Part 8

1.2K 77 8
                                    

ခြံဝတွင် ရစ်သီရစ်သီဖြစ်နေသော ကောင်လေးတစ်ယောက်တွေ့သောကြောင့် မဒီထွက်ကြည့်လိုက်သည်။ဟိုတနေ့ကခြူးနှင့်တွဲတွေ့သောကောင်လေးဖြစ်ပြီး မဒီ့ကိုတွေ့သည်နှင့်ရီပြနေသည်။

"အန်တီ ကျွန်တော်က ခြူးဆီလာတာပါ"

"အွန်း" မဖြေချင်ဖြေချင်ဖြင့်ဖြေလိုက်ပြီး လက်ပိုက်ကာတခြားဘက်သို့မျက်နှာလွှဲထားသည်။
ဘာ‌ပြန်ပြောရမလဲမသိသဖြင့် သုခခေါင်းကုတ်ကာစဉ်းစားရခက်နေပြီး

"ခြူးရေ ခြူး......" ခြံဝန်းထဲထွက်လာသောခြူးကိုတွေ့လိုက်သဖြင့် သုခလက်ပြလိုက်သည်။
သုခခေါ်သံကြားလိုက်သည်နှင့် မဒီနောက်လှည့်ကြည့်ကာ ပေါင်သားအဖွေးတိုင်းပေါ်နေအောင် ဝတ်ထားသောဘောင်းဘီလေးနဲ့ပင်။

"လာလည်တာလားကိုသုခ လာလေ..."

ခြူးစိတ်ထဲတွင်သုခကိုgayဖြစ်သဖြင့်ထွေထွေထူးထူးမိတ်ဆက်ပေးခြင်းအသိပေးလိုက်ခြင်းမရှိပေ။
သို့သော် မဒီ့စိတ်ထဲတွင် မကျေနပ်ခြင်းများ ပြည့်နှက်နေလေသည်။

ခြူးရှိရာအပေါ်ထပ်သို့ ခေါ်သွားပြီး တဟီးဟီးတဟားဟားဖြင့်ရီမော စားသောက်နေကြသော်လည်း မဒီနှင့်ဦးစိုးအောင်မှာအောက်ထပ်တွင်တစ်ယောက်မျက်နှာသာတစ်ယောက်ကြည့်နေကြသည်။

"တွေ့လား မဒီ ငါပြောပါတယ် အချိန်တန်အဖိုနဲ့အမပဲ."

"မဒီ မသိတော့ဘူး ကိုကိုကြီးရယ် မဒီသိတာတစ်ခုက သူပျော်မယ်ဆို မဒီလက်လွှတ်မှာပါ ရတီ့တုန်းကလိုပဲ မဒီပျော်ပျော်ကြီးလက်ခံမှာ"

တစ်ယောက်တည်းချစ်နေယုံနှင့်မပြီးတာကို
မဒီသိပေသည်။သူ့ကြောင့်နဲ့ ခြူးကိုမထိခိုက်စေချင်မှာတော့အမှန်ပင်။

-------------

သုခကိုခြံဝထိလိုက်ပို့ပြီးနောက် တနေကုန်ပျောက်ချက်သားကောင်းနေသော မာမီ့ကိုသတိရလာသည်။
မာမီ့အခန်းရှေ့ရောက်သဖြင့် အခန်းတံခါးကိုဖွင့်လိုက်သော်လည်းအထဲမှာ့လော့ခ်ချထားသဖြင့်ဖွင့်မရချေ။

"ဒေါက်....ဒေါက်"

"ဘယ်သူလဲ...."

"ခြူးပါ မာမီ
တံခါးဖွင့်ပေးပါဦး"

Sugar Mommy Where stories live. Discover now