Part - 3

997 2 0
                                    

အိပ်ကောင်းကောင်းနှင့် အိပ်လိုက်တာ နေဖင်ထိုးမှပဲ ခန့် တစ်ယောက်ထတော့သည်။

ဖုန်းကောက်ကိုင်လိုက်တော့ "ဟာ" .. အပျော်ကြီး ပျော်သွားတော့သည်။

ချက်ချင်းပင် စာပြန်လိုက်သည်။

"မလွန်း မောနင်း .. ဆောရီးဗျာ ညက အိပ်ပျော်သွားလို့"

"ခုရော နိုးပြီလား"

မလွန်း ချက်ချင်းစာပြန်လာသည်။

ထူးထူးဆန်းဆန်း ကြာသာပတေး သောကြာ မဟုတ်တာတောင် စာချက်ချင်းပြန်သည်ပဲ။

"မလွန်း ရယ်"

"ဘာလဲ"

"ဘယ်တွေ ရောက်နေတာလဲဗျာ"

"ဒီလိုပါပဲ ပုံမှန်အတိုင်း သွားလာ လှုပ်ရှားနေတာပေါ့"

"အော် .. ဘာဖြစ်ဖြစ်ပါဗျာ မလွန်း အဆင်ပြေနေတယ်ဆို ဝမ်းသာပါတယ်"

"အင်း"

"သောကြာနေ့ တွေ့မယ်ဆို .. ကျွန်တော် ဘယ်လာခဲ့ရမလဲ"

"အင်း .. ဘယ်မှာတွေ့ရင် ကောင်းမလဲ .. ညစာလိုက်ကျွေးမယ်လေ .. ဆိုင် လိပ်စာပို့လိုက်မယ်"

"ဟုတ် .. သဘောတော်မြတ်အတိုင်းပါဗျာ"

............

"ခန့် ဘာစားချင်လဲ တို့ ဝယ်ကျွေးမယ်"

"ကျွန်တော် ဒီလို ဆိုင်ကြီးတွေ ထိုင်နေကျ မဟုတ်တော့ သိပ် မမှာတတ်ဘူးဗျ"

"မောင်လေး .. အစ်မတို့ couple 1 set ယူမယ်နော်" မလွန်းက ကြည့်ကျပ်မှာပေးလိုက်သည်။

"မလွန်း .. ပိန်သွားသလိုပဲ"

"အင်း အလုပ် နည်းနည်းပင်ပန်းလို့"

ဒီကြားထဲ မလွန်း သောကြာနေ့တိုင်း တခြားကောင်လေးတွေနဲ့များ ဒိတ်ဖြစ်သေးလား သိချင်ပေမယ့် မမေးဖြစ်တော့ပါဘူး။

မှာထားတာတွေ လာချတော့ စားကြသောက်ကြပေါ့။

"ဒီနေ့ ညစာ အတွက် ကျေးဇူးပါဗျ .. ဒါကိုရော dinner date လို့ သတ်မှတ်လိုက်ရမလား"

"အင်း .. အဲ့လိုပဲ ဆိုပါတော့ .. ခန့် ဘယ်မှာ နေလဲ ပြောပြချင်လား .. လမ်းကြုံမယ်ဆို တို့ လိုက်ပို့ပေးမလို့"

မ ရဲ့ မောင် (18+)Where stories live. Discover now