"မောင်ကလည်း ယမုံ့ကို ဘားကို ဘာလို့ချိန်းတာပါလိမ့်..."
ထောင့်ဝိုင်းမှာထိုင်ကာ တစ်ယောက်တည်း ငြူစူစွာပြောပြီး လက်ကနာရီကိုကြည့်မိတော့
"9 နာရီတောင် ထိုးတော့မှာပဲ မောင်မရောက်လာသေးဘူး ဖုန်းဆက်ကြည့်ဦးမှ"
'လူကြီးမင်း ခေါ်ဆိုသော ဖုန်းမှာ သက်မှတ်ချိန်အတွင်း ပြန်လည်ဖြေကြားခြင်း မရှိပါသဖြင့်..'
ဖုန်းလေးကိုကိုင်လို့ မပီမပြင်လေးပြုံးကာ
"မောင် ဖုန်းနားမရှိလို့နေမယ်..ခနနေရင်တော့ ရောက်လောက်ပါရဲ့.."
ကနေတဲ့ သူတွေကိုကြည့်လိုက် ရှေ့က ကော့တေးခွက်လေးကို ကိုင်လိုက် သီးချင်းလေး လိုက်ငြီးလိုက်လုပ်နေရင်း စိတ်တို့ဟာ မကြည်ချင်တော့သလို...ဖုန်းကို ထပ်ဆက်ကြည့်တော့လည်း....
'လူကြီးမင်း ခေါ်ဆိုသော ဖုန်းမှာ သက်မှတ်ချိန်အတွင်း ပြန်လည်ဖြေကြားခြင်း မရှိပါသဖြင့်..'
အဆက်မပြတ်ခေါ်ရင်း ဆက်တိုက်ကြားနေရတဲ့ ဒီအသံကိုတောင် မုန်းမိလာသည်။နာရီကြည့်တော့ 10 နာရီ ထိုးတော့မှာမို့ တုန်နေတဲ့ လက်တို့ကို စိတ်တင်းလို့ ထိန်းထားပြီး ရှေ့က ကော့တေးတွေပဲ ဆက်တိုက်သောက်နေမိသည်။
ကိုင်သူမရှိတဲ့ ဖုန်းလေးကို ငေးကြည့်လို့ သောက်ထားတဲ့အရှိန်ကြောင့်ပါ ရောပြီး ပြိုကျလာတဲ့ မျက်ရည်စတွေကို မသုတ်ပဲ ခပ်ဆွေးဆွေး လေသံဖြင့် တစ်လုံးချင်း ထွက်လာတဲ့ စကားတို့ဟာ နာကျင်မှုကိုတော့ ဖော်ပြနိုင်ကောင်းပါရဲ့....
"မောင်...ပြောတော့ တွေ့ရအောင်ဆိုပြီး ရောက်လည်းမလာဘူးမောင်ရယ်...ဘာတွေများလုပ်နေတာလဲဟင် ယမုံမျှော်နေတာလေ မောင်ရဲ့.....မောင်က ရောက်မလာတော့ ယမုံစိတ်ဆိုးမိမယ်ကွယ်...."
ဖုန်း wallpaper က မောင့်ရဲ့ ခြံထဲမှာ ပြုံးနေတဲ့ ပုံလေးကို ကြည့်လို့ စီးကျလာတဲ့ မျက်ရည်တွေကို လက်ဖမိုးနဲ့သုတ်ကာ လက်မလေးနဲ့ မောင့်ပုံလေးကို ငြင်သာစွာ ပွတ်လို့
"ဒါပေမယ့် မောင်ရယ် ယမုံက မောင့်ကို စိတ်လည်းမဆိုးရက်သလို စိတ်လည်း မနာနိုင်ဘူးကွယ်....ဟား...ဟား....ဒါကိုသိလို့လည်း မောင်က ယမုံ့ပေါ်ကို ဆိုးနေတာပေါ့ ဟုသလားမောင်...ပြောစမ်းပါ မောင်ရယ်...ပြောစမ်းပါဦး..."
YOU ARE READING
မောင်ချစ်သော အညာသူ ( gl fic)
Non-Fictionအညာသူလေးတွေဟာ လှလည်းလှသလို မာယာလည်းများပါတယ်နော်။အညာသူလေးတွေကို ချစ်မိရင်တော့ မျက်ရည်ခိုင်မှ ရမယ်နော်။