အခန်း (၇)

12 0 0
                                    

မြင့်မိုရ်တို့၏အိမ် ထမင်းစားခန်းတွင်
ကော်ရည်ခေါက်ဆွဲ ထည့်ထားသော ပန်းကန်လုံးလေးများအား ရိုး တစ်ယောက်ခြင်းဆီရဲ့ရှေ့တွင်ကျပေးလိုက်သည်။
"Wow ....ကိုကြီးဆရာအကြိုက် "
မြင့်မိုရ်ရဲ့ညီမအငယ်ဆုံးလေးရဲ့ အသံ။
"ကိုလေးလည်း ကြိုက်တယ်လေကွာ"
ညီငယ်ရဲ့ အသံ။
"ဟာ ‌ဖေဖေ့အကြိုက်ပါ ရိုးလေးကိုမေးကြည့်"
ဖေဖေ့ရဲ့ စစ်ကူခေါ်ပြီးပြောတဲ့အသံများအားလုံးကို ဘုရားရှိခိုးပြီး အပေါ်ထပ်မှ ဆင်းလာသော မြင့်မိုရ်နှင့် ထူးသန့်တို့နှစ်ဦးသား ကြားလို့ ပြုံးလိုက်မိသည်။
ရိုးကတော့ အရင်တုန်းကလည်း အကုန်လုံးတူတူဝိုင်းစားတာပါပဲ၊အခုကြ ဘာလို့အဲလိုတွေပြောနေကြပါလိမ့်။
"ဟော...အရင်ကဆို ဘုရားရှိခိုးတာ နာရီဝက်၊တစ်နာရီနီးပါးကြာတဲ့ ကိုကြီးက ကော်ရည်ဆိုတာနဲ့ ၁၅မိနစ်နဲ့ ဘုရားကို ပုစိန်ပေါက် ဦးချခဲ့တယ်ထင်တယ်"
"အဟား ...ဟီးဟီး..."
ညီလေးစကားကြောင့်အားလုံးဝိုင်းရယ်ခြင်းခံလိုက်ရတဲ့ မြင့်မိုရ် ကတော့ ထမင်းစားပွဲဘေးမှာ အလုပ်သမားလေးလို မတ်တက်ရပ်နေသော ရိုးဂုဏ်နွယ်ကိုကြည့်ကာ

"ရိုးဂုဏ်နွယ်....လာထိုင်စားလေ"
"အေးလေ ရိုးရယ် လာစားလေ"
"ရှင် ရိုးက အိမ်မှာစားခဲ့ပြီ"
"ထပ်စား...အခုလာခဲ့" ဆိုကာ ပြုံးစိစိဖြစ်နေသောမျက်နှာဖြင့် သူ့၏ဘေးနားကခုံအား ဆွဲထုတ်ပေးမိကာ
"လာထိုင် ဒီမှာ"
ဂလေးဂမဲ့ ပြုမူလိုက်သောအပြုအမူ၊သတိမထားမိလိုက်သော အပြုံးမျက်နှာကြောင့် အားလုံးက အံ့ဩကာကြည့်လို့နေသည်။
အဲ့ထဲတွင်တော့ သူ့ညီနှင့်ဖေဖေမပါ။ပြုံးကာ မနက်စာကို ဆက်စားနေသည်သာ ။သူပြုံးတာက ခုနဒီကောင်မလေးကို စတာသတိရမိသွားလို့လေ။ဘာတွေထင်နေကြတာတုန်း။

"မြန်မြန်စား ဟိုနှစ်ယောက် ခေတ်သုတ တောင်စာတွေတွက်နေပြီ"
"ဟင် သုတရောက်နေပြီလား ‌...ရိုး မြန်မြန်စား သင်္ချာအဖြေဘယ်သူမှန်လည်း တိုက်ရအောင်"
"ဟင်...အေးပါ"

ရိုးပြန်ဖြေသံကို ခေါင်းညိမ့်ရင်း ပလုတ်ပလောင်းစားနေကြတဲ့အငယ်ဆုံးလေးနဲ့ ရိုးဂုဏ်နွယ်တို့ကိုကြည့်ရင်းမြင့်မိုရ် အသံထွက်ရယ်မိပြန်သည်။
"အဟား"
"သားကြီးမြင့်မိုရ် ဖေဖေ့ပြောတဲ့စကားကို နားထောင်ပေးတာ ကျေးဇူးငါ့သားရာ"

အချစ် ယုံကြည်ရာWhere stories live. Discover now