Chapter 31

36 4 0
                                    

Cale ​မှော်အိတ်ရူံ့ ထဲသို့ပစ္စည်းအချို့ ထည့်၍​​လေ့ကျင့်​ရေးကွင်းဆီသို့ထွက်လာခဲ့သည်။

စံအိမ်​တော်ကြီး၏​ မြေ​အောက်​လေ့ကျင့်​ကွင်းကျယ်ကြီး။

မြို့စား Hentiuse မိသားစုမှာသူတို့၏ချမ်းသာကြွယ်ဝမှုတို့ဖြင့်​ကျော်ကြားကြ​သော်လည်းစစ်တပ်အင်အား​၏​ပံ့ပိုးမှု​ကြောင့်သာအဓွန့်ရှည်​နေနိုင်သည်ဖြစ်သည်။ ထိုကဲ့သို့ အင်အားကြီးသည့်စစ်တပ်အင်အားသာမရှိရင်လည်း မ​ကောင်းဆိုးဝါးအ​ကောင်ပ​လောင်​တွေနှင့် ပြည့်နှက်​နေ​သော အလင်းမဲ့​တောအုပ်လိုကပ်ရပ်​နေရာမှာဘယ်လိုမှအသက်ရှင်​နေထိုင်​နိုင်မည်မဟုတ်​ပေ။

ထို​ကြောင့်ပဲ Hentiuse မိသားစု၏စံအိမ်ကြီးတိုင်းတွင် Duke နှင့် အခြား​သော Marquis အိမ်​​တော်တို့တွင်ရှိသည့်​မြေ​အောက်​လေ့ကျင့်​ရေးကွင်းများထက် အဆမတန်သာလွန်​ကောင်းမွန်​​​သော​လေ့ကျင့်​ရေးကွင်းများရှိတတ်​လေသည်။ သူတို့​တွေအကုန် ​မြေ​အောက်​လေ့ကျင့်​ရေးကွင်းထဲ​ခြေချလိုက်သည်ဆိုသည်နှင့် Cale ကအမိန့်​ပေးခဲ့သည်။

"မင်းတို့နှစ်​​ယောက်လုံးအပြင်မှာ​စောင့်​နေ...​ပထမထပ်က​နေလာတဲ့ဘယ်သူမဆိုဒီနေရာကိုဝင်လို့မရ​အောင် ​သေချာ​စောင့်​ရမယ်ဟုတ်ပြီလား?"

"ဟုတ်ကဲ့ပါ...သခင်​လေး"

"နားလည်ပါပြီ...သခင်​လေး"

Ron တစ်​ယောက်မျက်နှာ​ပေါ် မှာဆင်မြန်းထားသည့် သူ၏ညင်သာနူးညံ့​သောအပြုံးတို့ကိုကြည့်ရင်း ပါးစပ်ထဲတွင်ခါးသက်သက်အရသာကိုခံစားမိလိုက်ရ​သော်လည်း Cale လျစ်လျူရှူခဲ့​လေသည်။

ယင်းအမျိုးသားနှစ်​ယောက်တို့​နေရာမှထွက်ခွာသွားသည်ကိုကြည့်ပြီး​နောက် ​ကြောင်​လေးနှစ်​ကောင်ကို Cale ​ကောက်ချီလိုက်ကာ ​လေ့ကျင့်ကွင်း၏​ထောင့်စွန်း​နေရာသို့ဦးတည်လိုက်သည်။

ထို့ပြင် Choi Han နှင့် Rosalyn တို့အားခပ်​ဝေး​ဝေး​​နေရာသို့သွားရန်အမူအရာပြဖို့ကိုလည်းသူမ​မေ့ခဲ့ပါ။

"မင်းတို့နှစ်​ယောက် ကွင်းရဲ့အလယ်​ခေါင်ကိုသွားကြရင်​ကောင်းမယ်"

မြို့စားကြီးအိမ်​တော်မှဆန်ကုန်​​မြေ​လေး || Volume 1Where stories live. Discover now