~~~~~~~~~
~~~~~~~~~မီးရောင်မရှိသည့် အခန်းငယ် ။တိတ်ဆိတ်မှုက ထိုအခန်းငယ်အတွင်း ဖုံးလွှမ်းနေပြီး ပရိဘောဂ ပစ္စည်းတစ်ခုခြင်းဆီကအစ ကြည့်လိုက်ရင် ခြောက်ကပ်အေးစက်ခြင်းကို ခံစားလို့ ရနိုင်နေသည်။
အမှောင်ထက် အလင်းကို ပိုကြောက်၏။ ထိုအလင်းတွင် တွေ့ရမည့် လူကြီးကို သူမပိုကြောက်၏။ အလှောင်ပိတ်နေပြီး အရိပ်လိုလို ခြောက်လှန့်နေတဲ့ အတွင်းအမှောင်ယံထဲက
အရာတွေထက် ထိုလူကြီးက သူမအတွက် ပိုပြီး ကြောက်စရာ ကောင်းနေ၏။ မကြာခင်မှာပဲ လှေကားကို နင်းလိုက်သည့် အသံ ကျွီ ဆိုသည့် မြည်သံကို ကြားလိုက်ရ၍ ခြေသံတရှပ်ရှပ်ကို နီးကပ်လာသည်အား ကြားနေရပြီး သူမကိုယ်လေးအနည်းငယ်ကျုံ့မိလိုက်၍ ထောင့်နားကိုပိုပြီး မှီကပ်မိလိုက်၏။'ဒုန်း! ဒုန်း! ။'
တံခါးကို ထုရိုက်သံဟာ သူမနှလုံးသားကို လှုပ်ခါလိုက်သလို အရမ်းတုန်ခါလာပြီး အသက်ရှူသံများ မောဟိုက်သကဲ့သို့ မြန်ဆန်လာမိသည်။'ဒုန်း! ဒုန်း!
သမီး ငါ့ကိုတံခါးဖွင့်ပေးစမ်း ။'
အာလေးလျှာလေးအသံကို မာကြောပြီး ခပ်ဆက်ဆက်ပြောလိုက်သံသည် ထိုလူမှာ သူမကြောက်သည်ဆိုသည့် သူ ။ သူမ၏ ပထွေးဆိုသူ ။ ဟင့်အင်း မြတ် က ဘာလို့ ဖွင့်ပေးရမှာလည်း ။ မြတ်က ငတုံးမဟုတ်ဘူး… ။'မြတ်နိုးသူ! ငါစိတ်တိုလာပြီနော် တံခါးလာဖွင့်စမ်းဆို ။'
မြတ်၏ အတွေးစကားများပင် မဆုံးလိုက်ရသေး ထိုလူက ငေါက်အော်လိုက်သံကြောင့် မြတ်၏ ကိုယ်လေး တုန်လှုပ်မိသွားရသည်။'ဒုန်း! ဒုန်း! ။
မြတ် မြတ် တံခါးလာဖွင့်စမ်း နင်အထဲမှာဆိုတာ ငါသိတယ် ။'
ထိုလူရဲ့ ဒေါသတကြီး အော်နေသံကြောင့် ပါးစပ်ကို တင်းတင်းအုပ်ထားရပြီး မြတ်အသံပင်မထွက်ရဲ ။'အေ မဖွင့်ဘူးပေါ့ ရတယ် နင်တွေ့မယ် နင်တွေ့မယ် အဟား ။'
အသံနဲ့အတူ ထိုလူ့ရဲ့ ခြေသံများ ဝေးကွာသွားလေသည်။ မြတ် ထွက်ပြေးရမယ် ။ ဟုတ်တယ် သူမလာခင် ထွက်ပြေးရမယ် ။ မြတ် အမြန်ပဲ တံခါးကို ဖွင့်လိုက်ပြီး အပြင်က ထိုလူရှိမရှိဆိုတာကို နေရာတွေကို လှည့်ကြည့်လိုက်ပြီး မရှိမှ အခန်းထဲကနေ ခပ်သုတ်သုတ်ပြေးလာခဲ့တယ် ။