Chapter (2)
သံစဉ်ချိုဟာ ထူးဆန်းတဲ့အပြာရောင်ကလွဲရင်ကျန်တာဘာမှမရှိတဲ့ဗလာနယ်ကြီးကနေနိုးထလာခဲ့တယ်။ သံစဉ်က "ငါအိမ်မက် ..အိမ်မက် မက်နေတာပါဟာ ...နှိုးထတော့လေ ..။ အကြိမ်ပေါင်းများစွာသတိပေးနေပေမဲ့ တစ်ကယ်လက်တွေ့လိုခံစားချက်မျိုးဝင်လာတဲ့အခါမှာတော့ သူမဟာ ကြောက်ဒူးတုန်ကာ မျက်ရည်များစွာဖြင့် "ငါသေသွားပီလား ဒါ..ဒါဟာကောင်းကင်ဘုံတစ်ခုလားဟင်ဆိုတဲ့ "သူမရဲ့မေးခွန်းကို ဘယ်ကမှန်းမသိလာတဲ့ ထူးဆန်းတဲ့ မိန်းမငယ်အသံလေးက " မင်းရဲ့အိမ်ကိုပြန်ချင်ရင်တော့ တာဝန်တွေကိုအရင်ပြီးအောင်ထမ်းဆောင်ရမယ် မဟုတ်ရင်မင်းဘယ်တော့မှပြန်ထွက်နိုင်မှာမဟုတ်ဘူး ပြီးတော့ မင်းနာမည်ကအခုကစပြီး သံစဉ်ချိုမဟုတ်တော့ဘူး "မင်းမှာ နွယ်ပင်တွေနဲ့ သဘာဝကပေးအပ်တဲ့ စွမ်းအင်တွေပိုင်ဆိုင်ထားတဲ့ "rose" ဆိုတဲ့ကောင်မလေးရဲ့ character နေရာကနေ တာဝန်ထမ်းဆောင်ရမယ်ဟူသော အသံကို သံစဉ်က "ကျွန်မသေသွားပြီးလားပြီးတော့ဒီနာမည်ကိုကျွန်မ ............ ကျွန်မ The adventurers from endless blue mountain ဂိမ်းထဲရောက်သွားတာလား။ သူမရဲ့ သွေးပျက်ခြောက်ခြားဖွယ် အမူအရာများနှင့်အတူ မျက်ရည်စက်များက ရုတ်တရက် ။
သူမရဲ့နားထဲတွင် ချိုသာပြီး အမြဲကြားချင်နေမိသော " သမီးထတော့လေ အမေ မနက်စာပြင်ပြီးပြီးကျောင်းသွားရတော့မယ် Rose ရေဟုပြောသောအသံကိုသူမ၏ အတွေးထဲတွင် အမေ .အမေ များလား ဟူသော အတွေးများက စိုးမိုးသွားပြီးကောက်ခနဲထလိုက်ေသာအခါကုတင်ဘေးက မှန်ကနေမြင်လိုက်ရသောသူမအသွင်အပြင်ကြောင့်အံဩသွားခဲ့သည်
။ဆံပင်အနီရောင် မျက်လုံးအပြာရောင် လူငယ်အရွယ် ခန္ဓာကိုယ်နှင့် နှင်းသကဲ့သိုဖြူဖွေးလှသော အသားအရောင် မျက်လုံးအောက် ထင်ရှားသော မှဲ့ ။ ငါငါ ဘယ်သူလဲဆိုတဲ့မေးခွန်းကသူမခေါင်းထဲမှာ အဖန်တလဲလဲ မေးမြန်းနေမိတယ် ။ သူမဘေးပတ်ဝန်းကျင်ကိုကြည့်လိုက်မိတော့ ငါရဲ့ အရင်အိမ်လေးလား ။ငါနေခဲ့ဖူးတဲ့ အခန်းလေးဘဲ ။ဟုတ်ပါတယ်။သူမဘယ်တော့မှမမေ့ခဲ့ပါဘူး ။နွေးထွေးတဲ့အငွေ့အသက်တွေနဲ့ပြည့်နေတဲ့ဒီအခန်းလေး ။ ပြတင်းပေါက်ဘေးက စာကြည့်ခုံ ၊သူမအရမ်းလိုချင်လိုပူဆာခဲ့တဲ့ ဝက်ဝံအရုပ်လေး ၊သူမရဲ့ဒုတိယအိမ်လို့တင်စားထားတဲ့ သစ်သားကုတင်ထိုအရာများကိုငေးမောရင်း မျက်ရည်စက်များစွာဖြင့် အမေ အမေ ဆိုသော rose ခေါ် သံစဉ်ပေါ့ ။သူမဟာ အိမ်အောက်ထပ်ကို ချော်မလဲရုံတမယ် ပြေးဆင်းကာ သွားရင်း လှေကားလေးဘေးက ထမင်းစားပွဲလေးမှာသူကိုငေးရင်းကြည့်နေတဲ့ မိသားစုကိုတွေ့လိုက်တဲ့အခါမှာ ။"ငါ..ငါ့မိသားစုလေး ..အမေ အဖေ မောင်လေး ဒိုကီလေး မျက်ရည်များစွာဖြင် ပြေးလွှာကာ ထမင်းစားပွဲဝိုင်းကိုသွားတဲ့လမ်းမှာတင် ခြေခေါက်ခါချော်လဲသွားခဲ့တယ်။ ထိုအချိန် အမေက "သမီးရယ်အော်ဘယ်လိုဖြစ်ရတာ ဖြည်းဖြည်းလာလဲရပါတယ် အမေတို့ကစောင့်မှာပေါ့သမီးလေးကို"ဟူသောအသံကို သူမဟာ မျက်ရည်များစွာဖြင့်" အမေ အမေဘာမှမဖြစ်ဘူးမလားလို့"ဆိုသော မေးခွန်းလေးကို မျက်ရည်များစွာဖြင့်မေးသောအခါ အမေက
"သမီးရယ် အမေဘာဖြစ်ရမှာလဲ သမီးအဆင်ကောပြေရဲ့လား "
ဆိုသော မေးခွန်းကို သံစဉ်ကတော့ ခေါင်းငြိမ် ရုံကလွဲရင်ဘာမှပြန်မပြောနိုင်ရှာသေးပါဘူး။ထိုအချိန် ဒိုကီလေးက သူကိုလာလျက်တော့ဟုတ်ပါတယ် ဒိုကီကသူမရဲ့ခွေးလေးပါ ။သူရဲ့ ဒုတိယ မောင်လေးဆိုလဲမမှားဘူးပေါ့။ ထိုအချိန် အဖေက
"ကဲ့သမီးလာ ထမင်းလာစားလို့ဟူသော အသံကို သံစဉ်သည် မျက်ရည်ကိုသုတ်ကာ ဒါပေါ့စားရမှာ ပေါ့ ဆိုသောဝမ်းနည်းနေသော အသံလေးဖြင့် ထမင်းဝိုင်းတွင်ထိုင်လိုက်သော်လည်း သူမ၏အတွေးထဲတွင် ဂိမ်းထဲမရောက်ခင် မိသားစုဆုံးရှုံးလိုက်ရတဲ့သူမဟာ မှောင်မိုက်နေတဲ့ထိုင်ခုံတစ်လုံး ပန်းကန်တစ်ချပ်ဘဲရှိတဲ့ထမင်းစားဝိုင်းပေါ်မှာတစ်ယောက်ထဲအထီးကျန်စွာစားခဲ့ပုံကိုပြန်မြင်ယောင်ရင် ဒီအပိုင်းလေးဟာ ဒီလောက်နဲ့ဘဲ ပြီးဆုံးသွားပါတယ် ။"နောက်အပိုင်းတွေလာအုံးမှာမို့ ဆက်ဆက်စောင့်မျှော်ပေးပါအုံး"
YOU ARE READING
Fall In Love With Game Character
Przygodoweသံစဉ်ချိုဆိုတဲ့ အမျိုးသမီးလေးဟာ သူသဘောကျတဲ့စီနီယာအကိုကြီးထွင်ထားတဲ့ဂိမ်းကို ဆော့ပြီးသဘောမကျဖြစ်ကာ bad review ရေးခဲ့လိုက်တယ် ဒါပေမဲ့ သူမသိလိုက်ခင်မှာဘဲ ဂိမ်းထဲကိုဆွဲခေါ်ခံလိုက်ရတဲ့အချိန်မှာတော့ သူအိမ်ပြန်ဖို့ဘယ်လိုတာဝန်တွေထမ်းဆောင်ရမလဲ သူဘဝသစ်လူအသစ်တ...