"သား မေမေ့ လက်ကို ကိုင်ထား ကားတွေက ရှုပ်တယ်"
"ဟုတ်မေမေ" မြို့လမ်းမေပါ် မှာ၅နှစ်အရွယ် ကောင်လေးကို သူ့အမေကပြောနေသည်
"မေမေ ဖေဖေက ဘာလို့ သားတို့ကို အိမ်ပေါ်က နှင်ချတာလဲ"
အမျိုးသမီးမျက်နှာဟာ အတော်ပျက်ယွင်းသွားတာကို ၅ နှစ်အရွယ်ကောင်လေးကတော့ မသိလိုက်ပေ
" ဒီမှာ သေချာ နားထောင်သားဖေဖေက နှင်ချတာ မဟုတ်ပါဘူး မေမေတို့က ရွာပြန်တော့မှာမလို့ ဖွားဖွားဆီပြန်မှာမလို့ပါ"
"ဖွားဖွား ကပြောတော့ ဒီမှာ တစ်သက်လုံးနေရမှာဆို"
"ဖွားဖွားက သားကို စလိုက်တာနေမှာပါ"
ကလေးတစ်ယောက်ကို လိမ်ပြောလိုက်ရတဲ့အတွက် အမျိုးသမီးစိတ်ထဲမှာ ဘဝင်တော့ ကျမနေပါ
ရုတ်တရက် ကောင်လေးရဲ့လက်ကို သူ့အမေက ဖြုတ်ချသွားပြီး ကားလမ်းဘက်ကို ပြေးသွားသည်
"ကျီးးး ဒုန်းးးး"
ထို အမျိုးသမီးဟာ ကားတိုက်တော့မည့် ကလေးမကို ကယ်နိုင်လိုက်ပေမယ့် သူမကတော့လမ်းမထက် သွေးအိုင်ထဲမှာ လဲနေရသည်
ကောင်လေးဟာ သူ့အမေဆီကို သွားပြီး လှုပ်နှိုးပေမယ့် သူ့အမေကတော့ နိုးမလာ
လူတွေ ဝိုင်းအုံလာပြီး ကောင်လေးအမေရယ် ကောင်လေးရယ် သူ့အမေ ကယ်ခဲ့တဲ့ ကလေးမက သတိလစ်သွားတာကြောင့် ထိုကလေးမကိုပါ ဆေးရုံသို့ တစ်ခါတည်းခေါ်လာလိုက်သည်
အရေးပေါ် အခန်းထဲကို သူ့အမေက ဝင်သွားတာကြောင့် ပြန်ထွက်လာမည့် အချိန်ကို စောင့်နေသည့် ကောင်လေးတစ်ယောက် ထိုအချိန် ယောင်္ကျားတစ်ယောက်က ကောင်လေးနား ရောက်လာပြီး
"သားရုံ "
"ဟာ ဦးဦး"
"မင်းက ဘာလို့ ဒီကို ရောက်နေတာလဲ"
"မေမေ အဲ့အခန်းထဲ ဝင်သွားလို့" အရေးပေါ် အခန်းဘက်ကို လက်ညှိုးထိုးပြလိုက်သည်
"ဟင် ..."
"သားရုံ ဒီမှာ ခန နေဦးနော် ဦးဦးခနနေ ပြန်လာမယ်""ဟုတ်"
YOU ARE READING
ဗီလိန် (Villain)
Romance"ကျွန်မ ဘဝမှာ အမုန်းဆုံးက ရှင်ပဲ နှောင်းမဏိရှိန်" (နေဝင်ဆည်းဆာ) ဤဇာတ်လမ်းသည် စာရေးသူ၏ စိတ်ကူးယဉ် ဇာတ်လမ်းတစ်ပုဒ်သာဖြစ်သည်