ချစ်တာသူ့ကို...🍭(season2)
အခန်း( ၄)🍬🍬🍬
နောက်တစ်ရက်...
ဖေဖေလွှတ်လိုက်လို့သူ့ကုမ္ပဏီကိုဂျီဂျီတစ်ယောက်တည်းထွက်လာခဲ့သည်
ကုမ္ပဏီရှေ့ရောက်တာနဲ့ နက်ပြောင်နေတဲ့ကားကြီးပေါ်ကဆင်းလာတဲ့သူ့ကိုတန်းတွေ့လိုက်၏"အတော်ပဲ.. ရုံးခန်းထဲသွားစရာမလိုတော့ဘူး.."
" ဒီမှာဗျှ.."
" ဦးနေရောင်.. "
" ပြော... "
နောက်ကဒီေလာက်လိုက်ခေါ်နေတာကိုအသံကြားရဲ့သားနဲ့လှည့်မကြည့်ပဲသူ့နာမည်ကြားမှငဲ့ကြည့်သည်" ဖေဖေကပစ္စည်းစာရင်းတွေပေးလိုက်လို့ သံချောင်းအရေအတွက်လည်းထပ်တိုးဖို့ပါတယ် "
" အပေါ်ကိုလိုက်ခဲ့.."
" ဒီမှာ...ခင်ဗျားကစာရွက်ကြည့်ပြီးလက်မှတ်လေးပဲထိုးရမှာလေ.."
" ငါကရုံးခန်းထဲကစားပွဲမှာပဲလက်မှတ်ထိုးတယ် မစောင့်နိုင်ရင်ပြန်..."
တောက်!..ဒီလူတမင်ညစ်နေတာ...
သူ့ရုံးခန်းထဲမ၀င်ချင်ပါဘူးဆိုမှလိုက်သွားရပြန်သည် ဒီတစ်ခါသွားမယ့်ရုံးခန်းက8လွှာတဲ့..ဟိုတစ်နေ့ကကျတော့၅လွှာမှာ...အဆောက်အဦးတစ်ခုလုံးသူ့ရုံးခန်းပဲရှိနေသလားအောက်မေ့ရသည်
သူ့ရုံးခန်းရှိသည့်၈လွှာအထိတက်ရမှာဆိုတော့ဓာတ်လှေကားစီးရတာလည်းကြာသည်
ရုံးခန်းထဲရောက်တော့လည်းလက်မှတ်ထိုးရမယ့်စာရွက်ကိုဆွဲယူသွားပြီး
မတ်တပ်ရပ်စောင့်နေတဲ့ဂျီဂျီ့ကိုထိုင်လို့တောင်တစ်ခွန်းမပြောပေ..
ဒီလူကသူ့အခန်းထဲကပစ္စည်းတွေကိုဘယ်ေနရာမှာဘာထားတယ်အလွတ်မှတ်မိနေတာပဲ..ဘောပင်လှမ်းယူလိုက်တာများလပ်တော့ပ်ကြည့်နေရင်းနဲ့ဘောပင်ခွက်ထဲလှမ်းနိူက်တာလက်ကတန်းခနဲပဲ..လက်မှတ်ထိုးပေးပြီးတော့သူလည်းဂျီဂျီနဲ့အတူအောက်ပြန်ဆင်းသည်
ဘယ်ရမလဲ..ဂျီဂျီကလည်းကလဲ့စားချေဖို့ပြင်ဆင်ထားတဲ့လူ...
သူတံခါးပေါက်ကိုလျှောက်သွားချိန်လွယ်အိတ်လေးထဲကကြွက်ထောင်ချောက်ကိုထုတ်ပြီးစားပွဲပေါ်ကဂဏာန်းပေါင်းစက်နေရာမှာတင်ထားလိုက်သည်....
လိုလိုမယ်မယ်ပြင်ဆင်လာသမျှအသုံးချလို့ရသွားပြီ...
ပြီးမှသူ့နောက်ကလျှောက်သွားလိုက်သည်
ရှေ့ကနေဆရာကြီးအထာဖမ်းပြီးသွားတော့နောက်မှာဂျီဂျီဘာလုပ်နေလဲလုံး၀မသိပေ..
YOU ARE READING
ချစ်တာသူ့ကို....🍭 season 2
Romanceseason 1ကမြတ်သောမောင်နဲ့ပြည့်စုံလွန်းရဲ့သမီးလေး " ချစ်ခြင်းပြည့်စုံ"အကြောင်းပါ မောင်တွေအစ်ကိုတွေကြားမှာကြီးပြင်းခဲ့ရပြီးယောကျာ်းတစ်ပိုင်းဖြစ်နေတဲ့ကောင်မလေးက သူ့မောင်လေးတွေအတွက်မိန်းမလိုက်ခိုးပေးရင်းမထင်မှတ်ဘဲအဲ့ဒီအိမ်ရှင်လူပျိူကြီးရဲ့လက်ထဲမှာအဖမ်းခ...