ကျိုးရှန်းရေတပ်အခြေစိုက်စခန်းမှနေ ရေမိုင် ၂၈၈ခန့်ကွာဝေးလှသော အရှေ့တရုတ်ပင်လယ်ပြင်တွင်ဖြစ်သည်။ ၂၀၁၅ ခုနှစ်၏ သာမာန်လအတွင်းက သာမာန်နေ့ရက်တစ်ရက်ပါပင်။ သဘာဝဆန်လှသောနေ့လည်ခင်းအချိန်တစ်ခုဝယ် လေနှင့်လှိုင်းလုံးများကပြင်းထန်နေပြီး ကောင်းကင်တပြင်လုံးသည်ကား အုံ့ဆိုင်းမှုန်မှိုင်းနေလျက်ပင်။
ကုန်းပတ်ပေါ်တွင် ရေတပ်အခြေစိုက်လေကြောင်းစစ်သားတစ်ဒါဇင်ကျော်တို့ကား မတ်မတ်ရပ်လျက်ရှိနေသည်။ ထိုသူတို့အားလုံးသည် အရှေ့ဘက်မှနေ၍ လျင်မြန်လှသောအရှိန်ဖြင့်ချဥ်းကပ်လာသော မီးခိုးရောင် အစက်သေးသေးလေးအား မျက်တောင်တစ်ချက်ပင်မခတ်ပဲ မျှော်ကာကြည့်နေကြ၏။ တတိယမြောက်ဂျက်မျိုးဆက် J-15 တိုက်လေယာဥ်သည် သင်္ဘော
အားရှာဖွေလို့နေခဲ့သည်ဖြစ်၏။ ထိုကောင်ကလေး၏အမြင့်ပေမှာလည်း တဖြည်းဖြည်းနိမ့်ဆင်းလာလျက်သား။ကျိုးချီချန်းသည်ကား တိုက်လေယာဥ်ပေါ်တွင်ထိုင်နေလျက်ဖြင့် ဆင်းသက်နိုင်ရန် လက်ကိုင်ကို ကျင်လည်စွာလှည့်နေရင်း အသက်ရှူဖို့ရန်ပင်မေ့လျော့နေလျက်သား။ ကုန်းပတ်အထက်အမြင့်ပေမီတာ၃၀၀သာ ရှိနေတော့သည်အခါတွင်မူ ကိုယ်တိုင်၏နှလုံးခုန်သံကို ပြန်ကြားနေရကာ ခပ်ပြင်းပြင်းတိုက်ခတ်လာသောလေထုနှင့်တကွ ဆူညံသံတို့က နားစည်အတွင်းသို့ရိုက်ခတ်လာတော့သည်။
လေယာဥ်တင်သင်္ဘောတို့၏ တိုက်လေယာဥ်ဆင်းသက်အမြန်နှုန်းသည် တစ်နာရီလျှင် ကီလိုမီတာ၃၀၀ကျော်ရှိ၏။ သို့သော်ကုန်းပတ်ပြေးလမ်းသည် မီတာ၃၀၀သာရှိရာ မြေပြင်ပြေးလမ်းတို့၏ ဆယ်ပုံတစ်ပုံပင်မပြည့်ချင်ပေ။ ဆင်းသက်သည့်နေရာမှာ မီတာဒါဇင်အနည်းငယ်ကျော်သာရှိပြီး တစ်စက္ကန့်ဆိုသောအောက်တွင်အများကြီးပြောင်းသွားနိုင်သည်ပင်။ ထို ဒုတိယစက္ကန့်ပိုင်းတွင် လေယာဥ်မှူးသည် ဆင်းသက်ခြင်း၊ ကေဘယ်ကြိုးဆွဲချခြင်းနှင့်အရှိန်လျှော့ခြင်းတို့ကို အပြီးသတ်လုပ်ဆောင်ရမည်ဖြစ်၏။ အရပ်ဘက်လေကြောင်းလိုင်းများနှင့်မတူလှပဲ လေယာဥ်တင်သင်္ဘောအခြေစိုက်လေယာဥ်မှူးများအားလုံးသည်ကား ဆင်းသက်ရာတွင် အရှိန်အဟုန်အပြည့်ရှိနေရမည်သာ။ ထို့ကြောင့် ကုန်းပတ်ပေါ်တွင်ရှိနေသော သံမဏိကြိုးပေါ်အား တိုက်လေယာဥ်၏အမြှီးတွင်ရှိနေသောချိတ်ဖြင့် ဖမ်းထိန်းလိုက်ခြင်းအားဖြင့် လေယာဥ်၏အရှိန်လျှော့ခြင်းလုပ်ငန်းစဥ်ကို အပြီးသတ်စေရသည်ပင်။ ထို့ကြောင့် လေယာဥ်တင်သင်္ဘောအခြေစိုက် တိုက်လေယာဥ်များဆင်းသက်ခြင်းကို “ ဓါးဖျားစွန်းပေါ်တွင် ကခုန်ခြင်း “ ဟူ၍ အမည်နာမတစ်ခုအားဖြင့်ခေါ်တွင်လေသည်။ ကျိုးချီချန်းသည် ထိုသို့သောအကကို အကြိမ်ထောင်ပေါင်းများစွာ ကခဲ့ရပေသည်။ အတိအကျဆိုရပါလျှင် အကြိမ်ရေပေါင်း ၅,၈၆၀ ဖြစ်၏။