🌀 လူတွေက ရုန်းလေ နစ်လေလို့ ပြောကြတဲ့
နွံအိုင်ထဲမှာ အချိန်ကြာလာတာနဲ့အလိုက် လှုပ်ရှားမှုတစ်ချက်ချင်းစီတိုင်းအတွက် စက္ကန့်တိုင်းမှာလည်း ရည်ရွယ်ချက်မပါပဲ နစ်မြှုပ်သထက် နစ်မြှုပ်မိစေနေမိမှာပဲ။
နွံမှာ အပြစ်မရှိ..သဘာဝဥပဒေတစ်ခုမျှသာ..
နစ်မွန်းတာ မဟုတ်တဲ့ နစ်မြှုပ်မှုမျိုးကို လိုလိုလားလား တောင့်တတာမို့ နွံအိုင်ငယ်လေးထဲ မိမိဆန္ဒအလျောက် ပျော်ပျော်ကြီး နစ်မြှုပ်ချင်မိတယ်.. ချစ်ဖို့အလိုလိုကောင်းတဲ့
ကိုယ့်ရဲ့ နွံလေးက မှဲ့လေးနဲ့လေ......Beep .. beep .. beep beep beep...
ဖုန်းကို အမြဲ Silent ထားထားတတ်တာ ဘယ်ကစမှန်း မမှတ်မိတော့တဲ့ ကျနော့်ရဲ့အကျင့်..
အကြောင်းပြချက်မဲ့ Phone ringing tone အသံကြားရင်ကို အလိုလို ဒေါသထွက်မိတတ်တာကြောင့် Silent ထားပြီး သုံးလာတာ အခု ၂၀၂၄ ဆို ၇ နှစ်ကျော်လာပြီ။"ဟုတ် mom"
"ဘယ်မှာလဲ သား အိမ်မှာလား"
"ဟုတ် ဘာလို့"
"အေး အမေ့ သူငယ်ချင်းလေ သား သိတယ်မဟုတ်လား အန်တီချိုလေ... အေး အဲ့ဒါ
သူ အခု အိမ်ကိုလာနေတာတဲ့...အမေ့ကို ဖုန်းဆက်တော့ အမေလဲ အပြင်ရောက်နေလို့ သူ့ကို အိမ်မှာပဲ စောင့်နေခိုင်းထားတယ် သိလား သား""ဟုတ်"
"သူ သားကို ဖုန်းဘာလုပ်ခိုင်းမို့လဲ မသိဖူး..
လုပ်တတ်ရင် သား လုပ်ပေးလိုက်ပါဦး...သနားပါတယ်..သူ့မှာလဲ သူ့ယောက်ျားက မလိမ်မာဝောာ့ စိတ်ထိခိုက်နေရှာတာ..အမေပြန်လာမယ်..သူ့ကို စကားလေး ဘာလေးပြောထားနော်..သူ စိတ်အရမ်းညစ်နေလို့ သားရေ..သူ စကားပြောရင်လဲ နားထောင်ပေးလိုက်..အမေ မကြာတော့ဖူး ပြန်လာတော့မှာ..နော် သား""အော.. ဟုတ်.. ဒါနဲ့ ဖုန်းက ဘာလုပ်ရမှာလဲ..သားလဲ သိပ်ကျွမ်းတာမဟုတ်ဖူး..မသိတာဆိုရင် လုပ်မတတ်ဖူးနော်"
"သူ့ ယောက်ျားက ကောင်မလေးတွေနဲ့စကားပြောထားတာ အဲ့ဒါ ဖျက်ထားဝာာတွေ ဝင်ကြည့်မှာဆိုလား..သူ လာရင်ပြောလိမ့်မယ်..ကြည့်ကျပ်ပီး လုပ်တတ်ရင် ကူညီပေးလိုက်ဦး..နော်...သား...ကြားလား"
"အော ဟုတ်ဟုတ်..ကြည့်လိုက်မယ် လုပ်တတ်ရင် လုပ်ပေးလိုက်မယ်လေ"