" သားသားက မင်းကိုစိတ်ဆိုးနေတာလား။ "
ကြီးရွှေက ကလေးမကြားအောင် တိုးတိုးကလေးမေးလာလို့ သူ့မှာခေါင်းခါရမ်းပြရသေးသည်။
ဒါတောင်ကလေးက မျက်စောင်းလေးလှည့်ထိုးလာပါသေးတယ်။ကလေးကမနက်စာကို မြန်မြန်စားကာ ကျောင်းနောက်ကျလိမ့်မယ်ဆိုတဲ့အကြောင်းပြချက်ကြောင့် ကြီးရွှေဖျော်ပေးတဲ့ကော်ဖီလေးတောင် ကုန်အောင်မသောက်လိုက်ရ။
ကလေးကလေ ပျာတီးပျာယာနဲ့ကားထဲကိုဝင်ထိုင်တယ်။
" ရော့ "
ကလေးကလွယ်အိတ်ထဲကနေ ထုတ်ကာသူ့ကိုပေးလာတယ်။ သူကဘာလဲဆိုတဲ့သဘောဖြင့် မျက်ခုံးပင့်ပြတော့ ဆတ်ခနဲဆိုပြီးကားဘုတ်ပေါ်ကိုတင်ပေးတယ်။
" သုံးရက်စာ"
*သုံးရက်စာ*တဲ့။
" ဘာအတွက်လဲ။ "
" အားနေလို့။ "
" ကိုယ်ကမအားဘူးကလေး။ "
" မအားလဲယူ။ "
ကလေးနဲ့အခုလိုစကားမများရတာတောင်ကြာပြီ။ စတွေ့တုန်းကလဲ ကလေးနဲ့သူက စကားဘုဘောက်ကျခဲ့သည်။ ထိုဘုဘောက်လေးတွေပြောရာကနေ ကလေးကိုသူချစ်မိသွားတာပဲ။ ကလေးပေးတဲ့ စက္ကူလေးတွေကိုယူကာ အိတ်ကပ်ထဲထည့်လိုက်တယ်။
" ဘာလို့မအားတာလဲလို့မမေးတော့ဘူးလားကလေး။ "
" မမေးပါဘူး။ အငြင်းလေးတစ်ခါခံရတာနဲ့ စာပို့တာတောင် ပြန်မပို့တဲ့သူကို မေးစရာအကြောင်းမရှိဘူး။ "
" ကလေးမမေးလဲ ကိုယ်ကဖြေချင်တာကွာ။ ကလေးကိုလွမ်းနေရလို့ အချိန်တိုင်းလွမ်းနေရလို့ မအားတာ။ စာကဘယ်တုန်းကပို့တာလဲ။ ကိုယ့်ဆီမဝင်ဘူးဘာစာမှ။ "
တကယ်လဲသူ့ဖုန်းထဲဘာစာမှမဝင်တာ။ ဒါ့ကြောင့်လဲသူမသိတာ။
" ခင်ဗျားကိုငြင်းလိုက်တဲ့ညကလေ။ ကျွန်တော်ကတော့စိတ်ပူလို့ စာတွေဆက်တိုက်ပို့နေပေမယ့် ခင်ဗျားဆီကပြန်စာမပြောနဲ့ ဖုန်းတောင်တစ်ချက်မဆက်တာလေ။ "
" တကယ်ပါဆိုကလေးရာ။ ကိုယ့်ဆီကို ကလေးပို့တဲ့စာမရောက်တာအမှန်ပါ။ လိမ်မိရင်ကိုယ့်မိုးကြိုးပစ်။ မလိမ်ခဲ့ရင် ကလေးဆီက အချစ်ကိုအမြန်ဆုံးရစေ့။ "