EP.1

93 11 2
                                    

ရန်ကုန်မြို့သည် လူစည်ကားသော
မြို့ဖြစ်သည်နှင့်အညီ မနက် ၇နာရီဝန်းကျင်သာ ရှိသေးသော်လဲ ဝမ်းစာရေးအတွက် လူအများကာ လမ်းမထက်သွားလာလှပ်ရှားနေကြပြီး
ဖြစ်သည်။

စီးပွားရေး အချက်အခြာကျသော
မြို့ဖြစ်သည့်အလျောက် ကုမ္ပဏီလုပ်ငန်း၊ အထပ်မြင့် တိုက်တာအဆောက်အဦး၊ ကုန်တိုက်များနှင့်အတူ၊ အထည်ချုပ်လုပ်ငန်းများ၊ ကိုယ်ပိုင်းကျောင်း၊ မူကြိုကျောင်းများနှင့် ကိုယ့် ကိုယ်ပိုင်အိမ်တွင် ရောင်းချသည့် အိမ်ဈေးဆိုင်ငယ်များလ ရှိသည်။ထို့အပြင် ကုန်စိမ်းရောင်းသော ဈေးပွဲရုံကြီးလဲရှိသောကြောင့် ရန်ကုန်မြို့သည် လူချမ်းသာများနှင့်အတူ သာမာန်လူလတ်တန်းစားအများအပြားနေထိုင်သည့် စည်ကားသောမြို့ကြီးဖြစ်သည်။

ပန်းခြံငယ်ကဲ့သို့ အလှပန်းပင်များ စိုက်ပျိုးထားသည့် ခြံဝန်းကျယ်ကြီးထဲရှိ အဝါနုရောင်သုံးထပ်တိုက်ကြီးထဲ ညအိပ် ကာတွန်းဝမ်းဆက်နှင့် ကျောလယ်လောက်ရှိသည့် ရွှေအိုရောင်ဆံနွယ်လေးများကို အဝတ်စဖြင့် ကပိုကရို စည်းနှောင်ထားပြီး ခါးတွင်လ အေပရွန်စည်းထားသည့် လူငယ်တစ်ဦးက မနက်စာ ချက်ပြုတ်နေလေသည်

"ပါးပါး ဘာတွေချက်နေတာလဲ"ဟူသော အသံငယ်လေးနှင့်အတူ ၅နှစ်အရွယ် ကလေးမငယ်လေးတစ်ဦးက လူငယ်၏ ခါးကို မမှီတမှီ လှမ်းဖက်လာတော့သည်။

ဆည်းလှည်းသံလေးကဲ့သို့ ချိုမြိန်သည့် ကလေးငယ်၏ အသံကြောင့် လူငယ်မှာ လုပ်လက်စများကို ရပ်တန့်ကာ ကလေးငယ်ဘက်သို့ လှည့်လာခဲ့သည်။

"ကလေးငယ် မျက်နာသစ်ပြီးပြီလား။
ပါးပါးက ပါးပါးကလေးငယ်အကြိုက် ပုဇွန်ကြော်ထားတယ် "

"သစ်ပြီးပါပြီ ပါးပါး "

"Ok အခု ပါးပါးတို့ မနက်စာ အရင်စားကြမယ်။
ပြီးရင် ခဏနားပြီး ရေချိုးကြမယ်"

You've reached the end of published parts.

⏰ Last updated: 4 days ago ⏰

Add this story to your Library to get notified about new parts!

သူမှလွဲ၍ (Edit Version)Where stories live. Discover now