[၃၁၀] ထိပ်တန်းကျောင်းသား။

663 155 9
                                    

Arc(13) ထိပ်တန်းကျောင်းသား(၃)။

"မင်းမနက်စာမစားခဲ့လို့လား။"
လင်ခုံးလုမျက်မှောင်ကြုတ်ကာကောင်းထုန်ကိုကြည့်လိုက်သည်။

ဖက်တီးလေးကသူ့ဗိုက်သူပွတ်ကာရှက်တက်တက်ဆိုလာသည်။ "စားခဲ့တယ်။"

လင်ခုံးလု: "...." ဒါဆိုငါ့ဘာသာငါစားလို့မရဘူးလား။

သူကြက်ဥကိုအိတ်ကပ်ထဲပြန်ထည့်ကာဒေါသတကြီးပြောလိုက်သည်။
"ငါမင်းကိုမကျွေးဘူး။"

မကျွေးရင်လည်းမကျွေးနဲ့ပေါ့။ ဖက်တီးလေးမှာစိတ်မကောင်းမဖြစ်။ သူအရှေ့ကိုလှည့်ကာအဖြေလွှာစာရွက်ကိုယူလိုက်ပြီးနောက်အနောက်လှည့်ကာပြောလိုက်သည်။
"နတ်ဘုရားလု၊ မင်းဘာလို့ဒီမေးခွန်းအတွက်Cကိုရွေးခဲ့တာလဲ။ ငါခုနကရှောင်ဟွမ်ပြောသွားတုန်းကတော်တော်လေးနားမလည်ဘူး။"

လင်ခုံးလုစာရွက်ကိုယူကာတစ်ချက်ကြည့်လိုက်ပြီးသူ့ကိုသေချာရှင်းပြလိုက်သည်။

ဖက်တီးလေး၏မျက်လုံးများမှာဇဝေဇဝါဖြစ်လို့နေပြီး နားလည်မလည်မသိပေမဲ့နောက်မေးခွန်းတစ်ခုမေးလိုက်သည်။

တစ်ခါတည်းမေးခွန်းသုံးခုအမေးခံလိုက်ရပြီးနောက် လင်ခုံးလုတစ်ခုခုမှားနေမှန်းခံစားမိလိုက်သည်။ သူသူ့စာရေးစားပွဲပေါ်ကအဖြေလွှာစာရွက်ကိုတစ်ချက်ကြည့်ကာဆွံ့အသွားရသည်။

ကောင်းရော၊ လတ်စသတ်တော့စာမေးပွဲကိုဂဏန်းတစ်လုံးနဲ့ဖြတ်ကျော်လာခဲ့တဲ့ကောင်ကသူ့ရှေ့တည့်တည့်မှာရှိနေတာကိုး။

"မင်းဒီလိုလုပ်လို့မရဘူး။ မင်းမှာဆိုးဝါးတဲ့အခြေခံနဲ့အားနည်းတဲ့အုတ်မြစ်ရှိ..."

သူပြောပြီးနောက်ကျောင်းဘဲလ်သံမြည်လာတော့လင်ခုံးလုခပ်သွက်သွက်ပြောလိုက်ရသည်။
"မင်းပိတ်ရက်ကျငါ့အိမ်လာခဲ့၊ ငါမင်းကိုစနစ်တကျပြန်သင်ပေးမယ်။"

ဖက်တီးကောင်းမှာချက်ချင်းကျေးဇူးတင်သောမျက်နှာထားဖော်ပြကာဆိုလာသည်။
"နတ်ဘုရားလု၊ မင်းကလူကောင်းတစ်ယောက်ပဲ။"

သူပြီးသွားချိန်ပြောဖို့မမေ့။
"မင်းရဲ့အတန်းဖော်ကလူကောင်းတွေရဲ့နှလုံးသားကိုတစ်မျိုးလျစ်လျူရှူနေတာပဲ။"

ငါလှည့်စားခဲ့တဲ့ဇာတ်လိုက်ပြန်မွေးဖွားလာပြီဟ || ဘာသာပြန် [ Book-2 ]Where stories live. Discover now