Chapter 463: မင်း အနောက်နားလေးမှာပဲဟုန်းဝမ်၏ သေဆုံးမှုမှာ ပင်လယ် သမုဒ္ဒရာထဲသို့ကျောက်တုံးသေးသေးလေး တစ်တုံး ပစ်ပေါက်လိုက်သည့်နှယ်။ မည်သူမှ အာရုံမရှိကြပေ။ ဟုန်းမိသားစုအကြောင်း အစအဆုံး သိထားကြသော သူများပင်လျှင် ဟုန်းဝမ်၏ သေဆုံးမှုကို မသိချင်ယောင်ဆောင်ထားကြပြီး မျက်စိတစ်မှိတ်အတွင်းအားလုံး မေ့မေ့ပျောက်ပျောက် ဖြစ်သွားကြသည်။
ကျင်းယွင်ကျောင်းက ဟုန်းဝမ်အား မျက်စိဒေါက်ထောက်ကြည့်နေခဲ့၏။ ထို့ကြောင့် ဟုန်းဝမ် ကားမတော်တဆ ဖြစ်ပြီးနောက် ပထမဆုံး သိရသူမှာ သူ (မ) ဖြစ်သလို စိတ်သက်သာရာ ရသွားမိသည်။
သွေးကြွေးကို သွေးနှင့်သာ ပြန်ဆပ်နိုင်၏။သူတစ်ပါး အသက်ကို ကစားပြီး နှုတ်ယူတတ်သော ဟုန်းဝမ် တစ်ယောက် ချက်ချင်း လက်ငင်း ဝဋ်ပြန်လည်လေပြီ။ သေခြင်းတရားက သူ (မ)
နှင့် ထိုက်တန်သော ဆုလက်ဆောင် တစ်ခုပင်။ကျင်းယွင်ကျောင်းလည်း လက်ထဲရှိ ဖုန်းကို ချလိုက်ပြီး တွန့်ကြေနေသော လည်စည်းပဝါကိုကောက်ကိုင်လိုက်သည်။ စားပွဲပေါ်ရှိ သေတ္တာဘူးလေးက လှပသိမ်မွေ့သော်လည်း လည်စည်းပဝါနှင့် လုံးဝ မလိုက်ဖက်ချေ။
ပြန်လည် မမွေးဖွားလာမီတွင် သူ (မ) က စာပေအရာတွင် တစ်ဖက်ကမ်းခပ်အောင် ထူးချွန်၏။ သို့သော် လည်စည်းပဝါကို ဘယ်သောအခါမှ မချုပ်လုပ်ခဲ့ဖူးချေ။ ပြန်လည် မွေးဖွားလာပြီးနောက် ဝိညာဥ်ကျောက်စိမ်းကို သူ (မ) ပိုင်ဆိုင်ထားသော်လည်း ဘိုးဘေး၏ မှတ်ဥာဏ်ထဲတွင် ဤသို့သော ကိစ္စမျိုး အဘယ်ကြောင့် ရှိနေရပါသနည်း။ လည်စည်းပဝါတွင် ထိုးချုပ်ထားသော ပန်းပုံစံမှာ ခေတ်သစ် ချုပ်ပုံမျိုး မဟုတ်သလို ရှေးခေတ်တွင်လည်း တစ်ခါမှ မမြင်ဖူးခဲ့သော ပုံစံမျိုး ဖြစ်သည်။
အတိတ်ဘဝတွင် သူ (မ) ၏ သူငယ်ချင်းများက ဇာထိုးခြင်း၊ သိုးမွေးထိုးခြင်း၊ လည်စည်းပဝါ ထိုးခြင်းကဲ့သို့သော အချုပ်အလုပ် ပညာရပ်များကိုအကျွမ်းဝင်သော်လည်း သူ (မ) က စိတ်ဝင်စားခြင်းမရှိခဲ့ပေ။ ချည်ခင် တစ်လုံး ဝယ်ပြီး ချည်ကြိုးများကို စနစ်တကျ ပြန်စီရခြင်းပင်လျှင် သူ (မ) အတွက်ခက်ခဲလှသည့် အလုပ်တစ်ခုလို ဖြစ်နေခဲ့သည်။