Part 17

17 2 1
                                    

Aiden ရုံးကနေ ပြန်လာတော့ ညနေ၆နာရီခွဲနေပြီ။ အမှုကိစ္စအတွက်အလုပ်များနေရပြီး မနက်ကတည်းကတရားရုံးမှာ အမှုဖြေရှင်းနေရတာကြောင့်ရုံးကိုပြန်ရောက်တဲ့အချိန် ညနေစွန်းစွန်းလောက်ဖြစ်နေတာကြောင့် ပုံမှန်ရုံးပြန်ချိန်ထက်သူနောက်ကျခြင်းဖြစ်၏။ ဆောင်းဦးရာသီဖြစ်နေတာကြောင့် နေ့တာတိုကာညတာရှည်သည့်အတိုင်း သူပြန်သည့်၆နာရီခွဲသည်မှောင်နေပြီဖြစ်သည်။

ကားကိုတိုက်ခန်း၏ပါကင်မှာထိုးထားလိုက်ပြီး သူသည် တိုက်ခန်းအတွင်းသို့ဝင်လာလိုက်၏။ ဓာတ်လှေခါးကိုသုံးပြီး သူ၏တိုက်ခန်းရှိရာသို့တက်လာ၏။ တိုက်ခန်းရှိရာအထပ်ကိုရောက်တော့ ဓာတ်လှေခါးကနေသူထွက်လာပြီး သူ၏အခန်းဆီသို့လျှောက်လာ၏။ အခန်းအနားသို့ရောက်သည့်အခါ သူ၏မျက်ခုံးတွေမှာသိသိသာသာကို တွန့်ချိုးသွား၏။

Aiden၏တိုက်ခန်းကိုမှီ၍ထိုင်နေသူသည် ခေါင်းကိုငိုက်စိုက်ကျနေသည်မှာ အိပ်ပျော်နေသည့်ပုံပေ။ Aidenမှာ ကျစ်တစ်ချက်စုတ်သပ်၍ သူ၏တိုက်ခန်းတံခါးရှေ့ထိလျှောက်လာ၏။နောက်တော့ တံခါးကိုလော့ဖွင့်ဖို့လုပ်နေခိုက်မှာ ထိုအိပ်ပျော်နေသည့်ကောင်မှာနိုးလာပြီး Aidenကို နိုးကာစမျက်ဝန်းတွေဖြင့်မော့ကြည့်၏။

"လန်ဒန်သား"

"မင်းဒီမှာဘာလုပ်နေတာလဲ"

"ခင်ဗျားကိုစောင့်နေတာ ကျုပ်စိတ်တွေအရမ်းရှုပ်ထွေးနေလို့"

"အဲ့ဒါကငါနဲ့ဘာဆိုင်လဲ ငါကစိတ်ကုထုံးဆရာဝန်မဟုတ်ဘူး"

Aidenမှာထိုသို့ပြော၍ သူ၏တံခါးကိုဖွင့်ကာအထဲကိုဝင်ဖို့လုပ်တော့ သူ၏ခြေထောက်ကို လှမ်းဆွဲသည့်လူကြောင့် သူဝင်လို့မရပါ။ထိုသည်ကြောင့် စိတ်အနှောက်ယှက်ဖြစ်စွာနဲ့ ငုံ့ကြည့်တော့ သူ့ကိုမော့ကြည့်နေသည့် မျက်ဝန်းခပ်နက်နက်တွေပေ။ ထိုမျက်ဝန်းတွေကြောင့် Aiden၏တုံ့ပြန်မှုတွေက ခဏလောက်ရပ်ဆိုင်းသွား၏။

ရုတ်တရက်ပါပဲ ထိုလူသည်ဆက်ကနဲကောက်ထလာပြီး Aiden၏ခန္ဓာကိုယ်တစ်ခုလုံးကိုသိမ်းကျုံးပွေ့ဖက်လေ၏။ ထိုသည်ကြောင့် Aidenမှာလန့်သွား၍ တွန်းထုတ်ပေမဲ့ ထိုလူကခပ်တင်းတင်းသာဖက်ထားပြီး Aiden၏တွန်းထုတ်မှုအား တောင့်ခံထား၏။

Jax /ခေတ္တရပ်နားထားသည်/Where stories live. Discover now