မူးယစ်ခေါင်းဆောင်ရဲ့တရားဝင်မိန်းမ(Season2)part12

3.3K 56 1
                                    

💮မူးယစ်ခေါင်းဆောင်ရဲ့တရားဝင်မိန်းမ💮ဒုတွဲ

(အခန်း၁၂)

စံအိမ်ပြန်လာသည့်တစ်လျှောက်လုံး
အယ်လီနာကစကားတစ်ခွန်းမှမပြောပေ။
တစ်ခုခုဖြစ်နေသည်ဆိုတာ စစ်တုဘုရင်
ရိပ်မိပေမယ့် ဘာမှမ​မေးဖြစ်ခဲ့ပေ။

"တစ်ခုခုစားမလားအယ်လီနာ"

သူမေးလိုက်ပေမယ့်အယ်လီနာကမဖြေပဲ
ကားမှန်မှတဆင့် အပြင်သို့ငေးကြည့်နေသည်။
မဖြေတာမဟုတ်ပဲ သူ့မေးခွန်းကို
မကြားတာပင်။

"အယ်လီနာ..."

သူပုခုံးကိုညှင်သာစွာဆုပ်ကိုင်လိုက်တော့
အယ်လီနာကသူ့ဘက်လှည့်ကြည့်လာ၏
သို့သော် အယ်လီနာ့မျက်ဝန်းမှာ
မျက်ရည်များကအပြည့်။

"မင်းတစ်ခုခုဖြစ်လို့လားအယ်လီနာ
မင်းဘာဖြစ်လို့လဲ!!.."

"အဟင့်...ဟင့် အီးဟီး.."

အယ်လီနာကသူမေးခွန်းအဆုံးမှာ
ချုံးပွဲချငိုကြွေးလိုက်တော့သည်။

"အယ်လီနာ..."

ဝမ်းနည်းတကြီးရှိုက်ငိုလိုက်သည့်
အယ်လီနာ့ငိုသံဟာ သူ့နှလုံးသားတွေကို
နာကျင်စေပါသည်။

အယ်လီနာ့ခန္ဓာကိုယ်လေးကို
သူ့ရင်ခွင်အတွင်းဆွဲထည့်ကာ
သူပွေ့ဖက်ပေးထားလိုက်သည်။

အတန်ကြာသည်အထိငိုကြွေးပြီးမှ
သူ့ရင်ခွင်ထဲမှခေါင်းလေးတိုးထွက်လာသည်။

"ငိုလို့ဝပြီလား အယ်လီနာ"

စစ်တုဘုရင်မေးလိုက်တော့ အယ်လီနာက
စစ်တုဘုရင်ကိုကြည့်ရင်း

"ငါ့ကိုဘာမှမမေးဘူးလားဘုရင်
ငါဘာလို့ငိုလဲလို့ မမေးတော့ဘူးလား"

"အင်း မမေးတော့ဘူးအယ်လီနာ..
မင်းမဖြေချင်တဲ့မေးခွန်းကို ငါမမေးဘူး.."

"ဘာလို့လဲ...ဘုရင်နင်ငါ့အပေါ်ဘာလို့"

"မင်းကိုသဘောကျလို့..."

"ဟင်!!..."

ထင်မထားသည့်စစ်တုဘုရင်စကားကြောင့်
ဖွဲ့မျက်လုံးလေးများဟာ ဝိုင်းစက်ခြင်းဘက်သို့။
သဘောကျလို့တဲ့လား....စစ်တုဘုရင်က
ဖွဲ့ကိုသဘောကျလို့တဲ့လား..

မူးယစ်ခေါင်းဆောင်ရဲ့တရားဝင်မိန်းမ{Season 1+2}စဆုံးWhere stories live. Discover now