Chapter 161
Chapter 161October 24, 2023
(ပြင်းထန်သောတိုက်ပွဲ)တာဇာကြယ်ပွင့်နယ်မြေရှိ အမျိုးသမီးများ၏ တိုက်ခိုက်ရေးစွမ်းအားသည် တူညီသောအဆင့်ရှိ အမျိုးသားများထက် ပိုမဆိုးသော်လည်း သူမတို့၏ စိတ်စွမ်းအားကို လမ်းညွှန်ပြသရန် လိုက်ဖက်သော အရန်ကုထုံးဆရာတစ်ယောက်မှ မရှိပေ။ အရန်ဆေးဝါးများကလည်း ရှားပါးပြီး ဖြည့်စွက်အစားအစာဆိုသည်မှာလည်း တစ်ခါမှ မစားဖူးသဖြင့် စိတ်ဓာတ်ကျရူးသွပ်ရန် လွယ်ကူသည်။ကုသမှုခံယူလျှင်တောင် မထူးခြားပေ။သို့သော်၊သူတို့သည် သူတို့၏ တိုက်ခိုက်ရေးစွမ်းအားကို မြှင့်တင်ရန်အတွက် စိတ်ပိုင်းဆိုင်ရာ ရူးသွပ်မှုအခြေအနေကို အသုံးပြုရာတွင် အလွန်ကောင်းမွန်သည်။ ရန်သူကို သူတို့ တိုက်ခိုက်နေချိန်မှာပင် တချိန်တည်းသတ်ပစ်နိုင်စွမ်းရှိ၏။
သို့သော်လည်း လင်းရွှမ် နှင့် လင်းယောင်ယောင် တို့သည် S အဆင့် စိတ်စွမ်းအားရှိသော တာဇာမိန်းမများအတွက် အလွန်ကြောက်စရာကောင်းသည့် စိတ်စွမ်းအားပေါင်းစပ်တိုက်ခိုက်မှု၏ အထွတ်အထိပ်တွင် ရှိနေကြသည်။ သူတို့နှစ်ယောက်က ကိုယ်လုပ်တော်များကို စိတ်အနှောင့်အယှက်ဖြစ်ရုံသာမက စိတ်ပိုင်းဆိုင်ရာ နယ်ပယ်ကိုလည်း တိုက်ရိုက်ထိခိုက်စေနိုင်သည်။
တာဇာကြယ်ပွင့်မဟာမိတ်တွင် စိတ်စွမ်းအားများ ဆုံးရှုံးသွားသော အမျိုးသမီးများ အထူးသဖြင့် မက်ရှဲ ၏ အမျိုးသမီးများတွင် စွမ်းအင်ဖြည့်ရန် အခန်းကဏ္ဍတစ်ခုသာ ရှိသည်။တာဇာကြယ်ပွင့်မဟာမိတ်ရှိ တာဇာများသည် သေခြင်းကို မကြောက်ကြသော်လည်း မသန်စွမ်းဖြစ်သွားခြင်းနှင့် ဘီလူးများကို မွေးမြူရန်အတွက် အစာအာဟာရအဖြစ် အသက်ရှင်လျက် စေလွှတ်ခံရခြင်းကို ပိုကြောက်ကြသည်။သူမတို့၏ S-အဆင့် အရည်အချင်းများအပြင်၊ သူတို့အားလုံးမှာ သဘာဝအတိုင်း ပေါက်ဖွားလာသည့် တာဇာတွေဖြစ်သဖြင့် သူတို့ထဲက အများစုကို နောက်ကွယ်တွင် လူသားအနည်းစုက ထိန်းချုပ်ခြင်းခံကြရသည်။သူတို့နောက်ကွယ်က ပံ့ပိုးကူညီသူများမှာလည်း ရာထူးအလိုက်အစုံရှိကြသည်။သို့ဖြစ်၍၊မက်ရှဲကို ဂရုစိုက်စရာမလိုတာကြောင့် အသက်သေပေးချင်စိတ်မရှိကြချေ။
YOU ARE READING
ကိုကို့နှင့်သူ့ဘေဘီအစားသရဲလေး
Romance💥New Normal အချက်အပြုတ် novel တောင်းနေတဲ့ချစ်လေးတို့တွက်လာပါပြီရှင် ... Title- Futuristic Gourmet's Spoiled Marriage Description ဖုဘလော့ဂါလေး လင်းယောင်ယောင် သည် "ဒဏ္ဍာရီထဲမှ အရှင်သခင်" ဆိုသည့်ဝတ္ထုတွင် သူမနှင့် နာမည်တူနေသည့် အမျိုးသမီး ဇာတ်ပို့ဇ...