အသက်တမျှသူ Episode 1

83 19 11
                                    

အသက်တမျှသူ Ep 1

လူနေထူထပ် စည်ကားလှသော ရန်ကုန်မြို့ကိုပစ်ခွာကာ မိဘများ၏ဆန္ဒအရပင်းတယမြို့က Hotelဆောက်ဖို့အတွက်ခရီးထွက်လာသော Only One ဆောက်လုပ်ရေးကုမ္ပဏီရဲ့ တဦးတည်းသောသမီးဖြစ်တဲ့ အင်ဂျင်နီယာမလေး တေးအလက်ာမောင် မောင်ကတော့ရန်ကုန်မြို့မှာအနေကြာသူဖြစ်လို့ တောင်တန်းတွေကြားသွားရမှာကြားတော့ မိဘများနဲ့အတိုက်အခိုက်လုပ်နေလေရဲ့
"ဒယ်ဒီကလဲ ဒီမှာ မောင်အလုပ်တွေလက်စမသတ်ရသေးဘူးလေ "
" ဒီကအလုပ်တွေက သမီးဆူးခက်နွယ်ကိုလုပ်ခိုင်းလဲရတာပဲ ဟိူကအရေးကြီးတယ် ဟိုကိုသာအရင်သွားပြီးစီစဉ်လိုက် တချက်လွှတ်အမိန့် " ဟုဩဇာအာဏာလွှမ်းမိုးသောအသံဖြင့်ပြောတော့ မောင်လဲဆက်မငြင်းချင်တော့ပဲ အခန်းသို့သွားကာ အဝတ်အစားများထည့်နေလေရဲ့ ဆူးခက်နွယ်ဆိုသည်မှာ မောင်ရဲ့မန်‌ေနဂျာဖြစ်ပြီး ယုံကြည်ရဆုံးသူလဲဖြစ်သည် ဆူးခက်နွယ်ပါလေ
မောင့်ဒယ်ဒီက ပုံမှန်ဆိုဒီလိုမဟုတ်ပေ မောင့်ကိုအလိုလိုက်လွန်း မောင့်စိတ်ကြိုက်လိုက်နေသူသာဖြစ်သည် အခုတော့မောင့်ကိုအမိန့်ပေးပြီး လွှတ်တာကိုလဲ မောင့်စိတ်ထဲဘဝင်မကျပေ
" ဟွန့် ဒယ်ဒီကဘာလို့အတင်းလွှတ်ချင်နေမှန်းမသိဘူး မောင်မသွားချင်တဲ့ဟာကို အတင်းတွေလွှတ်နေတာ ...." တီးတိုးပြောဆိုနေရင်း အဝတ်အစားများထည့်နေချိန် မောင့်မာမီဝင်လာကာ
" မောင် ဘာတွေပြောဆိုနေတာလဲ မာမီ မောင့်အတွက် ဟင်းတွေပြင်ထားတယ်နော်"
" လင်မယားနှစ်ယောက်လိုက်လဲ လိုက်ပါ့ တယောက်ကအတင်းသွားခိုင်းတယ် ဟော...တယောက်ကလဲဟင်းတွေအဆင်သင့်ပြင်ထားနေသေးတယ် "
အဝတ်တွေထည့်ရင် မောင့်မာမီကိုလှမ်းကြည့်ပြီးရန်လုပ်နေပြန်သည်
" ဟော မာမီသမီးလေးရယ် ဘာတွေဖြစ်နေတာလဲ "
မောင့်မာမီမှ ချော့မော့ပြီးပြောတော့
"ဒယ်ဒီပေါ့ မောင် မသွားချင်ပါဘူးဆို အတင်းလွှတ်နေတာ ပြောလဲမရပါဘူး မာမီကူပါအုံး "
"အောင် သမီးလေးရယ် ဒယ်ဒီက သမီးကိုအလုပ်ကိစ္စတွေအကုန်လုံးနားလည်စေချင်လို့ ဒီဆောက်လုပ်ရေးကိုသမီးတယောက်တည်းလုပ်စေချင်လို့ပါ ဒယ်ဒီကသမီးကိုယုံကြည်လို့လေ ဘာမှစိတ်မကွက်နဲ့နော် "
မောင်နားလာပြီး မောင့်ဆံပင်လေးကိုသပ်ကာပြောတော့ မောင်လဲမာမီကိုဖက်ပြီး
" ဟုတ်ကဲ့ မောင် မာမီတို့ဒယ်ဒီတို့ကို လုံးဝစိတ်မပျက်စေရပါဘူး မောင်ကြိုးစားမယ်နော် "
မောင့်လဲမာမီကိုပြုံးပြီးကြည့်ကာ
" မာမီ မောင်ဟိုမှာ မိန်းမရသွားရင်ဘယ်လိုလုပ်မလဲ "
မောင်စကားကြားတော့ မောင့်မာမီလဲ မျက်စောင်းလေးထိုးကာ
" မာမီ့သမီးလေးသာစိတ်ချမ်းသာရင် မာမီအကုန်သဘောတူတယ် "
မောင့်လဲမာမီကိုနမ်းပြီး ဒါကြောင့် မာမီကိုချစ်နေရတာဆိုလေသည်
မောင်လဲ ပင်းတသသို့သွားမည့်နေရောက်တော့ ဦးမျိုးမင်းမောင်နဲ့ဒေါ်‌ေမအလက်ာတို့ကိုကန်တော့ပြီး အလွမ်းသယ်နေကျပြန်သည် သားမိသုံးယောက်စလုံးဖက်ကာ
" မောင် လိမ်လိမ်မာမာနေနော် ဒယ်ဒီစိတ်ချမယ် "
ဆိုပြီးမောင်ကိုပြောတော့ မောင်ကလဲခေါင်းလေးငြိမ့်ပြလေသည်
" မောင်ဦးထွန်းကိုခေါ်သွားလိုက်ပါ့လား လမ်းမှာတယောက်တည်းအဆင်ပြေပါ့မလား "
"ရပါတယ် မာမီ မောင်အဆင်ပြေတယ် မောင် တနေတခါတော့မာမီတို့ကိုဖုန်းဆက်မယ်နော် "
" မာမီသမီးလေးသဘော " ဆိုကာ မောင့်ကိုနမ်းလေသည်
မောင်လဲ အိမ်ကနေထွက်ခွာပြီး ရန်ကုန်မြို့အမြန်လမ်းတလျှောက်မောင်းလာပြီး မြေပြန့် တောင်ပေါ်သို့မောင်ရဲ့ကားလေးမှာရွေ့လျားလျက်လာနေလေသည် မောင်လဲသာယာသောရှူခင်းလေးကိုတောင်ပေါ်မှကြည့်ရင် ကားကိုရပ်လိုက်ကာ ကားပေါ်မှာဆင်းပြီးသဘာဝအရသာကိုခံစားလျက်
ခနအကြာ မောင်လဲမိုးချုပ်မည်စိုးသောကြောင့် ဆက်မောင်းလာခဲ့လိုက်လာလေသည် မောင်လဲတည်းခိုမဲ့နေရာရောက်တော့ ပစ္စည်းများချကာနေရာတကျစီစဉ်ပြီးကုတင်ပေါ်လဲနေရင်းအိပ်ပျော်သွားတာ ညနေ၆နာရီတောင်ကျော်နေလေသည်
" ဟွန်......"ဆိုပြီးညည်းကာခြေလက်များဆန့်ပြီး ဖုန်းကိုတချက်ယူကြည့်လိုက်ကာ
" ဟာ ၆ နာရီတောင်ကျော်နေပြီ ဘာမှလဲမလုပ်ရသေးဘူး ဗိုက်ကလဲဆာနေပြီ "
ဆိုကာကုတက်ပေါ်မှာဖုန်းထိုင်သုံးနေလေရဲ့
ဖုန်းသုံးပြီးခနအကြာ
" ရေချိူးတော့မယ်ကွာ ရေချိုးပြီးအပြင်မှာပဲတခုခုစားလိုက်တော့မယ် "
မောင်လဲရေချိုးဖို့ပြင်နေလေသည်
.............
" အမေ ဖူးဖူးလေးရော "
" ဟိုမှာလေသစ်ပင်လေးတွေရေလောင်းနေတယ် "
မြတ်လဲ သူ့သမီးလေးဆီသွားလေတော့သည်
" မေ့သမီးလေးရော ဘာတွေများလုပ်နေတာလဲကွယ်"
" မေမေ ဖူးဖူးကသစ်ပင်ယေးကိုရေလောင်းပေးရင်တဖြည်းဖြည်းကျီးလာမှာပေါ့ " စကားကိုမပီတပီဖြင့်ပြောတော့ မြတ်လဲဖူး‌ဖူးလေးရဲ့ပါးကိုဆွဲကာ "ဒါပေါ့သမီးလေးရဲ့ မေ့သမီးလေးကသေချာဂရုစိုက်ပေးတာကိုကြီးလာမှာနော် အခုတော့ညစာစားရအောင်နော်" ဖူးဖူးလေးကိုအိမ်ထဲခေါ်သွားလေရဲ့
အော် မေ့တော့မလို့ မြတ်ရဲ့နာမည်အရင်းကမြတ်ကေသွယ်တဲ့ မြတ်ဟာကလေးတယောက်အမေဆိုပေမဲ့အပျိုများရှုံး‌ရလောက်အောင် တောင့်တင်း လှပနေလေသည် အရပ်မှာ ၅'၃"လောက်ရှိပြီးအသားမှာဖြူဝင်းနေသူတယောက်လည်းဖြစ်နေလေသည် ရယ်လိုက်ရင်လဲပေါ်ပေါ်လာတဲ့ပါးချိုင့်လေးကလဲရှိနေတတ်တော့ ပုရိသတို့ကလဲအသည်းစွဲပင် မြတ်မှာမြတ်ဖူးပွင့်ဆိုတဲ့သမီးလေးတယောက်ရှိပြီး Single Montherတယောက်ဖြစ်နေသော်လဲ " ပြည့်စုံ "ဟူသော ဆောက်လုပ်ရေးပစ္စည်းဆိုင်မှာ မန်နေဂျာရာထူးဖြင့်ဦးဆောင်လုပ်နေရသူတဦးပင်ဖြစ်လေသည်
" သမီး အလုပ်ကရောအဆင်ပြေလား "
" ဟုတ်ကဲ့ ပြေပါတယ် " ဖူးဖူးလေးကို ထမင်းခွံ့ကျွေးရင်းမြတ်မေမေနှင့်စကားပြောနေလေရဲ့
" အမေ ဒီတပါတ်ထဲမှာမြတ်နည်းနည်းအလုပ်ရှုပ်မှာမို့ အိမ်ပြန်နောက်ကျမယ်နော် သမီးလေးကို‌အမေပဲသေချာလေးကြည့်ပေးပါအုံး "
" ဘာမို့လို့လဲ သမီးရဲ့"
" ရန်ကုန်က Only One ဆိုတဲ့Companyက ဒီကိုHotelလာဖွင့်မှာတဲ့ အာ့တာဆိုင်မှာပစ္စည်းတွေလာယူမှာမို့ သမီးစာရင်းတွေပြန်လုပ်ရမှာမို့ တရက်နှစ်ရက်လောက်ပဲ "
" ရတယ် အမေကြည့်ပေးမယ် ဖူးဖူးလေးကို သမီးကအလုပ်ကိုပဲသေချာလုပ်ပါ "
နောက်နေ့မနက်တွင်
တူ တူ တူ (ဖုန်းမြည်သံ )
" ဟယ်လို ဒယ်ဒီ ပြော "
မောင်မှအိပ်ချင်မူးတူးအသံဖြင့်ပြောတော့
" ဘာကိုဟယ်လိုလုပ်နေတာလဲ ဒီနေ့ ပစ္စည်းတွေသွားဝယ်ရမှာမေ့နေတာလား "
" ဟာ Sorry sorry ပါ မောင်ညကျအိပ်ရာဝင်တာနောက်ကျသွားလို့ " နဖူးကိုလက်ဖြင့်ရိုက်ကာ ဒယ်ဒီကိုပြန်ပြောလေသည်
" သမီးနော် သမီး အာ့မှာတယောက်တည်းနေရတာ မနက်ဖြန်လုပ်စရာရှိတာကိုညကတည်းအစီအစဉ်ဆွဲထား Alarmပေးထား ကြားလား "
" ဟုတ်ကဲ့ပါ ဒယ်ဒီ မောင်နောက်တခါဒီလိုမဖြစ်‌ေစရပါဘူး မောင်ပြင်တော့မယ် "
ဆိုပြီး ကုတင်ပေါ်မှဆင်းကာ စောင်ကိုလုံးထားပြီး ရေချိုးခန်းဆီသို့ပြေးသွားလေသည် တဖက်တွင်လဲ
" ရှင်ကဘာလို့ချတာလဲ ကျမသမီးလေးကိုဘာမှတောင်မပြောလိုက်ရဘူး "
" ‌အော် မိန်းမရယ် မင်းရဲ့သမီးကအလုပ်ရှိသေးတယ် ညကျမှပြန်ဆက် " လို့ပြောပြီး သု့မိန်းမရဲ့ပုခုံးကိုဖက်ပြီး မောင့်ရဲ့မာမီတို့လဲမနက်စာစားရင် ထမင်းစားခန်းဆီသွားလေသည်
" သင်ဇာ ပြီးရင်အစ်မနဲ့လိုက်ခဲ့နော် ပစ္စည်းတွေဝယ်ရမဲ့စာရင်းတွေပါယူခဲ့နော် "
မောင်နဲ့မလှမ်းမကမ်းခုံတွင်ထိုင်နေသော သင်ဇာဆိုတဲ့မောင့်ရဲ့စာရေးမလေးကိုလှမ်းပြောလေသည်
" ဟုတ်ကဲ့ မမလေး "
မောင်တို့လဲ ဆောက်လုပ်ရေးအတွက် လိုအပ်သော ပစ္စည်းများအားဝယ်ရင်ထွက်လာခဲ့လိုက်လေသည် ဆိုင်အတွင်းသို့ရောက်ရှိသော် ပါတိတ်အနီဝမ်းဆက်လေးဝတ်ကာစာရေးခုံတွင်စာရင်းများထိုင်လုပ်နေသော မြတ်ကိုမြင်တော့ မျက်မှန်တပ်လာသောမောင်မှာ မျက်မှန်ကိုချွတ်ပြီး ကြည့်နေလေရဲ့
" လှလိုက်တာ နတ်သမီးလေးများလူပြည်ရောက်လာသလားမှတ်ရတယ် " စိတ်ထဲတွေးနေစဉ် ဧည့်သည်တွေလာသောကြောင့် လုပ်နေသောစာရင်းအားထားလိုက်ခါ ဧည့်သည်တွေဆီသွားတော့
" ဘာများအလိုရှိပါသလဲရှင့် "
မေးတော့ မောင်မှကြောင်နေတာ
" အော် ဟို...ဟိုလေ Only Oneဆောက်လုပ်ရေးကပါ ပစ္စည်းတွေမှာထားတာ လာယူတာပါ "
မောင့်နောက်မှရပ်‌‌ေန‌ေသာ သင်ဇာမှ ကြားကနေပြန်ဖြေလိုက်ရသည် မောင်ကတော့မြတ်ကိုကြည့်ပြီးရှက်ရမ်း ရမ်းကာ ရယ်သာပြလိုက်တော့သည်
" အော် ဧည်သည်တွေများလားလို့ သင်ဇာလဲပါတာလား "
" ဟုတ် မမမြတ် ဒါက သင်ဇာတို့ရုံးက မမလေးပါ နာမည်ကတေးအလက်ာမောင်ပါ "
သင်‌ဇာမှမိတ်ဆက်ပေးတော့ မောင်လဲခေါင်းလေးငြိမ့်ကာ ရယ်ပြလိုက်သည်
မြတ်စိတ်ထဲတွင်လဲ
" စ တွေ့ကတည်းကလူကိုသေချာကြည့်နေလိုက်တာများ ဟွန်း ငါကလဲဘာလို့စိတ်လှုပ်ရှားနေတာပါလိမ့် "
ဟုတွေးပြီး အတွေးကိုခနဖျောက်ခါ
" ဟိုဘက်မှာပါ ပစ္စည်းတွေကတော့ လာ‌ခဲ့နော် သင်ဇာ"ဆိုကာ မောင်တို့ဆရာသမားနှစ်ယောက်လဲမြတ်နောက်လိုက်သွားလေသည်
" ဒီမှာပါ ဒါကတော့မှာထားတဲ့ပစ္စည်းတွေပါ "
မြတ်မှာပစ္စည်းတွေလိုက်ပြရင်း နောက်မှမောင်ကလိုက်ကာခေါင်းလေးတငြိမ့်ငြိမ့်ဖြင့် နားထောင်နေရှာသည်
မြတ်လိုက်ရှင်းပြနေတုန်း အပေါ်ကိုပိုက်လုံးများတင်နေသောနေရာသို့ရောက်တော့ အောက်ကပိုက်လုံးပေးတဲ့သူကလက်ချော်က ပိုက်လုံးများအောက်သို့ပြန့်ကျဲလာပြီး
" အားးးးး အမေ့ "
မြတ်မှာမောင့်ရင်ခွင်ထဲဝင်ကာ မောင်အကျီစလေးကိုဆွဲနေလေရဲ့ မောင်လဲမြတ်ရဲ့ခေါင်းပေါ်သို့လက်လေးကာပေးနေတော့သည်
" အို့ ဒီကတယောက်နာသွားသေးဘူး "
" မောင်မနာပါဘူး မောင်လို့ခေါ်လို့ရပါတယ် "
" ဟို ဟို ...."
" ဘာလဲမခေါ်ချင်လို့လား "
" မဟုတ်ပါဘူး ခေါ်ပါ့မယ် "
မြတ်ကအခုထိမောင်ရင်ခွင်ထဲကမထွက်သေး
" လွှတ်လို့ရပြီနော် ":မြတ်မှမောင့်ရင်ခွင်ထဲမှထွက်ကာအကျီကိုဆွဲကျနေလေတော့သည်
မောင်တို့လဲပစ္စည်းယူစရာရှိတာယူကာဆရာတပည့်နှစ်ယောက် ရုံးသို့ပြန်လာခဲ့ကျသည်

#ကျော့
အခုကစပြီးပုံမှန်တင်ပေးနိုင်အောင်ကြိုးစားပါမယ်ရှင့် ဒီကြားထဲအသည်းကွဲတာနဲ့အလုပ်ရှုပ်တာနဲ့ရောနေလို့ပါ😁

လိုအပ်တာရှိရင်အကြံပေးနိုင်ပါတယ်ရှင့်🤟🫶

You've reached the end of published parts.

⏰ Last updated: 5 days ago ⏰

Add this story to your Library to get notified about new parts!

အသက်တမျှသူWhere stories live. Discover now