Chapter.22

14.6K 384 5
                                    

Unicode

I have fallen in love with my spouse!

Chapter.22

ဒီရက်ပိုင်း မိုးဇေကဆိုင်ကိုသိပ်ပြီးမလာဖြစ်၍ ဇေယျာနဲ့ထက်မြတ်ကထိုကိစ္စအား တည်တံ့ကိုလှမ်းပြီးသတိပေး၏။

သူတို့ဖုန်းဆက်တော့လည်းမိုးဇေကမကိုင်တာများသည်။

သူကအကုန်လုံးကိုအဆက်အသွယ်မလုပ်တာတစ်ခုခုတော့ရှိရမည်ဟုသူတို့စိတ်ထဲထင်နေ၏။

''အေး...ငါလည်းအခုထိအသည်းဆီကနေဘာမှမသိရသေးဘူး...သူငါပြောတဲ့စကားတွေကိုဘယ်လိုသိလဲဆိုတာလေ...ပြီးတော့ တိမ်ငွေ့မြူကလည်းဒီရက်ပိုင်းမှာငါနဲ့ခပ်ကင်းကင်းဖြစ်နေတယ်''

''မင်းသတိတော့ထားနော်...ငါရောဇေယျာရောကစိတ်ထဲထင့်နေတာ တစ်ခုခုဖြစ်မှာစိုးရိမ်လို့''

''အေးပါ...ကျေးဇူးပဲ''

''အေး...ဒါပဲနော်''

''အင်း''

သူတို့ဖုန်းပြောနေတာကို တိမ်ငွေ့မြူကtoiletထဲဝင်၍ phoneကနေတစ်ဆင့်နားထောင်လို့နေလေ၏။

သူမကတည်တံ့ရဲ့ရုံးခန်းထဲမှာအသံဖမ်းစက်တပ်ထားတာမို့ သူ့စကားတွေအားလုံးကိုကြားနေရသည်။
ထို့ကြောင့် တည်တံ့ကသူမကိုသံသယဝင်နေတာကိုသိပြီး တမင်ခပ်ကင်းကင်းနေခဲ့တာ။

''ကျွန်မကိုခွင့်လွှတ်ပါတည်တံ့ ကျွန်မလည်းဆန္ဒရှိလွန်းလို့မဟုတ်ပါဘူး...ဒါပေမယ့် ကျွန်မမိုးဇေကိုချစ်တယ်...သူဖြစ်ချင်တာတွေကိုဖြည့်ဆည်းပေးရမှာပဲ...ရှင်နဲ့အသည်းကြားထဲကို အရှုပ်တွေထည့်ခွင့်ပြုပါ...ကျွန်မအတ္တကြီးပါရစေ''

သူမစိတ်ထဲမှတီးတိုးရေရွတ်ပြီး toiletထဲကနေထွက်လာခဲ့လိုက်၏။

မကြာခင်မှာရလာဒ်တစ်ခုခုထွက်လာတော့မှာပါ။
အဲဒီ့အခါကျရင် သူမဘေးမှာရှိနေမယ့်လူအပေါ်မူတည်ပြီး သူမကဒီဇာတ်တစ်ခုလုံးကိုထိန်းရမှာပဲ။

မျှော်လင့်ထားတဲ့သူဆိုရင်တော့ကိစ္စမရှိပေမယ့် မမျှော်လင့်ထားတဲ့သူဆိုရင်တော့ ဒီဇာတ်တစ်ခုလုံးကိုပြောင်းပြန်လှန်ပစ်မှာ။

***

''ကိုကြီးပြန်လာပြီ''

သူအိမ်ထဲဝင်ဝင်ချင်းမှာပဲ အသည်းကသူ့ထံသို့အပြေးလေး​ရောက်လာ​ပြီး ​ခါးကိုသိုင်းဖက်လာလေသည်။

တည်တံ့ရဲ့အသည်း[Completed]Where stories live. Discover now