part-2

404 19 2
                                    

ဒီ‌ေန့ကျောင်းပိတ်ရက်မို့‌နွေလိုင်းလာသုံးဖြစ်သည်။

ကျောင်းဖွင့်ရက်လိုင်းမသုံး‌ဖို့ပြောထားသည်။ရွာမှာက အင်တာနက်မရ။star linkနဲ့သုံးရတာ။

နွေလိုင်းလာသုံးနေစဥ် ဘေးကနေ အစ်ကိုတစ်ယောက်က ဆရာကြီး ကရိုဏ်း အတင်းအုပ်နေလေရဲ့။

နွေနားစိုက်မထောင်လည်းကြား နေရသည်။သူတော့မသိ နွေတော့ မျက်နှာတွေပူနေပြီ ဆရာကြီးသာသိရင်သူတော့မလွယ်။

ဆရာကြီးဆိုပေမယ့် အသက်က နှစ်ဆယ်ကျော်ရှိသေးတာ။အရင်ကတော့ နွေတို့အထက်တန်းပြပေါ့ ခုတော့ကျောင်းအုပ်မရှိတာကြောင့်သူကတာဝန်ခံကျောင်းအုပ်လုပ်ရသည်။

ဆရာကြီးက G-10က bioကောင်လေး ဌာန် ကို သဘောကျနေတယ်ဆိုပြီး သူကအတင်းတုပ်နေတာ။

နွေတို့လဲသတိထား‌မိပါတယ်။ဆရာအဲ့ကောင်လေးကိုဆက်ဆံပုံ စကားပြောဆိုပုံ ဂရုစိုက်ပုံတွေကို နွေတို့ မြင်နိုင်ပေမယ့်
ဆရာ့အကြောင်းသေသေချာချာမသိတာ‌မို့ နွေတော့ မဝေဖန်ချင်ပါ။သူကတော့အော်ကြီးဟစ်ကျယ်ကိုအတင်းတုပ်နေတာ။

တကယ်လို့သဘော‌ကျနေတယ်ဆိုရင်ကောဘာဖြစ်လဲ။

ဆရာကလူလွတ်ပဲ ကြိုက်တဲ့သူကိုသဘောကျခွင့်ရှိတယ်။ယောက်ျားလေးဖြစ်တော့ကောဘာဖြစ်လဲ အချစ်ဘဲ မုန်းနေတာမှမဟုတ်တာ။အချစ်ကိုအချစ်လို့မမြင်ကြတဲ့သူတွေကတော့ ကဲ့ရဲ့ကြမှာပေါ့။‌ နွေကတော့ လက်ခံနိုင်တယ် နွေကိုယ်တိုင်လဲLgbtတစ်ယောက်ဖြစ်တာမို့။

နွေတို့ကျောင်းမှာ ကျောင်းမဖွင့်ခင်တည်းက တွဲနေကြတဲ့glတစ်တွဲရှိတယ် နှစ်ချီနေပြီ သူတို့အိမ်ကလဲ လက်ခံပေးလိုက်ပြီ။

တစ်ယောက်က g-10ကျောင်းသူ သူဇာ နဲ့
တစ်ယောက်ကတော့မူလတန်းဆရာမဇင်မာ
ပေါ့။သူတို့အတွဲက လိုတာထက်ပို‌ေနကြတယ်ဆိုပေမယ့် နွေကတော့အားကျတယ်။အပြင်မှာဘယ်လိုနေနေ ကျောင်းထဲမှာတော့စည်းထားတယ်။လူအပြောမခံရအောင်ပေါ့။ တခြားသူတွေ ပြောလဲသူတို့ကဂရုမစိုက်ပါဘူး။သူတို့ကချစ်နေကြတာလေ။အချစ်ပိုတဲ့ခါ မလိုတဲ့သူတွေက အမြင်ကပ်ကြတာပေါ့။

Ma"Where stories live. Discover now