉ်ဟာ ၂ရက်ကုန်သွားပြီလေ မျှော်စဉ်တေ ပန်းချီကားထားရာ နေရာတေ ပန်းခြံတေ စုံနေအောင်ခေါ်သွားထား၍ မနက်ဖြန် Franceမြို့၏ Lavender fieldကိုသွားလည်ရမှာဖြစ်သည် ဒီနေ့လည်း သူမတို့အား နားရက်ပေးခဲ့သည်...
လီဆာဟာဂျန်နှင်ခင်သင့်သလောက်ခင်နေပါသည် သူမလေးဟာ လွတ်လပ်သည့် လိပ်ပြာလေးလိုပင် အမြဲပေါ့ပါးကာ လှပနေတတ်သည်
သူမတို့ဟာ ကိုရီးယား အဖွဲ့ကဖြစ်သဖြင့် လီဆာနှင့်သူမဟာ အဖွဲ့မတူဘဲ ကွဲသွားရသည်လေ
သူမနှင့်ဟာ ညချိန်သာ တွေ့ရဖို့များခဲ့သည်လေ သို့ပေမဲ့လည်း တစ်နေကုန် ပင်ပန်းထားသဖြင့် ညရောက်လျှင် မောကာ အိပ်ပျော်သွားတတ်၏ လီဆာဟာ အားတက်သရော ထိုင်စောင့်ပင်မဲ့လည်း သူမဟာ ခနသာပြောကာ အိပ်သွားပြန်သည်လေ...
ယနေ့တော့ အကုန်စုကာ bus ဖြင့်သွားကြရမည်ဖြစ်သည်လေ busဟာ အမေရိကန်ထွက် 2 ထပ်busပင်ဖြစ်လေသည်ထို့ကြောင့် အဆင်ပြေသလိုထိုင်ရန်သာဖြစ်ကြသည် ထို့ကြောင့် လီဆာ ဦးစွာပင်ကားပေါ်တက်၍ နေရာဦးထားလေသည် ဆောင်းလေ အေးအေးလေးဖြင့် ဖြစ်နေသော busတွင် သူမဟာ အပေါ်တတ်တွင်သာ ထိုင်ကြလေသည် အပေါ်ထပ်၏ ညာထောင့်တွင် သူမဟာ လမ်းဘက်တွင်ထိုင်ကာ သူမဟာ ပြတင်းပေါက်ဘက်ကြည့်လိုက်ပုံရိုက်လိုက်သူမအား စကားတေများလိုက်ဖြင့်
အချိန်ကုန်လေသည်
လီဆာ သူမကမပြောသော်လည်း ဂျန်စကားတေအကုန်အား လုံးဝနားထောင်ရ မုန့်ယူပေးရ တီရူးထုပ်ပေးရ နှင့်ဗျာများနေသည် တစ်ယောက်ထဲထွက်လာသော ခရီးဟာ ခုချိန်တွင်တော့ ကလေးအမေဖြစ်ရသည်လေ...
'Lily နင်သိလား ငါကလေ lavender ပန်းနံ့ကို သိပ်ကြိုက်တာ ဒါပေမဲ့ ကြာကြာရှူလို့မရဘူး မောလာရော ဟီး'
'အော် ဂျန်က ပြင်းပြင်းရှူလို့နေမယ် အမှုန်တေက နားခေါင်းထဲဝင်တော့လေ'
ထို အချိန်က ဂျန့်စကားတေသာ သူမနားလည်ခဲ့ရင်ခုဒီလိုဖြစ်ပါ့မလား....
________________________________
တကယ် ကြခု သူမတို့ လယ်ကွင်းတေ စိုက်ခင်းတေဘက်ရောက်ကြလေသည် မနက် ၈လောက်က ထွက်ရာ ခု ညနေနီးပါးမှ ရောက်လေတော့သည် သူမတို့ဟာ ရောက်ရောက် ခြင်းဟိုတယ်သို့ဝင်ရလေသည်...
ခုမှသူမကြည့်မိသည် သူမတို့ ဟော်တယ်ဟာ lavender ပန်းခင်းကြီးရှေ့တွင်ရှိနေကာ မြို့ထဲက ဟော်တယ်ပုံမဟုတ်ဘဲ ရိုးရိုးအိမ်လေးတေသာ ဖြစ်ကြသည် ခုတော့ ဆရာမဟာ ကြိုက်တဲ့သူနဲ့နေနိုင်သည်တဲ့
'Lily ငါနင်နဲ့နေလို့ရလားဟင်'
'အာ...ရ..ရပါတယ်'
ပထမ ကအသိသို့ပင်နေသော်လည်း ခုချိန်သူမဟာ မတူညီတဲ့ ခံစားချက်တေရှိလာ၍လားမသိထို အိမ်ပုလေးတေဟာ သူမအား ယူကာစ။ င်မယားတေအိမ်ထောင်လို ရင်ဖိုစေပြန်သည်....
'ကျေးဇူးပါနော် Lily'
အထုပ်တေဖြေပြီးချိန်တွင် France နိုင်ငံ၏ ထူးခြားမှု အတိုင်း ည၇ပင်ထိုးနေသော်လည်း ကောင်းကင်ဟာ မမှောင်သေးပေ နဲနဲသာ အုံ့မှိုင်းနေသည်
လီဆာဟာ ရေချိုးခေါင်းလျှော်ကာ ကော်ဖီမှာ၍ အိမ်ပုလေးရှေ့ရှိ ကွပ်ပစ်တွင် ထိုင်ကာ lavender ပန်းလေး၏ အနံ့တို့ကိုရှူရှိုက်ကာ နေမင်းဟာ lavender ကွင်း၏ နောက်ဆုံးသို့ဝင်၍ ရောင်နီဖျာနေသည်ကို စိုက်ကြည့်နေမိသည်
'Lily ငါလည်း လာထိုင်မယ်နော်'
'အင်း..ရတယ် လာလာဂျန် တစ်ခုခုမှာပေးရမလား'
ဂျန်ဟာ ဂါဝန်ပန်းရောင် အနုလေးအားဝတ်ကာ သူမအားကြည့်၍
'Lily နက်အထီးကျန်ဖူးလားဟင်'
'ဂျန် ဘာ...ဘာလို့လည်းဟင်'
ဂျန်ဆိုသော တိမ်ဆိုင်လေးဟာ သူမဘေးတွင်ထိုင်ကာ ပန်းခင်းကြီးကိုကြည့်၍ အထီးကျန်နေသည့် အရိပ်အရောင်ကို မြင်ရလေသည်
အထီးကျန်ဖူးလားတဲ့...ဟက်...ဂျန်ရယ် မင်းမို့မေးရက်တယ်...ငယ်စဉ်ထဲက ခုထိ အထီးကျန်မှုတေ ထိုးကြိတ်မှုတေ အပြစ်တင်ဝေဖန်မှုတေကြား ကြီးပြင်းလာသောကြောင့် သူမအတွက် အထီးကျန်ခြင်းတေဟာ သူငယ်ချင်းကဲ့သို့ပင်
'မဟုတ်ပါဘူး မေးကြည့်တာ...ဂျန်ဘဲ အမြဲပေါက်ပေါက်ဖောက်နေတာလေ Lily က ဘာမှ မပြောလို့ပါ'
'အော်မဟုတ်ပါဘူးဂျန်ရယ် Lily က အမြဲအလိုဘဲ သိပ်စကားမပြောတတ်လို့ပါ'
ဂျန်အားသူမပြောခဲ့ သော်လည်း သူမဘဝတွင်သေချာ သတိရ၍ မှတ်သားရမည့်ပျော်ရွှင်မှုအမှတ်တရဟာ မရှိခဲ့ပေဘအမြဲ ဝမ်းနည်းမှုတေ မိဘကပင် ပြစ်ထားသော ကလေးဖြစ်သည့်အလျောက် သူမဟာ ချစ်ခြင်းမေတ္တာ နွေးထွေးမှုတေနဲ့ ဝေးကွာနေရသည် ဂျန်ကိုတော့မပြောပြချင်ပါလေ ဂျန်ဟာ သူမလို လူမဟုတ်ဘူးမလား
ထိုနေ့ကတော့ ပထမဆုံးတစ်ခါပေါ့ ပထမဆုံးတစ်ခါ Jisooရဲ့ ဆေးစာအုပ်တေ သူမအခန်းက ဆေးရုံနံ့တေသူမရဲ့ သနားတဲ့အကြည့်တေအစား မွှေးကြူနေသော ပန်းခင်းကြီးရှေ့တွင် တောင်ပနေသော ကြယ်ပွင့်ပုံ မျက်လုံးလက်လက်လေးရှိနေသော ဘာမှပတ်သတ်မှုမရှိသည့် တိမ်ဆိုင်လေးအားသူမဖြစ်ချင်သည့် အိမ်မက်လေးအားပြောပြခဲ့သည်လေ.....
"ပထမဆုံးပါဘဲ...ကျွန်မဘဝရဲ့ပထမဆုံးသောသူလေးပင်"
ထိုညနေဆည်းဆာဟာ သူမဘဝ၏ အမှတ်တရတေထဲက အမှတ်တရတစ်ခုပင်ဖြစ်ခဲ့လေသည်...
________________________________
ညစာစားတော့လည်း ဂျန်ဟာ အသီးအရွက်တေသာ အများကြီးစားပြီး အသားကိုတို့ပင်မတို့ပေ
'ဂျန် အသားမစားဘူးလား'
'အာ..ဟီး...သိပ်မကြိုက်လို့ပါနော်'
သူမသတိထားမိသည်က ဂျန်စားနေသည်မှာ လုံးဝပင် အာဟာရမရနိုင် ထို့ကြောင့် စားသောက်အပြီး စားဖိုဆောင်သွားကာ ချောကလတ်နွားနို့ နွေးနွေးလေး တောင်းလာလေသည် ညနေက ဂျန်ရေချိုးထားတယ်မလား ညစာကလည်းသိပ်မစားခဲ့ အိုက်ကြားထဲ ပင်ပန်းတာတေဟာလည်းအသေဘဲမို့ သူမယူခဲ့ခြင်းသာ လမ်းလျှောက်ရင်း ကိုယ့်ကိုကိုယ်ပင် ပြုံးမိလာ၏ ဘဝမှာ သူမအားဤသို့မည်သူမျှဂရုမပြုခဲ့ ထို့ကြောင့်သူမဟာလည်း တစ်ယောက်ယောက်အားပြုမည်ဆိုတာဟာ မဖြစ်နိုင်ပေဟုထင်မိရာ အခုတော့ အလွဲလွဲ အချော်ချော်ပင်မလား...
'မင်းက ကိုယ့်အတွက်မရှိမဖြစ်တဲ့ဆေးလေးပဲ ဂျန်'
သူမအဝင်ဂျန်ဟာ တစ်ခုခုအား အိတ်ထဲထိုးထည့်နေခဲ့လေသည်
'အယ်...Lily ဘယ်တေသွားနေတာလည်း'
'ဒီမှာ ဂျန့်အတွက် ချောကလတ်နွားနို့လေး သောက်လိုက်ပါလား'
'တကယ်လား ဂျန်က အရမ်းကြိုက်တာ အိမ်မှာဆိုလေ.....'
သူမပြောသမျှအား နားထောင်ရပြန်သည်
တိမ်ဆိုင်လေးဟာ ပြောလိုက် ရယ်လိုက် မှုတ်လိုက် မြည်းလိုက်နဲ့ ရှုတ်နေသည် တစ်နေ့တစ်မျိုးမရိုးရပေ
'Lily သိလား ဂျန်ကလေ idolတေဆို သိပ်ရူးတာဘဲ'
'ဟုတ်လား ဂျန်က ဘယ်သူ့ကြိုက်တာလည်း'
'Roséလေ ဂျန့်အကြိုက်ဆုံးအဆိုတော် သူမကလေ ဖြူနေတဲ့အသားအရည်လေးရယ် ရွှေအိုရောင်ဆံနွယ်ရယ်နဲ့ သိပ်ချောတာဘဲ ဂျန့်အကြိုက်ဆုံးက သူအပါးလေးတေ ဖောင်းနေရော'
လီဆာဟာ ဘာကြောင့်မန်းမသိအူတေတိုလာကာ ထရန်ပြင်ရသည်...
'ဟင် Lily အိပ်တော့မလို့လား'
'အင်း ပင်ပန်းလာလို့'
'အော် ဒါဆို Good Night နော် ဂျန်ကတော့ အိပ်ချင်သေးဘူး'
'အင်းပါ ဂျန်'
လီဆာဟာတကယ်ကြ စိတ်ကောက်နေခြင်းသာ သူမလှဲပြီးခနအကြာ တံခါးဖွင့်သံကြားလိုက်ရလေသည် ပြီးနောက်အခန်းမီးပိတ်ကာ သူမလေးဟာ ထွက်သွားလေသည်...
တစ်မိနစ်...နှစ်မိနစ် သူမ စက္ကန့်တံကို စိုက်ကြည့်ကာ နေရင်းမှ မိနစ်၃၀လောက်ကြာပြီးတွင် ကုန်းရုန်းထကာ ထွက်လာတော့ အပြင်က ကွပ်ပျစ်တွင် ထိုင်ရပ်ပင် တိုင်ကိုမှီကာ အိပ်ပျော်နေလေသည်
တိမ်ဆိုင်လေးဟာ ပေါ့ပါးနေသဖြင့်ချီမကာ အခန်းထဲ သူမ၁ယောက်အိပ်ရာတွင်တင်ပေး စောင်ခြံုပေးကာ အခန်းအနွေးဆက်အားမြှင့်ကာ သုမလည်းလှဲရပြန်သည်
ပင်ပန်းနေပြီမလား အရင်ကတော့စိတ်ပင်ပန်းပင်မဲ့ ခုက စိတ်ပျေည်ကာ လူဟာနှုန်းချိလာသည်
"ငါဖျားချင်နေပြီလား"
ကိုယ့်ဘာသာ စဉ်းစားကာ ထားပါလေ အမြဲဖျားလည်း ခုလိုဒူပေဒဏ်ပေခံခဲ့ရတာဘဲမလား...
သူမလေးအားကြ ့်တော့ အိပ်မောပင်ကြနေလေပြီ သူမလည်း တစ်ဖတ်လှည့်ကာ အသက်ကိုအဝတစ်ချက်ရှူကာ မျက်စိတို့အား မှိတ်ချလိုက်လေသည်...
"မနက်ဖြန်လည်း နိုးထခွင့်ပေးပါ"
ဒါဟာ အမြဲမဆုတောင်းခဲ့သိဆုတောင်းမှုပင်ဂျန်ငယ် ကိုဟာ မင်းကြောင့်...မင်းကြောင့်သာလျှင် အသက်ရှင်ချင်နေတာပါ......
ဆက်ရန်
#vannie
YOU ARE READING
Love across time
Cerita PendekJenလိုခေါ်တဲ့ လေဆိုင်ငယ်လေးဟာ ကိုယ့်ဘဝသို့ မပြောမဆိုရောက်လာကာ ဝေးကွာသွားခဲ့ပြန်တယ်... 'ကိုယ်မင်းကိုချစ်တယ် ဂျန်' ကြိုပြောထားပါမယ် SAD STORY ပါ