Chapter 173: Visitors from Fufeng Island

399 79 1
                                    

Unicode

"ကောင်းသောနေ့ပါ ရှောင်သခင်လေးနဲ့ လဲ့သခင်လေး" ရှောင်ရှောင်ဖန်နှင့် လဲ့ရွှမ်တို့ တွေ့ဆုံခဲ့သော ကျင့်ကြံသူများသည် သူတို့ကို လေးစားစွာ နှုတ်ဆက်သည်။

"ကဏန်းနီသားရဲတွေ ထပ်ရောက်လာပြန်ပြီ။ ကျေးဇူးပြုပြီး လိုက်ကြည့်လို့ရမလား" ကျင့်ကြံသူတစ်ယောက် ပြေးလာသည်။

ရှောင်ရှောင်ဖန် စိတ်လှုပ်ရှားသွားသည်။ "ကောင်းပြီ"
ကမ်းခြေသို့သွားသောအခါ ထီးအရွယ် ကဏန်းအုပ်စုတစ်စုကို တွေ့လိုက်ရသည်။ ရှောင်ရှောင်ဖန်သည် သွားရည်ကျစွာဖြင့် ကမ်းစပ်က ကဏန်းတွေကို သတ်ပစ်လိုက်သည်။ ချီကျင့်ကြံသူများက အံ့အားသင့်စွာ အော်ဟစ်အားပေးကြလေ၏။

ရှောင်ရှောင်ဖန်က သူတို့ကိုကြည့်ရင်း ဘာမှမထူးခြားသလို ပြောလိုက်သည်။ "ဒါက ကဏန်းအနည်းငယ်ပါပဲ။ ဘာမှကြောက်စရာမရှိဘူး။ ဒီလိုမျိုးတွေ ထပ်ကြုံလာတဲ့အခါ ကျွန်တော့်ကိုသာ ပြောလိုက်"

ရှောင်ရှောင်ဖန် ကျွန်းသို့ရောက်ပြီးနောက်တွင် သူသည် ကမ်းပေါ်တက်လာသော ပင်လယ်သားရဲများအား သတ်ပစ်ရန်တာဝန်ကို ရက်ရက်ရောရော လက်ခံခဲ့ပြီး ကျွန်းပေါ်ရှိ ကျင့်ကြံသူများ၏ ထောက်ခံမှုကို ရရှိခဲ့သည်။

ရှောင်ကျင့်ထျင်သည် ကျွန်းပေါ်တွင် အခြေချနေထိုင်ပြီးနောက် အမြုတေ တည်ဆောက်ရန် စတင်ပြင်ဆင်ခဲ့သည်။

"ကျွန်းပေါ်မှာ ခံစစ်အကာအကွယ်ထားဖို့ လိုတယ်။ ဒါက မူကြမ်းပါ" ရွှီမုရန်က ရှောင်ရှောင်ဖန်နဲ့ တခြားသူတွေကို ဆင့်ခေါ်လိုက်သည်။

လဲ့ရွှမ်က စိတ်ရှုပ်သွားသည်။ "ဒီလောက် ကြီးမားတဲ့ အကာအကွယ်ကို ခင်းကျင်းဖို့ လိုလို့လား?"

ရွှီမုရန်က ခေါင်းညိတ်ပြီး "လိုတယ်"

ရှောင်ကျင့်ထျင်သည် အမြုတေ တည်ဆောက်ရန် လအနည်းငယ်ကြာလိမ့်မည်။ သူတို့သည် ဝေးလံခေါင်သီသော ကျွန်းသို့ရောက်ရှိခဲ့သည်။ ရှောင်ကျင့်ထျင်သာ ဤနေရာတွင် အမြုတေ တည်ဆောက်ခဲ့မည်ဆိုလျှင် ယင်းအကြောင်းကို လူအနည်းငယ်သာ သိနိုင်မည်ဖြစ်သည်။ သို့သော် ရှောင်ကျင့်ထျင်သည် ရွှေအမြုတေအဆင့် ရောက်သောအခါတွင် ၎င်းသည် ရုန်းရင်းဆန်ခတ်ဖြစ်စေလိမ့်မည်။ ရှောင်ကျင့်ထျင်အား အန္တရာယ်များမှ ကာကွယ်ရန်အတွက် ရွှီမုရန် သည် သူ့ပတ်ဝန်းကျင်တွင် အကာအကွယ် ခင်းကျင်းရန် ဆုံးဖြတ်ခဲ့သည်။

ဝိညာဥ်​ရေးရာအပင် ဆရာသခင်အဖြစ် ကူး​ပြောင်းလာခြင်းWhere stories live. Discover now