Chapter 450

0 0 0
                                    


Chapter 450 : လူများအပေါ် စော်ကားမော်ကားပြုခြင်း

ဝူစစ်စစ်သည် ယခုအချိန်၌ သူမ၏ ဦးနှောက်ထဲတွင် အနည်းငယ် ဝေဝေဝါးဝါး ဖြစ်နေသည်ဟုသာ ခံစားနေရပြီး အစောပိုင်းက အိပ်မက်ဆိုး မက်နေသည်ဟုပင် ထင်ယောင်ထင်မှား ဖြစ်နေသည်။

ကျင်းယွင်ကျောင်းဆီမှာ ဘယ်လိုဖြစ်လို့ သည်လိုအရည်အချင်းမျိုး ရှိသွားရတာလဲ။

ဝူစစ်စစ်သည် ဒယိမ်းဒယိုင်ပင် ဖြစ်ချင်လာ၏။

"နင့်မိဘတွေဆီကို သူတို့ ဘာလို့ အလုပ်ထုတ်ခံရတယ်ဆိုတဲ့ အကြောင်းရင်း ငါ ပြောပြပေးဖို့ လိုသေးလား"

ကျင်းယွင်ကျောင်းက ထပ်မေးလိုက်သည်။

ဝူစစ်စစ်၏ မိဘများ ကျူးလွန်ခဲ့သည့် အမှားများကို ထည့်မတွက်လျှင်တောင်မှ ကျင်းယွင်ကျောင်းသည် ဝူစစ်စစ်အား သက်သက်ညှာညှာ သင်ခန်းစာ ပေးလိုက်သည်ဟုပင် ယူဆနိုင်၏။

ထိုအခါ ဝူစစ်စစ်၏ မျက်နှာပေါ်၌ တုန်လှုပ် ခြောက်ခြားနေသည့် အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားပြီး ချက်ချင်းပင် တစ်ဖက်မိသားစုအား လှည့်ကြည့်ကာ အံကြိတ်၍ ပြောလိုက်သည်။

"တောင်းပန်ပါတယ်၊ ကျွန်မ မှားသွားတယ်။ အခု ကျွန်မမှာ ပိုက်ဆံက ဒီလောက်ပဲ အများဆုံးရှိတော့လို့ပါ။ ပြီးရင် ရှင်တို့ ဆေးရုံကို သွားလိုက်ပါ"

စကားဆုံးသည်နှင့် ယွမ် တစ်ရာတန် သုံးရွက် ထုတ်ပေးလိုက်၏။ အစောပိုင်းက ယွမ် ခုနစ်ရာ ရှိသည့် အကြောင်းအရင်းမှာ သူမ၏ ဘေးတွင် ရပ်နေသည့် အတန်းဖော်၏ ပိုက်ဆံများကိုပါ ပေါင်းထားသောကြောင့် ဖြစ်သည်။ ယခု ထို အတန်းဖော် ထွက်သွားသောအခါ ကျန်ခဲ့သည့် ပိုက်ဆံများသည် သူမတို့၏ မိသားစုပိုင် ငွေများချည်းသာ ဖြစ်၏။

ဝူစစ်စစ် ကဲ့သို့သော တစ်ကိုယ်ကောင်းဆန်သည့် လူမျိူးသည် ပျော့ပျော့ညံ့ညံ့နှင့် စကား မပြောရဲ၊ မဆိုရဲ ဖြစ်နေသော သူများကိုသာ အနိုင်ကျင့်တတ်၍ လက်တွေ့၌ အခက်အခဲများနှင့် ရင်ဆိုင်ရသောအခါ သူတို့၏ အားနည်းချက်များကို ချက်ချင်း ထုတ်ပြတော့သည်။

ကလိုဗာ 1Where stories live. Discover now