(Unicode)
"roaddd...."
"ဘာလာလုပ်တာလဲ"
"သားdaou.. လာလာ အိမ်ထဲဝင်လေ"
"ဟုတ်ကဲ့ အန်တီ၊ ဒီမှာ ကျွန်တော် အန်တီတို့အတွက် မုန့်တွေဝယ်လာတယ်"
"ဘာလို့အလုပ်ရှုပ်ခံ ဝယ်လာရတာလဲကွယ် ထိုင်အုံး အန်တီ ဟင်းချက်နေတုန်းကြီးမို့"
"ဟုတ် အန်တီ"
"သားroad စိတ်ကောက်မနေနဲ့ မကြီးမငယ်နဲ့ ကလေးတွေလည်းမဟုတ်ကြတော့ဘူး"
"အမေက ကိုယ့်သားဘက်ကမနေဘဲ"
"ဒီလောက်စိတ်ကောက်ပြီးရင် တော်ပြီပေါ့ မြေးလေးတွေမျက်နှာလည်းကြည့်အုံးလေ"
"ဟင်းအိုးတူးနေအုံးမယ် သွားတော့"
"အေး ဟုတ်သား သားdaou အေးဆေးနေအုံးနော်"
"ဟုတ်"
____"roaddd......"
"………"
"ကိုယ် ဒီမှာ roadကြိုက်တဲ့မုန့်တွေ ဝယ်လာပေးတယ်"
"မစားချင်ဘူး"
"ကိုယ့်ကိုစိတ်မကောက်ပါနဲ့တော့ နောက်roadသံသယဖြစ်စရာကိစ္စတွေ မရှိလာစေရဘူး ကတိပေးတယ် အခုကိစ္စကလည်း ကိုယ်မသိလိုက်လို့ပါ ကိုယ်က ဖောက်ပြန်ဖို့နေနေသာသာ ဘယ်သူနဲ့မှ နှစ်ပေအကွာအဝေးအတွင်း နီးနီးကပ်ကပ်မနေဖူးဘူး roadကလွဲပြီးပေါ့"
"လျှာရိုးမရှိတိုင်း လျှောက်ပြောမနေနဲ့"
"လျှောက်မပြောပါဘူး ထိုင်…"
"ဟိုတစ်ခါကလို ထိုင်ပြောနေတာလို့ပြန်ဖြေရင် လမ်းထိပ်မှာ ရေမြောင်းတွေ့ခဲ့တယ်မလား ကန်ချမှာ အဲ့ထဲ"
"roadကလည်း လုပ်ရက်တယ်ပေါ့"
"အွန်း"
"နိုင်စားလိုက်တာကွာ"
"ဘာလဲ၊ မကျေနပ်ရင် ပြန်လို့ရတယ်နော်"
"မပြန်ပါဘူး roadနဲ့ ကိုယ့်ကလေးတွေပါမှ ပြန်မှာ"
"ဘယ်သူက လိုက်မယ်ပြောလို့လဲ"
"road....."
offroadအခန်းထဲသို့ ထထွက်သွားလေသည်၊ daouလည်း နောက်က ထလိုက်သွားပေမဲ့ အခန်းတံခါးကိုဆွဲပိတ်လိုက်သဖြင့် အခန်းပြင်တွင် ငုပ်တုတ်ကျန်ခဲ့ရသည်။
YOU ARE READING
ကိုယ့်အပိုင် (ongoing)
RomanceDaouOffroad × Myanmar Bl DaouOffroad နှစ်ဦး၏နာမည်မှလွဲ၍ အခြားဇာတ်ကောင်နာမည်များသည် စိတ်ကူးယဉ်ထားခြင်းသာဖြစ်သည် ဤဝတ္ထုတွင် တစ်စုံတစ်ရာ အမှားအယွင်းပါရှိခဲ့လျှင် စာရေးသူ၏အမှားသာဖြစ်သည်