01(ဆောင်းဟွန်းရဲ့ဘဝအစ)

187 20 5
                                    

မိုးရေထဲမှာပြေးလွှားနေရသောမင်းသမီးလေးတစ်ယောက်...လူဆိုးတွေရန်ကနေလွတ်အောင်လျင်မြန်စွာဂါဝန်ကြီးကိုမရင်းအနောက်တလှည့်လှည့်ကြည့်နဲ့‌ပြေးနေရတော့သည်...။

မညှာမတာလူဆိုး၊လူမိုက်ကြီးတို့ကလည်းအသေကိုပြေးလိုက်ပြီးမိ‌တာနဲ့သေအောင်အမဲဖြတ်ပစ်မယ်ဆိုတဲ့မျက်လုံးရဲရဲတောက်တောက်နဲ့လိုက်ဖမ်းနေ‌ခဲ့တယ်...။

ထိုစဉ်မှာပဲပုဝါစတစ်ခုနဲ့အအုပ်ခံလိုက်ရတဲ့အချိန်မှာမှောင်မိုက်တဲ့လောကကြီးထဲဆွဲခေါ်သွားသလိုခံစားလိုက်ရသော်လည်း

"ထွက်သွား!မဟုတ်ရင်သတ်ပစ်ဖို့ဝန်မလေးဘူး" ဆိုတဲ့အသံဟာပါဝါအရမ်းပြင်းပြီးလူ၅ယောက်အော်သံနဲ့သွားညီမျှနေခဲ့တော့တာပေါ့...။

ရင်ခုန်သံတွေမြန်နေတဲ့မင်းသမီးလေးအပေါ်ကပုဝါစလေးကိုဖယ်လိုက်ချိန်မှာအလင်းရောင်တစ်ခုသူ့ဘဝထဲရောက်လာသလိုမျိုးအရာအားလုံးလင်းလက်သွားတော့သည်...။

အရမ်းကိုချောမောလှတဲ့စစ်သည်တော်၅ယောက်ကသူ့အရှေ့မှာပြုံးပြီးရပ်နေခဲ့စဉ်လူမိုက်ကြီးတွေက

"မင်းတို့ကိုငါတို့ကဘာအတွက်ကြောက်ရမှာလဲ???လာလေစိန်လိုက်"

"ဟီးရိုးလုပ်ချင်နေတဲ့အကောင်တွေကိုပညာလေးပေးလိုက်မှနောက်ဟီးရိုးမလုပ်နိုင်မှာကိုကြီး"

"ဟားဟားဟားဟားမင်းစကားကိုကြိုက်တယ်တော်တယ်တော်တယ်တခြားသူတွေကော?"

"ကိုကြီးလုပ်ခိုင်းတာမှန်သမျှလုပ်မှာပါ!!!ကိုကြီးအီးစားခိုင်းရင်တောင်စားမှာပါကိုကြီး"

"တော်တယ်အရမ်းတော်တယ်ကဲ...ချ!!!!" ဆိုပြီးအမိန့်ပေးလိုက်တာနဲ့အမဲလိုက်မုဆိုးတွေဟာအရှိန်မြန်မြန်နဲ့ပြေးလာကြပြီးစစ်သည်တော်ထဲကထူးခြားလှတဲ့တစ်ယောက်ဟာမင်းသမီးလေးကိုသူ့အနောက်မှာရပ်စေခိုင်းပြီးလက်ကိုကိုင်ထားရင်းဖွက်ထားခဲ့တော့လေရဲ့...။

အသေအလဲတွေချ‌ပြီးချိန်မှာခေါင်းဆောင်ကထိုစစ်သည်တော်ဆီရောက်လာ၍

"မင်းက...ခေါင်းဆောင်ဖြစ်ပုံထောက်တယ်"

"ခင်ဗျားကအဲ့လိုတွေးပေမဲ့ကျုပ်အတွက်တော့ခင်ဗျားကအဆင့်အတန်းနှိမ့်သေးတယ်ယှဉ်ချဖို့အတွက်" ဆိုပြီးလှောင်လိုက်တော့လူမိုက်ကြီးလည်းဒေါသထွက်သွားကာ

Missed Only One Place of Many Hearts || All sunghoon 🐧🐶🦅🦌🐥🐈Where stories live. Discover now