အလုပ်ထဲတွင်အချိန်ကြာမြင့်သည်အထိ စာရင်းများကိုကြည့်နေတော့သည်။
"မဒီ ကိုယ်လာတယ်"
မဒီ့အခန်းကိုတံခါးမခေါက်ကာဝင်လာသူမှာ
ကိုစိုင်းပင်။"ကိုစိုင်း နောက်ခါဝင်ရင်တံခါးခေါက်ပါ"
"မဒီရယ် ဘာများဖြစ်လို့ ကိုယ့်ကိုမဆက်သွယ်တာလဲ"
"ကျွန်မ.. ကျွန်မ ရှင့်ကိုလက်မထပ်နိုင်တော့ဘူး"
"ဘာ....! ဘာလို့လဲ မဒီ
ကိုယ့်ဘက်က ဘာတွေများအားနည်းချက်ရှိနေလို့လဲ""ကိုစိုင်းကပြည့်စုံပါတယ် ကျွန်မ မချစ်နိုင်တာတစ်ခုပဲ"
မဒီ့အကြောင်းကို သူသိပေသည်။ အရင်လို သူ့ကိုချစ်နိုင်ဦးမည်မဟုတ်မှန်း။
"Okလေ မဒီလိုအပ်မဲ့အချိန်ကို ကိုယ်စောင့်နေပါ့မယ် အခုလိုရှောင်ထွက်တာမချစ်လို့မဟုတ်ပဲမဒီ့ကိုဖိအားမပေးချင်လို့ဆိုတာသိထားပေးပါ"
"မဒီ့ကို နားလည်ပေးလို့ကျေးဇူးတင်ပါတယ်"
မဒီ့စကားအဆုံးတွင် ကိုစိုင်းပြန်လိုက်သည်။ ကိုယ့်အတွက်မဖြစ်နိုင်သော အရာကို အတင်းလုမယူချင်တော့ပါ။
ထို့နောက် အချိန်အတန်ကြာပြီးသောအခါ ရုံးဆင်းချိန်သို့ ရောက်လာပေတော့သည်။
ကားပါကင်ရှိရာသို့သွားရင်း အတွေးများက နယ်ချဲ့ကာဟိုကလေးပေါက်စကို လွမ်းမိသွားသည်မှာအမှန်ပေ။"အန်တီ.."
ကားတံခါးဖွင့်ခါနီးကြားလိုက်သောအသံကြောင့် မဒီအရှေ့သို့ကြည့်လိုက်သည်။
"အင်း.... မင်းဘာလာလုပ်တာလဲ"
"အရင်ရက်တွေက ခြူးနဲ့လိုင်းပေါ်ကနေစာပို့နေကျလေ အခု ခြူးကစာလုံးဝမပြန်တော့လို့နေမကောင်းဘူးလားသတင်းမေးချင်လို့"
"ခြူး နေကောင်းတယ် အခုဒီမှာလဲမရှိတော့ဘူး သူ့အဖွားတွေရှိတဲ့နိုင်ငံကိုလိုက်သွားပြီ"
လေသံမာမာနှင့် ကျော့အမေးကို ပြန်ဖြေလိုက်သည်။
"ခန...ခနလေး"
"မင်းဘာပြောစရာရှိသေးလို့လဲ ငါအနားယူချင်နေပြီ"
"အန်တီ ဘာလို့ကျော့ကို အဲ့လိုဆက်ဆံနေတာလဲသိချင်လို့ပါ"
YOU ARE READING
Sugar Mommy
Romance18+ နည်းနည်းများမှာမလို့ အဖြူထည်သက်သက်ကြိုက်သောသူအများအတွက်မသင့်တော်ပါ။😞