chapter 163

33 3 0
                                    

Chapter 163
Chapter 163October 24, 2023
(စစ်ပွဲ၏အဆုံး)

168၊ လင်းရွှမ် နှင့် မက်ရှဲ တို့ကြားက တိုက်ပွဲသည် နောက်တစ်နေ့နံနက် နေထွက်ခါနီးအထိ တစ်ညလုံး ကြာမြင့်ခဲ့သည်။

မက်ရှဲ နှင့် သူ၏ S-အတန်းစား တပ်ဖွဲ့များသည် အလွန်အားကောင်းသော်လည်း လင်းရွှမ် နှင့်168မှာ ကောင်းကင်ကိုပင် အံတုနိုင်သည့် တိုက်ခိုက်ရေးစွမ်းအား ရှိကြသည်။

ထို့ကြောင့်၊ အချိန်အတော်ကြာ တိုက်ပွဲဝင်ပြီးနောက်၊ မက်ရှဲ သည် တဖြည်းဖြည်း အခြေအနေမဟန်သည့် လက္ခဏာများ ပြလာသည်။ မြေပြင်ပေါ်ရှိ SS အဆင့် ဇာ့ခ်ထောင်ပေါင်းများစွာနှင့် S-အဆင့် တာဇာထောင်ပေါင်းများစွာတို့သည်လည်း သေဆုံးခြင်းနှင့် ဒဏ်ရာအများအပြားခံစားခဲ့ရသည်။သွေးများသည် မြစ်ချောင်းတစ်ခုလို နေရာတိုင်းတွင် စီးဆင်းနေသော်လည်း ဆက်လက်ပြီး အဆုံးမရှိစွာ တိုက်ပွဲဖြစ်ဆဲ၊သေနေကြဆဲဖြစ်၏။

မက်ရှဲ မသေချင်သေးပေ။ သူ ထွက်ပြေးဖို့ တွေးထားသော်လည်း 168ကို အတော်ထိတ်လန့်မိသည်။

သူသည် အလွန်အမင်း စိတ်ဓာတ်ကျပြီး သူ ဤနေရာတွင် အဆုံးသတ်ရမည်ဟုလည်း သိသည်။

'မဟုတ်ဘူး....ဒီလို မဖြစ်သင့်ဘူး'

အိပ်မက်ထဲတွင် သူသည် အရှင်သခင်အင်ပါယာကို အောင်မြင်စွာ သိမ်းပိုက်နိုင်သည်ဟု ရှင်းရှင်းလင်းလင်း သိလိုက်ရသည်။ အလွန်ထုံထိုင်းသော သူ့ မအေတူ၊ဖအေကွဲ ညီဖြစ်သူကို သတ်ပြီးနောက်၊ အရှင်သခင် အင်ပါယာသည် သူ့အပိုင်ဖြစ်လာတော့မည်။

လက်တွေ့ဘဝက ဘာလို့ မတူနေတာလဲ…

မက်ရှဲ ကို ဘယ်သူမှ အဖြေမပေးနိုင်သလို၊သူလည်း ဆက်တွေးချင်စိတ်မရှိတော့ဘဲ  လင်းရွှမ် နှင့် 168 တို့၏ တိုက်ခိုက်မှုကြောင့် မောပန်းနွမ်းနယ်စွာ ပြာယာခတ်နေခဲ့သည်။ သူ၏ စိတ်ပိုင်းဆိုင်ရာ နယ်ပယ်သည်လည်း စိတ်ကြွရူးသွပ်သည့် အခြေအနေသို့ စတင်ရောက်ရှိနေပြီဖြစ်သည်။သူ့မျက်လုံးထဲတွင် နက်ရှိုင်းသောမနာလိုမှုများ ထွက်ပေါ်လာသည်။ သူသည် သေခြင်းတရားကို မရှောင်နိုင်တော့သည်ဖြစ်၍ အားလုံး အတူတူသေကြဖို့တွေးလိုက်သည်။သူ ငရဲကို သွားရလျှင်တောင် လင်းရွှမ် ၏ အကြံအစည်အားလုံးကို ဖျက်ဆီးပစ်မှာဖြစ်သည်။

ကိုကို့နှင့်သူ့ဘေဘီအစားသရဲလေးWhere stories live. Discover now