အရာရာကို သေချာပြန်ကြည့်ရမည်ဆိုရင် ယမုံဘာလို့ မောင့်ကိုမုန်းနေသလဲဆိုတာရယ်၊ယမုံရဲ့ ကလေးလေးဟာ ဘယ်သူနဲ့ရခဲ့သလဲဆိုတာရယ် ယမုံနဲ့ မောင့်ဇာတ်လမ်းကို သေချာသိဖို့ လွန်ခဲ့တဲ့ နှစ်တွေကို ပြန်သွားကြည့်ရအောင်ပါရှင်။
7 years ago
ဒီနေ့က ညမလေး ဆယ်တန်းအောင်တဲ့ နေ့ ဂုဏ်ထူး ခြောက်ဘာသာပါတဲ့ ညီမလေးက ဆရာဝန်မလုပ်ချင်ပဲ ရန်ကုန်မှာ သူ့သူငယ်ချင်းနဲ့ ကျောင်းတတ်ဖို့ ပူဆာနေလို့ ခင်တို့ စကားများတဲ့နေ့လေးပေါ့လေ။
"ယမုံခင် မမပြောနေတယ်လေ"
"မရဘူးမမ ယမုံ မောင်နဲ့ပဲ ကျောင်းတူတူတတ်ချင်တာ"
"အဲ့ တစ်ယောက်က ယမုံအတွက်ဘယ်လောက်တောင် အရေးပါနေလို့လဲ ဟင် "
"ဟာ မမကလည်း ယမုံ မောင်နဲ့ပဲ တူတူတတ်ချင်တာပါဆို "
"ယမုံခင် မမကိုတောင် ပြန်အော်နေပြီပေါ့လေ"
"မမကို ယမုံ မချစ်တော့ဘူး"
"ဘာ...ဘယ်လို ယမုံ မမက အဲ့မောင်ဆိုတဲ့ တစ်ယောက်နဲ့ အတူတူမတတ်ခိုင်းလို့ မချစ်တော့ဘူးတဲ့လား တတ်လည်းတတ်နိုင်ပါ့ယမုံရယ်"
"မသိဘူး မသိဘူး မောင်နဲ့မှ အတူတူမတတ်ရရင် မတတ်တော့ဘူး ဒါပဲ..ဟွန့်"
ပြောမရတဲ့ ညီမလေးကို ချော့လို့လည်းမရ ခြောက်လို့လဲ မရနဲ့မို့ ထိပ်ထားတစ်ယောက် သက်ပြင်းချကာသာ ဆိုဖာပေါ် အသာထိုင်လိုက်မိသည်။ယမုံကတော့ သူပြောတာ မရလို့ ဆောင့်အောင့်ကာ အပေါ်ထပ်သို့ တတ်သွားကာ အခန်းတံခါးကို ဆောင့်ပိတ်ပြီး အသံတိတ် ဆန္ဒပြနေလေရဲ့လေ။
ညနေတောင် ရှိပြီ နေ့လည်ကလည်း ထမင်းထွက်မစား ဒီကောင်မလေးနှယ် တယ်ခတ်ပါ့လားကွယ်။ပြေးကြည့်မှ ဒီညီမ နှစ်ယောက်ပဲ ရှိတာကို မမက ဘယ်လို ပြစ်ထားရက်ပါ့မလဲကွယ်။
ဒေါက်...ဒေါက်...ဒေါက်...
အခန်းတံခါး ခေါက်ကြည့်ပေမဲ့ ဘာအသံမှ ပြန်မလာတာကြောင့် စိတ်လျော့ သက်ပြင်းချကာသာ
"ယမုံခင် မမနဲ့ စကားပြောရအောင် "
"............."
"ကောင်းပြီလေ အဲ့လိုလုပ်နေရင် ကျောင်းကိစ္စမလုပ်ပေးတော့ဘူး.... အံမလေး..."
YOU ARE READING
မောင်ချစ်သော အညာသူ ( gl fic)
Nonfiksiအညာသူလေးတွေဟာ လှလည်းလှသလို မာယာလည်းများပါတယ်နော်။အညာသူလေးတွေကို ချစ်မိရင်တော့ မျက်ရည်ခိုင်မှ ရမယ်နော်။