ထို့ကြောင့်၊ ကုပိုင်သည် ဤပြိုင်ပွဲအတွက် မည်သို့သောဟင်းလျာများ ချက်ပြုတ်ပြီး မည်သို့သောနာမည်မျိုးပေးရန် စီစဉ်ထားပြီးဖြစ်သည်။အခြားအကဲဖြတ်ဒိုင်လူကြီးက မေးသည်။ “အဲ့ဒါက ဘာကိုဆိုလိုတာလဲ”
ကုပိုင် purslaneကြော်ကို ညွှန်ပြပြီး ရှင်းပြလိုက်၏။ "ဒီတစ်ခုကို အစိမ်းရောင်ပိုးစာပင်လို့ခေါ်ပြီး အစောကပြောခဲ့တဲ့ဟင်းလျာနဲ့ ဒီဟင်းလျာနှစ်မျိုးစလုံးကို လီပိုင်ဖန်တီးထားတဲ့ 'နွေဦးကို သတိရနေတယ်'လို့ခေါ်တဲ့ ကဗျာထဲက conceptအပေါ် အခြေခံပြီး နာမည်ပေးထားတာပါ"
ကုပိုင်က ကဗျာ၏အဓိပ္ပါယ်နှင့် ဆိုလိုရင်းကို အကဲဖြတ်ဒိုင်လူကြီးများအား အတိုချုံး ရှင်းပြခဲ့သည်။ "ဟင်းပွဲတွေက ကဗျာရဲ့conceptနဲ့ အပြည့်အ၀ ကိုက်ညီနေတာကြောင့် သူတို့ကို အဲ့ဒီနာမည်တွေ ပေးခဲ့တာဖြစ်ပါတယ်"
တကယ်တော့၊ အမျိုးသမီးဇာတ်လိုက် သူမဟင်းလျာများကို နာမည်ပေးသည့်အချိန်တုန်းက အခြားဟင်းသီးဟင်းရွက်များကို အသုံးပြုခဲ့၏။ သို့သော်၊ ကုပိုင်အသုံးပြုနိုင်သည့် ပါဝင်ပစ္စည်းများသည် အကန့်အသတ်နှင့်ရှိသောကြောင့် ၎င်းကို purslane ဖြင့် အစားထိုးရမည်ဖြစ်ပြီး themeနှင့်လည်း ကိုက်ညီလေသည်။
အကဲဖြတ်ဒိုင်လူကြီးငါးဦးက ကဗျာကိုကြားသည့်အခါ အနည်းငယ် စွဲလမ်းသွားကြသည်။ တစ်နည်းနည်းနှင့် သူတို့ စိတ်လည်းလှုပ်ရှားသလို ဂုဏ်ယူမိသည့်ခံစားချက်လည်း ရလိုက်၏။
"ဒီဟင်းက ဘာလို့ခေါ်လဲ" စစ်ရှောင်းက ဟင်းနုနွယ်ကြော်ကို လက်ညှိုးထိုးပြပြီး မေးသည်။
"နှုတ်သီးနီနဲ့ အစိမ်းရောင်ကြက်တူရွေးလေးက ကဗျာအကြောင်းမဟုတ်ဘဲ ဇာတ်လမ်းတစ်ပုဒ်ပါ ဧကရာဇ်မင်းတစ်ပါးက တစ်ချိန်က အရပ်သားတွေဆီ သွားခဲ့တယ်လို့ ဆိုကြတယ် သူ စားသောက်ဆိုင်တစ်ခုထဲ ၀င်သွားတော့ ဆိုင်ပိုင်ရှင်က တို့ဟူးဟင်းလျာတစ်ပန်းပန်ကို တည်ခင်းပေးခဲ့တယ်တဲ့ တို့ဟူးရဲ့ တစ်ဖက်တစ်ချက်မှာ ဟင်းနုနွယ်ရွက်ကိုထည့်ထားပြီး ဒါက ဟင်းလျာတစ်ခုနဲ့တစ်ခုကို ပိုဆွဲဆောင်မှုရှိစေပြီး ပိုပြီးမျက်စိကျိန်းစေတယ် မြည်းစမ်းကြည့်လိုက်တဲ့အခါ ဧကရာဇ်က ကျေနပ်အားရမှုနဲ့ လန်းဆန်းမှုကို ခံစားလိုက်ရတာကြောင့် ပိုင်ရှင်ကို ဒီဟင်းလျာနာမည်က ဘာလဲလို့မေးသတဲ့ ပိုင်ရှင်က 'အစွန်းမှာ ရွှေချထားတဲ့ အဖြူရောင်ကျောက်စိမ်းပြားနဲ့ နှုတ်သီးနီရှိတဲ့ အစိမ်းရောင်ကြက်တူရွေးလေးပါ' လို့ လေးလေးစားစား ပြန်ဖြေခဲ့တယ်တဲ့"