29{U+Z}

162 11 0
                                    

"မောင်.....ပျော်နေတယ် ထင်ပါရဲ့"

မောင်တို့ဘောလုံးပစ်တန်းဆော့နေတာကို အဝေးတစ်နေရာ အရိပ်လေးကနေ လှမ်းကြည့်ရင်း တစ်ယောက်တည်း ရေရွတ်နေမိသည်။

"ဘယ်လိုလဲ ယမုံ တော်တော်မှ စပရိုက်ဖြစ်ရဲ့လား"

"ဟင်"

အနောက်မှ စကားပြောသံထွက်လာတာမို့ လှည့်ကြည့်မိတော့ ဥက္ကာက ယမုံ့ဘေး ဝင်ထိုင်လို့ မေးသည်။ယမုံလည်း အပြုံးမမည်တဲ့ အပြုံးလေးပြုံးလို့ မောင့်ကို ငေးကြည့်ပြီး

"အင်း.......တကယ့်ကို အံ့သြခဲ့ရပါတယ်။
မောင်က မထင်မှတ်ထားတဲ့အရာကို လုပ်ရတာ အရမ်းသဘောကျတယ် ထင်ပါရဲ့"

"နာကျင်နေသလားယမုံ"

ဥက္ကာအမေးကြောင့် ဥက္ကာကို ကြည့်လိုက်ပြီး

"ဥက္ကာလည်း သတိထားမိတယ်ထင်ပါ့ ဟုတ်သလား"

"ယမုံဆိုလိုတာက.."

"သိရဲ့နဲ့ အိပ်ချင်ယောင်မဆောင်စမ်းနဲ့ ဥက္ကာရယ်"

ယမုံ့အပြောအဆုံး ဥက္ကာက ခေါင်းမော့လို့ သဘောတကျ ရယ်သည်။ဒီလိုဆိုတော့လည်း ယမုံတစ်ယောက် ရှက်မိပါသည်။

"အို.....ယမုံပြောတဲ့ထဲမှာ ရယ်စရာ ဘာပါသလဲ ဥက္ကာ ပြောစမ်းပါဦး"။

"မပါပါဘူးယမုံ... မပါပါဘူး"

"အထင်တော့ မသေးစေချင်ဘူး ဥက္ကာ အချစ်ဆိုတာ လိင်ပေါ်မူတည်တာမဟုတ်ပဲ ကိုယ့်ရဲ့ပျော်ရွှင်ရာပဲလို့ ယမုံထင်တယ်"

"ဟိုး...ဟိုး....အေးဆေးပေါ့ ယမုံ ကျွန်တော်အထင်သေးတဲ့စကား တစ်ခွန်းတောင် မပြောမိသေးဘူး ထင်ပါရဲ့ နောက်ပြီး ရှင်းသန့်ကလည်း ကျွန်တော့ သူငယ်ချင်းပါနော်"

ဥက္ကာပြောတော့ ယမုံက နှုတ်ခမ်းလေးဆူလို့ အရှေ့ကိုလှည့်ကာ

"မသိဘူးလေ ဥက္ကာက ရယ်နေတာကို"

ယမုံပြောတော့ ဥက္ကာက ပြုံးလို့

"အစက သတိထားမိပေမဲ့ အခုလို ဝန်ခံတော့လည်း အင်း......ကူညီပေးရမလား ယမုံ"

"ဘယ်လို"

ယမုံက နားမလည်နိုင်တဲ့ မျက်ဝန်းလေးတွေနဲ့ ကြည့်လို့

မောင်ချစ်သော အညာသူ ( gl fic)   Where stories live. Discover now