မူးယစ်ခေါင်းဆောင်ရဲ့တရားဝင်မိန်းမ(Season2)Part11

1K 27 1
                                    

💮မူးယစ်ခေါင်းဆောင်ရဲ့တရားဝင်မိန်းမ💮ဒုတွဲ

(အခန်း၁၁)

"ခွန်းဆက်မဟာကိုခေါ်ခဲ့.."

ယူရီရဲ့အမိန့်သံအဆုံးမှာတော့
ကြိုးဖြင့်တုပ်ခံထားရသည့် ခွန်းဆက်ကို
သူ့လူများကသူ့ရှေ့ခေါ်လာကြသည်။

"မလုပ်ပါနဲ့..."

ခွန်းဆက်သူ့အားသေနတ်ဖြင့်ချိန်ရွယ်ခြင်း
ခံထားရသည်မို့ အလန့်တကြားဖြင့်
ငြင်းဆန်မိလေသည်။

"ကျွန်တော်ဘာလုပ်မိလို့လဲ...
အမှားလုပ်မိရင်လဲ တောင်းပန်ပါတယ်"

"နင့်ကိုရွေးချယ်စရာနှစ်ခုပေးမယ်
ပထမတစ်ခုက နင့်ကိုယ်နင်သတ်သေတာရယ်
အင်း..ဒုတိယတစ်ခုကတော့ ငါကနင့်ကို
ပစ်သတ်တာ"

"ဟင်!!..."

"ဟိုမှာမြင်လားဂျက်စ်ကို"

ယူရီလက်ညိုးထိုးပြရာကြည့်လိုက်တော့
သွေးအိုင်ထဲလဲကျနေသည့် ဂျက်စ်။
ခွန်းဆက်အထိပ်တလန့်ဖြင့် ယူရီ့ကို
မော့ကြည့်ကာ

"တောင်းပန်ပါတယ် ခိုင်းသမျှ
အကုန်လုပ်ပါ့မယ်..ကျွန်တော့်အသက်ကို
ချမ်းသာပေးပါ"

ဘယ်လိုပင်ဖြစ်စေ ခွန်းဆက်
သေရမှာတော့သိပ်ကြောက်မိသည်။

ယူရီကခွန်းဆက်မဟာတောင်းပန်နေသည့်
ပုံကိုကြည့်ကာ သဘောတကျရယ်မောနေသည်။

"ကျွန်...ကျွန်တော်ဘာလုပ်ပေးရမလဲ..
ကျွန်...ကျွန်တော်အကုန်..."

ဒိုင်း....

ခွန်းဆက်မဟာရဲ့စကားမဆုံးခင်မှာပင်
ယူရီ့လက်ထဲမှသေနတ်ကျည်ဟာ
ခွန်းဆက်ရဲ့ရက်ဘက်သို့ ဖောက်ဝင်သွား
လေသည်။

မည်သည့်စကားမှမဆိုနိုင်ပဲ နေရာမှာတင်
လဲကျသွားသူဟာ ခွန်းဆက်မဟာပင်။

*
*
"ခွန်းဆက်..ခွန်းဆက်သတိထားစမ်း
ခွန်းဆက်"

"ဟင်!!.."

ပါးပြင်အားခပ်ဆက်ဆက်ရိုက်ခံလိုက်ရ၍
ခွန်းဆက်မျက်ဝန်းများကို ဖွင့်ကြည့်မိသည်။

"ဟင်...ကိုတေဇ!!.."

"နင်အဆင်ပြေရဲ့လား ခွန်းဆက်"

မူးယစ်ခေါင်းဆောင်ရဲ့တရားဝင်မိန်းမ{Season 1+2}Tempat cerita menjadi hidup. Temukan sekarang