Extra 2

2.5K 186 40
                                    


ဒီနေ့နဲ့ဆို ခင်နဲ့မောင်တို့ လက်ထပ်ထားတာဟာ ၁ နှစ်နဲ့ ၁လ ရှိခဲ့ပြီ။မောင်တို့ လက်ထပ်ပြီး ၂လ အကြာမှာ ဘန်ကောက်ကို သွားပြီး စစ်ဆေးမူတွေခံယူကာအိမ်ထောင်သက်တမ်း ၄လပြည့်မှာ ခင်က ကိုယ်ဝန်ဆောင်နိုင်ခဲ့သည်။ ယိမ်းရဝီမောင် ကတော့ ဗိုက်ဖုံးအင်္ကျီလေးနဲ့ သနပ်ခါးလေးလိမ်းကာ ပါးကွက်ကြားလေးနဲ့ ပိုပြီးကလေးဆန်လာတဲ့ သူမ၏ မဗိုက်လေးကို သဲသဲလှုပ်ကာ အချစ်ပိုနေတော့သည်။

"မောင်ရေ.....မောင်"

"လာပြီခင်ရေ...လာပြီ"

မီးဖိုချောင်ထဲကနေ ယောင်းမကို ကိုင်ကာ ခင့်အနား ကို​ပြေးလာသည့် မောင့်ကို ကြည့်ပြီး ခင်ပြုံးနေမိ၏။

"ဖြည်းဖြည်းဆင်းပါ မိန်းမရယ် ..... မပေါ့မပါးကြီးနဲ့ ဘာလို့ ဆင်းလာရတာတုန်း ၊ ဘာလိုလို့လဲ ခင်....မောင် ဘာလုပ်ပေးရမလဲ"

ခင့်လက်ကိုဆွဲထူကာ ခုံပေါ်တွင်အသာလေးထိုင်စေလိုက်သည်။

"ဟို..... ခင်လေ.... ချဥ်ခြင်းတတ်နေလို့မောင်"

"ဟုတ်လား.... ဘာစားချင်လဲခင် ၊ မောင် ဘာလုပ်ပေးရမလဲ"

"ဟို ....ခင်လေ... အရီးတင်မေတို့အိမ်က မာလကာသီးစားချင်လို့မောင်... အဲ့တာ ခင့်ကို ခိုးပေးပါလား"

"ဟမ်"

ခင့်စကားကြောင့် ယိမ်းရဝီမောင်လဲ အံ့သြသွားတော့သည်။

"ဘယ်လို ဘယ်လို..... မောင်က ခိုးပေးရမှာလား ခင်"

ထိုအခါ မဗိုက်လေးက မျက်လုံးဝိုင်းဝိုင်းလေးတွေနဲ့ မောင့်ကို ကြည့်ကာ ခေါင်းညိတ်ပြလာသည်။

"အွန်း "

"ဝယ်စားလို့လဲ ရတာဘဲ ခင်ရယ် ....ခင် စားချင်ရင်...မောင် သွားဝယ်ပေးမယ်နော်"

ကလေးဆန်လာတဲ့ မဗိုက်လေးက နှုတ်ခမ်းလေးကိုဆူကာ မောင့်ကို ပူဆာတော့သည်။

"ဟင့်အင်း......ဟင့်အင်း ခင် ဝယ်တဲ့ဟာကို မစားချင်ဘူး..မောင်ကိုယ်တိုင် ခင့်ကို သွားခိုးပေးနော်...နော် နော်လို့ မောင်... မချစ်ဘူးလား  "

"ဟောဗျာ  ဝယ်စားလို့လဲရတာဘဲလေ... မောင့် အချစ်ရယ်"

ယိမ်းရဝီမောင်ဟာ ခင့်ဆံပင်လေးတွေကို နားရွက်အနောက်ကိုသပ်ပေးရင်း ထိုသို့​ပြောလိုက်တော့ မဗိုက်တစ်ယောက် အလိုမကျစွာနဲ့ ဂျီကျလာတော့သည်။

ဗျို့  မမခင်Where stories live. Discover now