အခန်း (၂)

22 0 0
                                    


" ဒေါက်ဒေါက်......ဒေါက်...."
" ကျွီ....."
"ဟီး.....ကိုကြီးဆရာ"

ဖုန်းဆက်လျက် အခန်းတံခါးဖွင့်လာတဲ့နွယ်နီရဲ့ချစ်လှစွာသောကိုကြီးဆရာ......

"မီးတို့လူစုံပြီ ကိုကြီးဆရာ...ရေချိုးပြီးသွားပြီလား "
"ဟင့်အင်း....အငယ်လေး"
"ဟင်.....ပြန်လာတာကြာပြီကို၊အဲ့ဒါဆို ရေအရင်ချိုးလေ.....မီးတို့Bio တွေနွေးထားမယ်နော်"
"အဟား.....ဟုတ်ပါပြီ.....အငယ်ဆုံးလေးရယ်"
"ဟုတ်......,......"

ဟုတ်ဆိုပြီး မသွားသေးတဲ့ ညီမကို ဖုန်းခေါ်ခြင်းအား ရပ်ဆိုင်းကာ မျက်ခုံးပင့်ခြင်းဖြင့်အသံတိတ်ဘာသာစကားဆိုလိုက်ရသည်။
ထိုအခါ ရယ်သွန်းလျက်.....

" ဟီးးး......ကိုကြီးဆရာ ဘယ်သူဆီအသဲအသန်ဆက်နေတာလဲ.....ဟင်"

"အဟင်း.....ကိုကြီးသူငယ်ချင်းပါ အငယ်ဆုံးလေးရဲ့...."

"ဟုတ်....အခုတကယ်သွားပြီ..."

လှေကားထစ်တွေကို ဂါဝန်အောက်နားတွန့်အစလေးတွေ လေထဲ ဝဲပျံအောင်ပြေးဆင်းသွားသောအိမ်ရဲ့အငယ်ဆုံးလေး.....ဂါဝန်ပန်းရောင်လေးနဲ့ အလှသွေးကြွယ်နေသော အငယ်ဆုံးလေး....စာသင်ချိန်ဆို သူ့ကိုအသေကြောက်ပြီး ဒီအတိုင်းဆို သိပ်မကြောက်၊အသက်ကွာဟမှုကြောင့် လိုတာထက် သိပ်မချွဲထက်သောကလေး၊ညီလေးနဲ့ဖေ့ဖေ့အပေါ်ဆို အရမ်းချွဲကာ အမျိုးမျိုးလိုချင်တာပူဆာတက်သော ညီမလေးပါ။

.မိတစ်ဆိုးသမီးလေးမို့အရာရာကို အစ်ကိုတွေတစ်လှည့် ဖေဖေတစ်လှည့် ဖြည့်ဆည်းပေးမိသည်။စည်းလွတ်ဝါးလွတ်တော့မဟုတ်ပါ။
သူ့ထက် အသက်၂၀ နှစ် ငယ်ပြီး ညီလေးထက် ၁၀နှစ်ငယ်သော အငယ်ဆုံးလေးအခုတော့မျက်စိအောက်တွင် ၁၆နှစ်ပြည့်တော့မယ်။
ညီမငယ်လေးနောက်ကျောကိုကြည့်ရင်း အတွေးတွေရပ်ကာ မြင့်မိုရ်သွေးတစ်ယောက် ရေချိုးရပေအုံးမယ်.....

ဆယ်တန်းကျောင်းသူလေး
အိမ်ကအငယ်ဆုံးညီမငယ်
‌လေးနွယ်နီ‌သွေးအပါအဝင် ဖေ့ဖေ့မိတ်ဆွေ သမီးလေး ရိုးဂုဏ်နွယ်၊ညီမငယ်လေး သူငယ်ချင်း ခေတ်သုတ တို့သုံးယောက်ရဲ့ စာနွေးသံတွေဟာ သူ့ရဲ့‌ခြေသံကြားယုံနဲ့ တိတ်ဆိတ်သွားလိုက်တာ.....ကြည့်စမ်း။

အချစ် ယုံကြည်ရာWhere stories live. Discover now