ဆည်းဆာ အုတ်ဂူလေးပေါ်ကို ဝယ်လာတဲ့ ပန်းစီးလေးတင်လိုက်သည်
"မေမေ မေမေ နောင်ဘဝမှာ အဆင်ပြေရဲ့လားဟင် မေ့မေ့ဆီ ကို အခုမှ ရောက်လာတဲ့ အတွက် တောင်းပန်ပါတယ် သမီးလေ မေမေ့ကို အရမ်းလွမ်းတာပဲ မေမေရယ် ငယ်ငယ်ကဆို သမီး ဝမ်းနည်းနေချိန်မှာ မေမေ့ရင်ခွင်မှာ နေခဲ့တာတွေကို သိပ်သတိရတာပဲ မေမေ
ဖေဖေကော ထောင်ထဲမှာ အဆင်ကော ပြေရဲ့လား မသိဘူးမေမေ ဟိုလူယုတ်မာကလေ ဖေဖေ နဲ့ ပေးမတွေ့ဘူး သူမသိအောင် သွားတွေ့ခဲ့ရင် ဖေဖေ နဲ့ ငယ် ကို အေးအေးဆေးဆေး နေခွင့်မပေးဘူးတဲ့လေ
အဲ့ထက်ဆိုးတာက အိမ်ဖြိုမှာတဲ့ မေမေရယ်သမီးမှာလေ မေမေနဲ့ ပတ်သက်တဲ့ အမှတ်တဆိုတာ အဲ့အိမ်လေးထဲမှာပဲ ရှိတာ မေမေ စိုက်ပျိုးပေးခဲ့တဲ့ ဥယျာဉ် လေးကိုလဲ ဖျက်ဆီးမှာတဲ့
အဲ့လူယုတ်မာက အရမ်းယုတ်မာတယ် မေမေ ပြီးတော့ ရက်စက်တာလဲ တအားပဲ လူ့အသတ်ကို ကြက်ကလေး ငှက်ကလေးသတ်သလိုပဲမေမေ အသက် တစ်ချောင်းကို လွယ်လွယ်နဲ့ ဖျက်ဆီးတယ်
အဲ့လူယုတ်မာက ခန့်မှန်းရ သိပ်ခက်တာပဲတစ်ခါတလေကျ ဟင့်အင် တစ်ခါပဲ သမီးဖျားတဲ့ တစ်ခါပဲ သမီးပေါ် နူးနူးညံ့ညံ့ ဆက်ဆံပေးတာ ကျန်တဲ့ အချိန်တွေမှာ သမီးကို စိတ်ကော ကိုယ်ကော နှိပ်စက်တာပဲ မေမေ"
"မမ"
ဆည်းဆာ မေမေ့ အုတ်ဂူမှာ ရင်ဖွင့်တုန်း အသံကြားလိုက်ရသည်
ဒီအသံ ဒီအသံဟာ ဆည်းဆာ နှလုံးသားက သိပ်တောင့်တနေရတဲ့ ငယ်ရဲ့ အသံ
ဆည်းဆာ လှည့်ကြည့်လိုက်တော့ ငယ်ဟာ ဆည်းဆာ ကိုယ်လေးကို သူ့ရင်ခွင်ထဲကို ဆွဲသွင်းလိုက်သည်
ဆည်းဆာ သိပ်တောင့်တနေရတဲ့ အနွေးဓာတ်လေး ဒီအနွေးဓာတ်လေးကို တောင့်တနေတာ ၃နှစ်တောင်ရှိပြီ အရမ်းကို လွမ်းနေခဲ့တာ
"သိပ်လွမ်းနေတာ"
"တို့ရောပဲ ငယ်" ဝမ်းသာလွန်းသည့်အတွက် ဆည်းဆာ မျက်ဝန်းထဲမှ မျက်ရည်ကြည်လေးတွေ ထွက်ကျလာသည်
ငယ်ဟာ ဆည်းဆာ ပါးပြင်ကို ခပ်ဖွဖွလေးကိုင်ပြီး မျက်ရည်တွေကို သုတ်ပေးသည်
YOU ARE READING
ဗီလိန် (Villain)
Romantizm"ကျွန်မ ဘဝမှာ အမုန်းဆုံးက ရှင်ပဲ နှောင်းမဏိရှိန်" (နေဝင်ဆည်းဆာ) ဤဇာတ်လမ်းသည် စာရေးသူ၏ စိတ်ကူးယဉ် ဇာတ်လမ်းတစ်ပုဒ်သာဖြစ်သည်