"ဘယ်သွားမလို့လဲ ယမုံ မှောင်နေပြီလေ"
ယမုံတစ်ယောက် ရတီ့အိမ်မှာ ရောက်နေတာ တစ်ပတ်ပြည့်တဲ့နေ့ ။အရင်နေ့တွေမှာဆို တစ်မှိုင်မှိုင်တဆွေးဆွေးနဲ့ အခန်းပြင်တောင်သိပ်မထွက်တဲ့ ယမုံက ဒီနေ့မှ မျက်နှာလေးကလည်း ဝင်းလို့ ပျော်နေသည်ထင်ပါရဲ့။ဆံပင်လေးကို pony tail လေးစည်းလို့ အပေါ်က crop tot အနက်လေးကို စတိုင်ပင် အပြာနုလေးနဲ့ တွဲဝတ်ထားတဲ့ ယမုံက အရမ်းလှလွန်းပါသည်။
"ငါ...ငါ့ကို...ငါ့ကို မောင်က တွေ့ရအောင်တဲ့ မက်ဆေ့ပို့တယ် ရတီ"
ပျော်ရွှင်မှုကြောင့် လက်ဖျားတွေအေးပြီး အသံတွေတောင် တုန်နေတဲ့ ယမုံ့ကို ကြည့်ပြီး သက်ပြင်းရှိုက်မိတယ်။သူ့အတွက်မပျော်လို့မဟုတ်ပေမဲ့
"ယမုံ စိတ်အေးအေး ထားပါဦးဟ "
"ပြောစရာရှိနောက်မှပြောတော့ ရတီရယ် မောင်စောင့်နေရတာ ကြာနေလိမ့်မယ်"
ပြောကာသာ အရှေ့တံခါးဆီ ဇွတ်သွားဖို့ပြင်နေတဲ့ယမုံလက်ကိုဆွဲလို့
"အချိန်ကိုကြည့်ဦးယမုံ မှောင်နေပြီဟ နောက်ပြီး မောင်က နင့်ကို ဘယ်မှာတွေ့မယ်ပြေတာလဲ"
ရတီ့အမေးအပြီး ယမုံက သက်ပြင်းရှိုက်လို့ ရတီ့ လက်ကိုအသာ ဖယ်ကာ
"မစိုးရိမ်ပါနဲ့ ရတီရယ် မောင်က ငါ့ကို နေရာပို့ပေးမယ်တဲ့... ေဟာ အခုပဲ စာဝင်လာပြီ နောက်မှပြောတော့ ရတီရေ သွားပြီ"
"ဟေ့ ယမုံ နေဦးလေ...ဟို...ဟို...ဟာ....."
စကားမဆုံးခင် ယမုံ့ဆီ စာဝင်လာတာမို့ ယမုံတစ်ယောက် ရတီ့လက်ကိုဇွတ်လွှတ်ကာ ထွက်သွားလေသည်။ရတီကတော့ တားမရတဲ့ ယမုံ့ကို ခေါင်းခါကာသာ လက်လျော့လိုက်ရသည်။
"နေပါဦး နေခြည်မောင်က ဒီမှာရှိလို့လား မနေ့က ညနေကပဲ သူ့အမဆီ အကုန်သွားကြပြီမလား........"
အတွေးတွေနဲ့ ပြည့်နေတုန်း ဖုန်းဝင်လာတာမို့ ကြည့်လိုက်တော့ ဥက္ကာ
"အေး ဘာလဲပြော"
"ယမုံက ဒီညပြန်လာမှာ မဟုတ်လို့ စောင့်မနေနဲ့လို့ လှမ်းပြောတာ"
YOU ARE READING
မောင်ချစ်သော အညာသူ ( gl fic)
Literatura Faktuအညာသူလေးတွေဟာ လှလည်းလှသလို မာယာလည်းများပါတယ်နော်။အညာသူလေးတွေကို ချစ်မိရင်တော့ မျက်ရည်ခိုင်မှ ရမယ်နော်။