အပိုင်း(19 ) မုန်းသည်...သို့သော်...❤️‍🔥

14 1 0
                                    

     သူမ၏အခန်းထဲတွင်တစ်ယောက်တည်း  စိတ်လှုပ်ရှားလွန်း၍ အငြိမ်မနေနိုင်ပဲ လမ်းလျောက်မိနေ‌သော
ကြယ်စင်....

   စိတ်လှုပ်ရှားလွန်းလျှင် လက်သည်းကိုက်တတ်သောသူမအကျင့်......

           " Hello အဖေ့... အဲ့တာဘယ်လိုလုပ်ကြမလဲ....အဖေ့မိန်းမက ဘယ်လိုတောင် သမီးတို့အိမ်ကို ပေါင်နှံထားနိုင်ရတာလဲ... "

     " သမီးရယ်.... အဖေလည်း ဘာမှမသိပါဘူး....လူအချို့ကအိမ်ရှေ့ခြံတစ်ခါးကို အတင်းဆွဲဖွင့်ပြီး အိမ်ထဲကို၀င်လာတာသမီးရဲ့....သူတို့ပြန်ပြောမှ အဖေလည်းသိရတာ..."

     ကြယ်စင်သည် သက်ပြင်းချလိုက်ပြီး

      " အကြွေးက ဘယ်လောက်လဲအဖေ..."

          ' အတိုးနဲ့ဆို မီလီယံချီတယ်..."

     " ဘာ!!!"

   ကြယ်စင် စကားပြန်ပြောရန်ပင်ဆွံ့အသွားခဲ့သည်။

        " အဖေ... အဲ့အဘွားကြီးက အဲ့လောက်တောင်အကြွေးတင်အောင်လုပ်လိုက်တာလား...အခုသူဘယ်ရောက်သွားလဲဖေဖေ..."

   " ခင်လေးက အခုထိအိမ်ပြန်မလာသေးဘူး... ဖုန်းခေါ်တော့လည်း စက်ပိတ်ထားတယ်...တစ်နေရာရာမှာရှောင်နေတာများလား..."

    " ဒေါ်ခင်ခင်လေး... ရှင့်ကိုလုံး၀မကျေနပ်ဘူး..."

   " သမီး အဲ့တာအဖေတို့အိမ်ရောင်းရမယ်ထင်တယ်.."

  " မဖြစ်ဘူးလေ... အဲ့တာအမေ့ရဲ့နောက်ဆုံးအမှတ်တရအိမ်လေး...အဲ့အိမ်မှာအမေ့အငွေ့အသက်တွေရှိနေသေးတယ်... ဘယ်တော့မှမရောင်းနိုင်ဘူး...."

   " သမီးရယ်... အဲ့လိုမှမလုပ်ရက်ဘယ်လိုလုပ်ရနိုင်ပါ့မလဲ.. အိမ်ရောင်းတာတောင် အကြွေးမကျေသေးဘူး...အများကြီးကျန်သေးတယ်...ဘယ်လိုလုပ်ရမလဲ..."

    " အမေ့အိမ်တော့သမီးလုံး၀မပေးနိုင်ဘူး...သမီးကုမဏီပဲဖြစ်ဖြစ်အဆုံးနိုင်လိုက်မယ်..."

  " မဖြစ်ဘူးလေသမီးရဲ့..သမီးကိုယ်တိုင်တည်ထောင်ထားတဲ့ ဟာကို...အဲ့လိုလွယ်လွယ်နဲ့အဆုံးရူံးခံလို့မရဘူး..."

   ' ရပါတယ်အဖေ...အမေ့မေတ္တာတွေလွမ်းမိုးနေတဲ့အိမ်ထက် ဘယ်အရာကမှပိုပြီ သမီးအတွက်အရေးမကြီးပါဘူး..."

မုန်းသည်...သို့သော်...❤️‍🔥Where stories live. Discover now