ဒီလိုနဲ့ သောကြာနေ့ညတိုင်း လွန်းရဲ့ တိုက်ခန်းမှာပဲ ခန့်နဲ့ တွေ့ဖြစ်ခဲ့ကြသည်။
ဒီတိုက်ခန်းထဲမှာပဲ လွန်းနဲ့ ခန့် ဆက်ဆံခဲ့တာ အကြိမ်ပေါင်းမနည်း။ အိပ်ယာထဲမှာ ရေချိုးခန်းထဲမှာ မီးဖိုချောင်ထဲမှာ ဧည့်ခန်းထဲမှာ နေရာအစုံမှာ ဆက်ဆံကြသည်။
ခန့် အနေနဲ့ကတော့ မ ကို သံယောဇဉ်ဖြစ်နေမိပြီ စိတ်ဝင်စားမိနေမိပြီဆို ကိုယ့်ကိုကိုယ် သိသည်။ မ က ရည်းစားလို တွဲမယ်ဆိုလည်း ခန့်က တွဲမည်သာ။ ခုက မ က စည်းတစ်ခုခြားထားသလို ခံစားရလို့သာ မ အလိုကျ မ က တစ်ပတ် တစ်ရက်ပဲ တွေ့မည်ဆိုတာကို လက်ခံထားမိသည်။
ဟူးးး .. တခါတလေတော့လည်း မ စိတ်ထဲ ဘာတွေများရှိနေမလဲ မေးကြည့်ချင်သည်။
"မ .. မ တခြားရက်တွေရော ဒီတိုက်ခန်းမှာ လာနေဖြစ်လား"
"ဟင့်အင်း မောင်နဲ့ တွေ့မယ့်နေ့မှပဲ လာဖြစ်တာ"
" မောင်တို့ တွေ့နေတာ ၃ လ ကျော်လာပြီနော်"
" မ အနေနဲ့ တစ်ယောက်တည်းကို ဒီလောက်ထိ ဆက်တိုက် တွေ့လာတာ မောင်က ပထမဆုံးပဲ"
"မောင့်လို ဆက်ဆံရေး မဟုတ်ပဲ မ ငယ်တုန်းကတော့ ရည်းစား တွေ ထားခဲ့ဖူးမှာပေါ့"
ခန့်က မေးပြီး သူ့ဘာသာ ဝမ်းနည်းသွားသည်။
ခန့်က လွန်း ရင်ခွင်ထဲမှာ မှီရင်း လွန်း ရင်သားများကို နှိပ်နယ် ကစားနေကာ လွန်း ကို မေးခွန်းများ မေးနေမိသည်။
"မောင့်လို ဆက်ဆံရေး ? မောင် .. မ တို့ကို ဘယ်လို ဆက်ဆံရေးလို့ မောင်ထင်လို့လဲ?"
"အင်း ... Sex partner လို့ပဲ ပြောရမလား ... Friends with benefits လိုပဲ ပြောရမလား"
"မောင်ရယ် .. ဘာလို့ အဲ့လိုထင်တာလဲ"
" ဟုတ်တာပဲမလား .. သောကြာနေ့ညတိုင်း မောင်တို့ တစ်နေကုန် အတူတူ အချိန်ဖြုန်းကြတယ် .. စနေဆို ပြန်တယ် .. ကြားရက်တွေမှာ မ က မောင့်ကို မဆက်သွယ်ဘူး .. မ ဖုန်းနံပါတ်တောင် မောင်ခုထိ မသိရဘူး .. မ နာမည်အပြည့်အစုံလည်း မောင် မသိရဘူး .. မောင့် အကြောင်းလည်း မ ဘာမှ မမေးဘူး ... ဒါ sex ကိစ္စအတွက်ပဲ ဆက်ဆံနေတဲ့ ဆက်ဆံရေးပေါ့"
YOU ARE READING
မ ရဲ့ မောင် (18+)
Romancewarning ⚠️ 18+ adult content 18 နှစ်ပြည့်ပြီးမှ ဖတ်ပါရန်။ အပိုင်းတိုင်း မှောင်ပါမည်။