ရာရာ အမေတို့ကိုလွမ်းလို့သာအိမ်ကိုပြန်အိပ်မိပေမယ့်
အမေပြောတဲ့စကားအတိုင်း ပြန်စဉ်းစားကြည့်လိုက်တဲ့ အခါ ရာရာ မှားနေမှန်းသေချာသည်။
ဒါကြောင့် မနက်စောစောမနက်စာစားပြီးဒါနဲ့အိမ်ကိုပြန်ဖို့လိုင်းကားစီးလာခဲ့သည်။ရာရာတို့အိမ်အသစ်လေးဟာ အရင်အိမ်နဲ့ဘယ်လောက်မှမဝေးတာမို့အဆင်ပြေပါသည်။မှတ်တိုင်ရောက်တော့ ရာရာဆင်းပြီးလမ်းလျှောက်လာသည်။
မနေ့ကတော့ကိုယ့်ကားနဲ့ကိုယ်လာတာမို့လို့လမ်းကအဆင်ပြေသည်။
ဒါပေမယ့်ဒီနေ့ကျတော့ရရာတစ်ယောက်တည်းဘယ်ကိုသွားရမှန်းမသိ။
ဘယ်ကနေဝင်ရမှန်းလည်းမသိ
မသက်သာတဲ့အဆုံး ဖုန်းမဆက်ချင်ပေမယ့် မင်းသွေးဆက်ပိုင်ဆီကို ဖုန်းဆက်လိုက်သည်။"Hello ကိုမင်းသွေး နိုးပြီလား"
"ပူတူးလေး ကိုယ်နိုးပြီ အိမ်ပြန်လာတော့မလား ကိုယ်လာကြိုမယ်လေ"
"ရာရာလမ်းထိပ်ရောက်နေပြီဒါပေမယ့်ဘယ်လမ်းကနေအိမ်ကိုလာရမှန်းမသိလို့ခေါ်ပေးပါလား"
"လမ်းထိပ်တောင်ရောက်နေပြီလားကိုယ့်ကိုဘာလို့ကြိုပြီးဖုန်းမဆက်တာလဲ ကိုယ်လာကြိုမှာပေါ့"
"ရပါတယ်သွားတတ်အောင်လို့လိုင်းကားပဲစီးပြီး ပြန်လာလိုက်တာ"
"ကိုယ် အခုထွက်လာပြီမလို့မှတ်တိုင်မှာပဲခဏစောင့်နော်"
"ဟုတ်ကိုမင်းသွေး"
ရာရာလည်းသူ့အလာကိုစောင့်နေလိုက်သည်။
ခဏကြာတော့လမ်းထဲကနေပြီးတော့မင်းသွေးထွက်လာပြီး"အခုမှနိုးတာလားကိုမင်းသွေး"
"ဟုတ်တယ်ကိုညကနည်းနည်းများသွားလို့"
"ဘာလို့သောက်နေတာလဲ"
"ကိုယ်ချစ်တဲ့ကောင်မလေးကိုလက်ထပ်ခွင့်ရလို့ပျော်လို့ပါ"
"ဟုတ်လို့လား ရာရာအိမ်ပြန်မလာလို့လားဟင်"
"မဟုတ်ပါဘူးကွာ ဒါနဲ့မနက်စာဘာစားပြီးသွားပြီလဲ"
"အိမ်ကနေတော့ ပေါင်မုန့်စားလာတယ်"
"ဒါဆိုရင်ဘာစားမလဲ
ဒီနားမှာရှမ်းခေါက်ဆွဲကောင်းတဲ့ဆိုင်ရှိတယ်"