Chapter 496

0 0 0
                                    

စူးချူ၏ ဟိန်းဟောက်သံကြောင့် အခန်း တစ်ခုလုံး ငြိမ်ကျသွား၏။ ရှောင်ဟိုင်ချင်းသည် သူမအား ထိတ်လန့်မှုဖြင့် ကြည့်လိုက်သည်။ စူးချူသည် အားနည်းပြီး နူးညံ့သိမ်မွေ့သော မိန်းကလေးဟု သူထင်ခဲ့သော်လည်း ယခုမူ စိတ်ထား အနူးညံ့ဆုံးလူပင် ရှောင်ချင်းအား တွေ့လျှင် ပေါက်ကွဲတတ်သည့်ပုံ ဖြစ်သည်။

“ငါက ဒီအတိုင်း ဘာအမှားမှ မလုပ်ခဲ့ဘူးဆိုတာကို ဦးလေးနဲ့အဒေါ်ကို ပြောပြပေးချင်ရုံပါပဲ”

ရှောင်ချင်း ထပ်ပြောလိုက်သည်။

စူးချူသည် စိတ်မချမ်းမသာဖြင့် ဒေါသထွက်နေသည်။ သူမတွင် ဒေါသမာန်အပြည့်ပင်။

'သူမှန်ပြန်ပြီလား။ ဘာလို့ အမြဲတမ်း သူမှန်တယ်ပဲ ပြောနေတာလဲ'

သူမသည် ဘဝတွင် ဤကဲ့သို့ ကျိုးကြောင်းပြ၍ မရသော လူမျိုးကို တစ်ခါမှ မမြင်ခဲ့ဖူးချေ။ ရှောင်ချင်းသည် ကမ္ဘာကြီးမှ မိမိကို ဗဟိုပြု၍ လည်ပတ်နေသည်ဟု ထင်မှတ်နေပြီး သူမ၏ ကိုယ်ကျိုးအတွက် လုပ်ချင်သမျှကို လုပ်ခဲ့လေသည်။ အခြားသူများကို အခွင့်ကောင်း ယူနေသော်ငြား မိမိသည်သာ ဒုက္ခအခံရဆုံးဟု မှတ်ယူသေးသည်။

စူးချူသည် သူမအား ဒေါသတကြီးဖြင့် စိန်းစိန်းဝါးဝါး ကြည့်လိုက်သည်။ သူမသည် လက်ကိုမြှောက်ကာ ရှောင်ချင်းမှ သယ်သွားရန် လုပ်နေသည့် စားပွဲပေါ်မှ ပန်းအိုးကို ကောက်ယူလိုက်၏။ ထို့နောက် သူမသည် ၎င်းအား ရှောင်ချင်း ရှိသောနေရာထံ တန်းတန်း ပစ်ပေါက်ကာ ပြောလိုက်သည်။

“ဒီနေရာက ထွက်သွားစမ်း”

“ခွမ်း” ဟူသော အသံနှင့်အတူ ပန်းအိုးသည် ရှောင်ချင်း၏ ခြေထောက်နားတွင် ကွဲကြေသွားလေသည်။

ရှောင်ဟိုင်ချင်းသည်လည်း မျက်ခုံးကို ပင့်ကာ ပြောလိုက်၏။

“ဒီအတိုင်း ရဲကိုသာ တစ်ခါတည်း ခေါ်လိုက်။ သူ့ဘာသာ စာပဲ ချန်ချန်၊ ဘာပဲ ချန်ချန်၊ ပိုင်ရှင်ရဲ့ခွင့်ပြုချက်ကို မယူဘူးဆိုတော့ ဒါခိုးတာပဲ”

စူးချူသည် ထိုစကားကိုကြားသည်နှင့် အလျင်အမြန် ခေါင်းညိတ် သဘောတူလိုက်ပြီး စကားတစ်ခွန်းမှ ဆက်မပြောဘဲ ဖုန်းကိုသာကောက်ကိုင်ကာ ရဲစခန်းနံပါတ်အား နှိပ်လိုက်၏။ ဤအရာကို တွေ့လိုက်သော ရှောင်ချင်းသည် ပြာပြာသလဲ ဖြစ်သွားလေသည်။ ထိုအခါ ရှောင်ချင်းဘေးမှ အမျိုးသားသည်လည်း အချိန်ကိုက် ပြောလိုက်၏။

ကလိုဗာ 1Where stories live. Discover now